ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံမြို့နယ် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဖျာပုံ သြဂုတ် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် နှင့် ဒေါက်တာ မြတ်မြတ်အုန်းခင်တို့သည် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်၊ ရပ်/ ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီအလုပ်အမှုဆောင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီ တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ဆိပ်ကြီး ခနောင်တိုမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

Read more

ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေးအတွက် စပါးသဘောတူညီမှုရ

စပါးအသင်းသည် ဂျူဗင်တပ် ကွင်းလယ်တိုက်စစ်မှူး ဒိုင်ဘာလာ အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမန်ယူနှင့်အပြောင်းအရွှေ့ ကိစ္စများ ပျက်ပြယ်ခဲ့ပြီးနောက် ဒိုင်ဘာလာကို ခေါ်ယူရန်စပါးက ပြန်လည်ကြိုးစားလာ ခြင်းဖြစ်သည်။

Read more

အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် ဆရီနာဝီလျံထိပ်ဆုံးမှရပ်တည်

အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဆရီနာဝီလျံသည် နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုရရန် ရုန်းကန်နေရသော်လည်း ၄င်း၏ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ သန်းခန့်ရှိနေသေးသည်။

၎င်းနောက်တွင် ဂျပန်တင်းနစ်မယ် နာအိုမိအိုဆာကာက ၂၄ ဒသမ ၃ သန်းဖြင့် ရပ်တည်နေသည်။ ကစားသမားများ၏ လစာ၊ ဆုကြေးနှင့်အခြားစပွန်ဆာဝင်ငွေများကို တွက်ချက်၍ Forbes မှ ထုတ်ပြန်ခြင်းဖြစ်သည်။ Ref ; Reuters

Read more

မြောက်ကိုရီးယား ဆိုက်ဘာထိုးဖောက်မှု၊ ဒေါ်လာ ၂ ဘီလျံအထိ ခိုးယူခံရ

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားဒုံးကျည် အစီအစဉ်အတွက် ဆိုက်ဘာအင်တာနက် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုတွေကို အသုံးပြုပြီး၊ ဘဏ်တိုက်တွေနဲ့ လျှို့ဝှက်ငွေကြေးလွှဲပြောင်းမှုတွေကနေ အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ ခိုးယူခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဖော်ပြကြောင်း AFP သတင်းက ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အကြီးစားထိုးဖောက်မှု အနည်းဆုံး ၃၅ ခုကို ကုလသမဂ္ဂက စုံးစမ်းနေပါတယ်။ ဒါပေမဲ့ အဲဒီ ထိုးဖေါက်ဝင်ရောက်မှုတွေကို ခြေရာခံဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

သြဂုတ် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၇-၈-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ လှုပ်ရှားမှုပြုလုပ်

 

ရန်ကုန် ၊သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ်သည့် အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက်ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်း ဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသပြုလုပ်ခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ သြဂုတ် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

Read more