COVID-19 စည်းမျဉ်းချိုးဖောက်သော တရုတ်ယူ-၁၉ ကစားသမားများ ကစားခွင့်ခြောက်လ ပိတ်ပင်ခံရ

COVID-19 ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်း စည်း ကမ်းများ ချိုးဖောက်၍ ညဉ့်နက်ပိုင်းထွက်ကာ အရက် သောက်သည့် တရုတ်ယူ-၁၉ ကစားသမားခြောက်ဦးကို ကစားခွင့်ခြောက်လ ပိတ်ပင် သည်။

ယင်းကစားသမားခြောက်ဦးကို တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA)က နိုဝင်ဘာအထိ ကစားခွင့် ဆိုင်းငံ့ခဲ့သည်။

ထို့အပြင် ယင်းကစားသမားခြောက်ဦးကို  သက်ဆိုင်ရာကလပ် အသင်းများကလည်း သီးခြားစီပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္ထိစာသင်တိုက်သို့ လှူဒါန်းမူများ ပြုလုပ်

 

ဇွန်လ (၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းခြင်း အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိ ယတ္ထိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ လ္ဘက်ခြောက်နှင့် န၀ကမ္မ၀တ္ထုငွေများ လှူဒါန်းခဲ့သည်။

Read more

ကမ္ဘာ့ကပ်ရောဂါအတွင်း Zoom ကုမ္ပဏီ၏ ရောင်းအား သိသိသာသာမြင့်တက်

ဆန်ဂျိုးစ်- ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင့် လူသန်းပေါင်းများစွာ အွန်လိုင်းမှ အလုပ်လုပ်နေကြရစဉ် ဗီဒီယို ဆက်သွယ်ရေးကုမ္ပဏီ Zoom ၏ ဆော့ဖ်ဝဲအသုံးပြုမှုများ ဧပြီက အဆ ၃၀ မြင့်တက်ခဲ့သည်။

အသုံးပြုမှု အများဆုံးအချိန် က အွန်လိုင်းဆွေးနွေးမှုများတွင် နေ့စဉ်ပါဝင်သူ သန်း ၃၀၀ ကျော် ရှိခဲ့ပြီး အခပေးသုံးသော ဖောက်သည်များ သုံးဆကျော် မြင့်တက် ခဲ့သည်။

Read more

၅ ရက်အတွင်း လူပေါင်း ၂,၅၀၀ ခန့် အဖမ်းခံရပြီးနောက် လော့အိန်ဂျလိစ်မြို့၌ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

Read more

ပြည်သူလွှတ်တော်ကိုယ်စားလှယ်မှ ပရဟိတအသင်းများအား PPE ဝတ်စုံများလှူဒါန်း

 

ဇွန် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်ပရဟိအသင်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကို အခြေခံသော စီပွားရေးလုပ်ငန်းများ (၃)လပတ်သီနှံများအား စိုက်ပျိုးကြရန် ပညာပေးလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပရဟိတအသင်းများ အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းများမှ လက်ခံရယူခဲ့ကြပါသည်။

Read more

နောက် လာမယ့် လွှတ်တော်၊ အစိုးရတွေမှာ သမိုင်းအထောက်အထားဖြစ်ပြီး ထိန်းကျောင်းနိုင်ဖို့ ဖြစ်တယ်လို့ဆို

 

နေပြည်တော်၊ ဇွန် ၁

လွှတ်တော်ဥက္ကဌ တာဝန်ရုပ်သိမ်းရေးအဆို မအောင်မြင်ပေမယ့် နောင်လာမယ့်လွှတ်တော်တွေ အစိုးရတွေ အတွက် သမိုင်းအထောက်အထား ဖြစ်ပြီးတော့ အားလုံးဝိုင်းဝန်းထိန်းကျောင်း ညှိနှိုင်းဆောင်ရွက်သွားနိုင်ဖို့ တိုက်တွန်းတယ်လို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချူပ်မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ ရုပ်သိမ်းရေး အဆိုတငသွင်းခဲ့တဲ့ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

Read more

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော် ဇွန် ၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ယနေ့ မွန်းလွဲ ၃နာရီတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးသောင်းအေး၊ ဦးမောင်မြင့်၊ ဒေါက်တာမောင် သင်းနှင့် ဦးစိုင်းထွန်းစိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး မီဒီယာများ၏မေးမြန်း ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအား ညနေ ၄နာရီ ၁၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ရှင်းလင်းပွဲဆွေးနွေးချက်များအား ဆက်လက် ဖော်ပြပါမည်။

Read more

ဆန္ဒပြပွဲတွေကိုင်တွယ်ပုံပျော့ညံ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Trump ဝေဖန်

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်Minneapolis မြို့မှာ လူဖြူရဲတပ်ဖွဲ့ဝင် တဦးကြောင့် လူမည်း အမျိုးသား တဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတ၀န်း ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ ၆ ည ဆက်တိုက် ပရမ်းပတာ ဆန္ဒပြပွဲတွေ ဖြစ်နေတာမှာ ဆန္ဒပြသူတွေကို ဖမ်းဆီး ဖြိုခွဲဖို့ သမ္မတ Donald Trump က တောင်းဆိုလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ပျော့ညံ့တယ်လို့လည်း တနလာင်္နေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

Read more

ပြန်လည်စတင်မည့် လာလီဂါပွဲစဉ်များကို ကြေညာ

COVID-19 ကြောင့် သုံးလခန့် ရပ်ဆိုင်းရပြီးနောက် ဘာစီလိုနာက လက်ရှိလာလီဂါ ချန်ပီယံဘွဲ့ကာကွယ်ရေး ကြိုး ပမ်းမှုကို ဇွန်လ ၁၃ ရက်တွင် မာ ယော့ကာအသင်း၏ကွင်းသို့ သွား ရောက်ကစားရင်း စတင်ရမည် ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်က ဇွန်လ ၁၄ရက်တွင် အီဘာကို ဘာနေဗျူး ကွင်း၌ လက်ခံကစားမည်ဟု လာလီဂါက ကြေညာသည်။ 

Read more