တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌနှင့် အမြဲစိမ်းအမျိုးသမီးအဖွဲ့ တွေ့ဆုံ

 

ပေါက်ခေါင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာ ဒုတိယ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ထားထား နု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ ပေါက်ခေါင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ပေါက်ခေါင်းမြို့နယ် ရပ်သစ်အုပ်စု ဆည်တော်ဦးရွာ (အမြဲစိမ်း) အမျိုးသမီး အဖွဲ့နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံစကားပြောကြားပြီး တိုင်းပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ထားထားနုက ဆပ်ပြာရည်လုပ်နည်းကို လက်တွေ့သင်ကြားကာ ဆပ်ပြာရည်ဗူးများအား ပေးအပ်ခဲ့ပါသည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာလှုပ်ရှားမှု ပြုလုပ်

 

ရန်ကုန် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ် သည့်အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက် ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်းဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသ ချက်ပြုတ်ပြုလုပ်ခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

Read more

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ကျင်းပ

 

တန့်ယန်း သြဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာအုပ်စု၊ လုံးပုံးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးကျော်လှိုင်၊ အမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာ ခွဲမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တာဆီးရေးလုပ်ငန်း၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းခဲ့မှုများအပေါ် ဆွေးနွေးညှိနှိုင်းသည့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ဆွေးနွေးပြီးနောက် လုံးပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ဆုံးရှုံးမှုအတွက် တန့်ယန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ နှစ်သိန်းကျပ်တိတိ ( ၂၀၀၀၀ဝိ/- ) အား လှူဒါန်းခဲ့ကြပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ပဲခူး သြဂုတ် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့သည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို မန်ယူက ကမ္ဘ့ာစံချိန်တင်ကြေး ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူ

မန်ချက်စတာယူ နိုက်တက်က လက်စတာစီးတီးမှ အင်္ဂလန်ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို  ကမ္ဘာ့စံချိန်တင် ကြေးပေါင်သန်း ၈၀ ဖြင့် ခေါ်ယူခဲ့ သည်။ မက်ဂွိုင်းယား (၂၆) နှစ် သည် အိုးလ်ထရက်ဖို့ဒ်တွင် ခြောက်နှစ်စာချုပ်လက်မှတ်ရေး ထိုးပြီး နောက်ထပ်တစ်နှစ်သက် တမ်းတိုးရန် သတ်မှတ်ချက်တစ် ရပ်လည်း စာချုပ်၌ ပါဝင်သည်။ မက်ဂွိုင်းယား၏ ပြောင်းရွှေ့ ကြေးက ၂၀၁၈ ဇန်နဝါရီတွင် ဆောက်သမ်တန်မှနယ်သာလန် နောက်ခံလူ ဗန်ဒိုက်စ်ကို လီဗာ ပူးက ပေါင် ၇၅ သန်းဖြင့်ခေါ်ယူသော စံချိန်ကို ချိုးဖျက်ကာ စံချိန် သစ်တင်ခဲ့သည်။

Read more

နာမည်ကြီး နပန်းကစားသမား The Rock အနားယူကြောင်း ကြေညာ

WWE နပန်းပြိုင်ပွဲရဲ့ နာမည်ကြီးတယောက်ဖြစ်တဲ့ The Rock ဟာ နပန်းကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ စမတ်ဒေါင်းပြိုင်ပွဲ လူသိများ အောင်မြင်ခဲ့ချိန်မှာ ပရိသတ်အသည်းစွဲ ကစားသမားဖြစ်ခဲ့တဲ့ The Rock ဟာ အနားယူခဲ့ပေမယ့်လည်း WWE ပွဲတွေကို သံယောဇဉ်မကုန်သေးတဲ့ ပုံစံ ဖြစ်နေပြီး စိတ်ပြောင်းချိန်မှာ ပြန်ကစားမယ့် အခြေအနေ ရှိနေပါတယ်။

Read more

ကက်ရှ်မီးယားကို အထူးအုပ်ချုပ်ခွင့်ရဒေသ ပေးထားမှုအား အိန္ဒိယ အစိုးရ ရုပ်သိမ်း

အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသရဲ့ အထူးအုပ်ချုပ်ခွင့် အဆင့်အတန်းကို သြဂုတ် ၅ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ မွတ်စလင်အများစုနေထိုင်ရာ ဒေသကို ကျန်ဒေသတွေနဲ့ တစုတစည်းတည်းရှိစေဖို့ ရည်ရွယ်တယ်လို့ ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

Read more