ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ် ၂၃ ၊ ဟားခါး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဟားခါးမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်း သားများ နေထိုင်ရာကျေးရွာများမှ ဒေသခံများအား ယမန်နေ့ မွန်းလွဲပိုင်းက ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

Read more

ပြည်သူ့အတွက် အာမခံချက်

 

* နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းများ၌ အမျိုးသားအကျိုးစီးပွားကို ထိခိုက် စေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ဆောင်ရွက် သွားမည်။


Read more

စူဇူကီးကားစက်ရုံသစ် မြန်မာပြည်မှာ ဖွင့်မည်

ဂျပန်နိုင်ငံ အခြေစိုက် Suzuki ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ နောက်ထပ် ကားစက်ရုံ အသစ်တခု ဖွင့်လှစ်ဖို့ရှိနေကြောင်း မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကား ပစ္စည်းတင်ဆင်ဖို့ ဂဟေဆော်ပြီးဆက်တာ၊ အရောင်မှုတ်ဖို့နဲ့ ကားတစီးလုံးအပြီးအစီးတပ်ဆင်နိုင်တဲ့ စက်ရုံအသစ်မျိုး တည်ဆောက်မှာ ဖြစ်တယ်လို့ Suzuki သီလ၀ါ မော်တော်ကားကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Read more

မန်ယူတစ်လတာ အကောင်းဆုံးဆုကို ဖာနန်ဒက်စ်ဆွတ်ခူး

ယခုလအတွက် မန်ယူ၏ တစ်လတာအကောင်းဆုံး ကစားသမားဆု ကို ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က ဆွတ်ခူးရရှိသွားခဲ့သည်။ ဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကို ဆွတ်ခူးရရှိထားသူဖြစ်သည်။

Read more

COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး လီဝမ်ဒေါစကီးက ယူရိုတစ်သန်း လှူဒါန်း

COVID-19 ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရန် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးနှင့် ၎င်း၏ဇနီးအန်နာက ယူရိုတစ်သန်း လှူဒါန်းသည်။

ဘိုင်ယန်မြူးနစ်အသင်းဖော် များဖြစ်သော လီယွန်ဂိုရက်ကာ နှင့် ဂျိုရွှာကင်မစ်ခ်ျတို့က We Kick Corona ဟုခေါ်သည့် ရန်ပုံ ငွေတစ်ရပ် ထူထောင်ပြီး ၎င်းတို့ နှစ်ဦးပေါင်း ယူရိုတစ်သန်း လှူ ဒါန်းသည်။

Read more

“ပြည်သူ့အတွက် အာမခံချက်”

 

* တောင်သူလယ်သမားရေးရာ ၀န်ကြီးဌာန  ချက်ချင်းဖွဲ့စည်းမည်။

လယ်ယာစိုက်ပျိုး ရေးကဏ္ဍနှင့် တောင်သူလယ်သမားများ၏

အရေးအရာ အားလုံးကို ထိရောက်စွာ  ဖြေရှင်းဆောင်ရွက်ပေးမည်။


Read more

COVID-19 ကြောင့် လူသေဆုံးမှုတွင် အီတလီက တရုတ်နိုင်ငံကို ကျော်သွားပြီ

ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် အီတလီနိုင်ငံရဲ့ လူသေဆုံးမှုအရေ အတွက်ဟာအများဆုံးဖြစ်သွားပြီလို့ အခုလ(၁၉)ရက်က ကျန်းမာရေးဌာနက ကြေညာခဲ့ပါတယ်။

လူသေဆုံးမှုဟာ တစ်ရက်တာအတွင်း (၄၂၇)ယောက်ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ(၃၄၀၀)ကျော်ရှိသွားပါပြီ။ တရုတ်နိုင်ငံမှာ လူသေ ဆုံးမှု စုစုပေါင်း(၃၂၄၈)ယောက်ရှိခဲ့တာပါ။ အခုလို သေဆုံးနေမှုအပေါ် ကျန်းမာရေးဝန်ထမ်းတွေက စိတ်မ ချမ်းမသာဖြစ်နေကြပြီး၊ အရေးပေါ်အခြေအနေနဲ့နိုင်ငံကိုပိတ်ထားတဲ့ အတိုင်းအတာကို ဆက်တိုးမြင့်ဖို့ အစိုးရက ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

Read more

ဇူလိုင်လမှာ ဂျက်စတင်ဂေချီနဲ့မက်ဂရီဂေါ်တို့ ထိုးသတ်ဖွယ်ရှိ

အိုင်ယာလန်နိုင်ငံသား ကော်နာမက်ဂရီဂေါ်ဟာ ဇူလိုင်လ(၁၁)ရက်နေ့မှာ အမေရိကန်နိုင်ငံသား ဂျက်စတင်ဂေချီနဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက ဆာရိုနီကိုအနိုင်ရခဲ့တဲ့ပွဲဟာ မက်ဂရီဂေါ် နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

မက်ဂရီဂေါ်နဲ့ ဂေချီတို့ရဲ့ ပွဲဖြစ်လာနိုင်တဲ့အပေါ် မက်ဂရီဂေါ်ရဲ့ နည်းပြဖြစ်သူက အရိပ်အမြွက် ပြောသွားခဲ့တာဖြစ်ပါတယ်။ မက်ဂရီဂေါ်နဲ့ ဂေချီတို့ဟာ လက်ရည်မျှသူတွေဖြစ်ကြလို့ ဒီပွဲသာဖြစ်လာခဲ့ရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေ သဘောကျပါလိမ့်မယ်လို့လည်း သူကပြောသွားခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပါတီတာဝန်ရှိသူများမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ကျခံရသည့် ဦးတင်စိုး၏ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြား

 

မတ် ၁၈၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့သွားရောက်ပြီး ၁၃ရက်နေ့တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ချမှတ်ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ နေအိမ်သို့ သွားရောက်ပြီး မိသားစုဝင်များအား တွေ့ဆုံကာ အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပါသည်။

Read more