ပြည်ခိုင်ဖြိုးပါတီမှ ပြွန်တန်ဆာမြို့မ (၁) အောက်စု အရပ်တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

 

မတ် ၁၈၊ ညောင်လေးပင်

ပြည်သူများ၏ ဆေးဝါးကူညီလှူဒါန်းမှုများဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများအား ၁၈-၃-၂၀၂၀ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မ (၁) အောက်စုအရပ်တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။

ဆေးကုသစောင့်ရှောက်ပေးမှုများနှင့်အတူ ပြည်သူများအား Corona Virus အခြေအနေအမှန်များနှင့် ဆောင်ရွက်ရန် ကိစ္စအရပ်များ၊ ရှောင်ရန်အကြောင်းအရာများကိုလည်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

မတ်​(၁၈)၊ရမည်းသင်း

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်​က ရမည်းသင်း ခရိုင်​ပါတီရုံးခန်းမတွင်​ ရမည်းသင်းခရိုင်​နှင့်​ ခရိုင်​အတွင်းရှိမြို့ နယ်​ပါတီများမှ တာဝန်​ရှိသူများနှင့်​ တွေ့ဆုံ ခဲ့သည်​။

တွေ့ဆုံရာတွင်​ ရမည်းသင်းခရိုင်​၊ ရမည်းသင်းမြို့နယ်​နှင့်​​ ပျော်​ဘွယ်​မြို့နယ်​တို့မှ ပါတီတာဝန်​ရှိသူများက တစ်ဦးချင်း မိတ်​ဆက်​စကားများ ​ပြောကြားခဲ့ပြီး​နောက်​  ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။

Read more

ပါတီဗဟိုအတွင်းရေးမှူး တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဆေးကုရာသို့ သွားရောက်အားပေး

 

ရန်ကုန် မတ် ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက သဘော့ချောင်း ကျေးရွာ၊ ရေဓနဲရိကျေးရွာအတွင်း ရေကျော်ကျေးရွာ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရသည်။

Read more

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မာနေး လှူဒါန်း

လီဗာပူးတိုက်စစ်မှူးမာနေးလ်သည် မိခင်နိုင်ငံဖြစ်သည့်ဆီနီဂေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ အား ကာကွယ်တားဆီးသည့် အစီအစဉ်များတွင် အသုံးပြုရန်အတွက် ပေါင်လေးသောင်းလှူဒါန်းခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ မာနေးလ်သည် ပေါင် လေးသောင်းအား ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုများအား ဟန့်တားသည့်အစီအစဉ်များ ဖော်ဆောင်လျက်ရှိသည့်ကော်မတီသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မာနေးလ်သည် ယခင်ကလည်း ဆီနီဂေါနိုင်ငံအတွင်း၌ ကျောင်းများ၊ ဆေးရုံများ ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် လိုအပ်သောငွေကြေးများကို လှူဒါန်းခဲ့ဖူးသူဖြစ်သည်။ မာနေးလ်က နိုင်ငံအတွက် အမှန်တကယ် လိုအပ်သောအခြေအနေဖြစ်သောကြောင့် လှူဒါန်းခဲ့ခြင်းဖြစ်ကာ ထပ်မံလှူဒါန်းမည်ဟု ပြောသည်။ Skysports

Read more

ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ပစ္စည်းများ လှူဒါန်း

 

MARCH 17

ရခိုင်ပြည်နယ်​ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊​ ကျောက်​​တော်​မြို့နယ်​တို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ယ​နေ့ မတ်​ ၁၇ ရက်​နေ့ နံနက်​ပိုင်း က ​ လှည်းကူးမြို့နယ်၊ ကလီ​ထော်​အ​နောက်​​ကျေးရွာအုပ်​စု၊ ကိုက္ကို​တောင်​​ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဒေးဒရဲမြို့နယ် ရပ်ကျေးဥက္ကဋ္ဌများ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ မတ် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ နယ်မြေခံပါတီ ကော်မတီဝင်များက မိမိနယ်မြေ များအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှုအခြေအနေများ၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ မူဝါဒ များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

Read more

ပြည်သူ့အတွက် အာမခံချက်

 

* အလုပ်မားများ၏ အနိမ့်ဆုံးလစာသတ်

မှတ်ချက်ကို ဖြစ်ပေါ်နေသည့်လူနေမှု

စရိတ်နှင့် လိုက်လျောညီထွေရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးမည်။


Read more

ဥရောပ၏ တန်ဖိုးအရှိဆုံးအသင်းအဖြစ် လီဗာပူးရပ်တည်

ဥရောပထိပ်သီးလိဂ်ငါးခု အပြောင်းအရွှေ့ဈေးကွက်အတွင်း လီဗာပူးအသင်းတွင် တန်ဖိုး အရှိဆုံး ကစားသမား များကို ပိုင်ဆိုင်ထားကြောင်း သုတေသနအ ဖွဲ့ CIES ဘောလုံးလေ့လာရေးအ ဖွဲ့က ဖော်ပြသည်။

Read more

ရုပ်/သံဝင်ငွေကြောင့် ပရီးမီးယားလိဂ်ပွဲများမဖြစ်မနေ ပြန်ကစားရမယ့်အခြေအနေဖြစ်နေ

ပရီးမီးယားလိဂ်အသင်းတွေဟာ ရုပ်/သံကုမ္ပဏီတွေဆီက ပေါင်သန်း(၇၅၀)ရဖို့အတွက် လက်ကျန်ပွဲအားလုံးကို မဖြစ်မနေကစားရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်အကြီးအကဲတွေ၊ ကလပ်အသင်းကိုယ်စားလှယ်တွေနဲ့ BT Sport၊ Sky Sportsရုပ်/သံကုမ္ပဏီကြီးတွေဟာ မကြာခင် သီးခြားအစည်းအဝေးပွဲကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။ ရုပ်/သံဝင်ငွေခွဲတမ်းတွေအရ ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ဒီရာသီမှာ တစ်သင်းကို ပေါင်(၃၇)သန်းစီရဖို့ ရှိပါတယ်။ ဒါပေမယ့်လုံလောက်တဲ့ပွဲအရေအတွက် ထုတ်လွှင့်ခွင့်မရရင်တော့ တစ်သင်းကို ပေါင်(၃၇)သန်းစီ ပေးမယ့်အစီအစဉ်ကို ရုပ်/သံကုမ္ပဏီတွေဘက်က ပယ်ဖျက်ဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ ဒါကြောင့် လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေပေမယ့် ထိန်းချုပ်နိုင်တဲ့အဆင့်တစ်ခုကို ရောက်ရင် အရင်ကွင်းပိတ်ပြီး ပရီးမီးယားလိဂ်ပွဲတွေ စတင်ကစားရဖို့ရှိနေပါတယ်။ Skysports

Read more