ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အားလှူဒါန်း

 

(၃၁-၅-၂၀၂၀)
ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်မြို့နယ်ဆေးရုံ၊ ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ မဒေါက်တိုက်နယ် ဆေးရုံနှင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အား (၃၁.၅.၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀နာရီ) တွင်  ညောင်လေးပင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဦးသောင်းဒန်ဦးထံသို့ သွားရောက်၍ လှူဒါန်းခဲ့ပါသည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ ထပ်မံလှူဒါန်း

 

အမရပူရ၊​မေ(၃၁) သုတ(မန္တလေး)

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid-19 ​ရောဂါကြိုတင်​ကာကွယ်​တာဆီးနိုင်​​ရေး လုပ်​ငန်းများကို စဉ်​ဆက်​မပြတ်​ ​ဆောင်​ရွက်​လျှက်​ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ​ကျေးလက်​​ကျန်းမာ​ရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ သွားရောက်လှူဒါန်းခဲ့သည်။

Read more

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုး ပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း

 

မေ ၃၁၊ မှော်ဘီ

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း ခဲ့ပါသည်။

Read more

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ သမိုင်းတစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမား အဖြစ် စံချိန်တင်

နာမည်ကြီး ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာသည် ၂၀၁၉ သြစတြေးလျ အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပန်ပစိဖိတ်အိုးပင်းနှင့် တရုတ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲသာ ချန်ပီယံဆုထပ်မံရယူနိုင် ခဲ့သော်လည်း ကမ္ဘာကျော် တင်းနစ် အေဂျင်စီ IMG နှင့် လက်တွဲခွင့်ရခဲ့သလို Nike၊ Nissan Motor၊ Shiseido၊ Yonex စသည့်ကုမ္ပဏီ များနှင့်လည်း တစ်နှစ်လျှင် ဒေါ်လာ သန်းချီတန်ဖိုးရှိသည့် စပွန်ဆာစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ၄င်းသည် သမိုင်း တစ်လျှောက် တစ်နှစ်ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

Read more

သမ္မတထရမ့်အစိုးရကို သမ္မတဟောင်း အိုဘားမား ဝေဖန်

လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကို လူသိရှင်ကြား ပြစ်တင်ဝေဖန်မှုအဖြစ် အများက မှတ်ယူထားသော ပြောဆိုမှုအ တွင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက COVID- 19 ကမ္ဘာ့ကပ်ရောဂါကို အမေရိ ကန်အစိုးရ၏ တုံ့ပြန်ပုံအား ဝေ ဖန်သည်။

ရောဂါပျံ့နှံ့မှုကြောင့် ပိတ်ဆို့ထားသဖြင့် ဘွဲ့နှင်းသဘင် မကျင်းပနိုင်ဖြစ်ရသော အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အွန်လိုင်းမှ မိန့်ခွန်း ပြောကြားမှုနှစ်ခုအတွင်း အိုဘားမားက ဝေဖန်ခြင်းဖြစ်သည်။

Read more

Chinese 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ခြောက်ပွဲဆက် အနိုင်ရကာ ဒုတိယအဆင့် တက်ရောက်

တရုတ်နိုင်ငံတွင် ကျင်းပနေသည့် Chinese 8 Ball ပြိုင်ပွဲ ဆဋ္ဌမပွဲစဉ်တွင် မြန်မာ့လက်ရွေး စင် ကစားသမား ဘုန်းမြင့်ကျော် သည် တရုတ်ကစားသမား ဝူကျန် ယုကို အနိုင်ရပြီး ခြောက်ပွဲဆက် နိုင်ပွဲဆက်ကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Read more

ခါဘစ်နဲ့ဖာဂူဆန်တို့ရဲ့ယူအက်ဖ်စီပွဲစဉ်ကို(၅)ကြိမ်မြောက်ဖျက်သိမ်း

ရှုံးပွဲမရှိသေးတဲ့ UFC ဟဲဗီးဝိတ်ချန်ပီယံခါဘစ်က သူအကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ အမေရိကန်ဖိုက်တာ တိုနီဖာဂူဆန်နဲ့ပွဲကို (၅)ကြိမ်မြောက်ဖျက်သိမ်းလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ခံပညာပေါင်းစုံအသုံးပြုနိုင်တဲ့ UFC ပွဲစဉ်(၂၄၉)အဖြစ် ဧပြီ(၁၈)ရက်နေ့မှာ ထိုးသတ်ဖို့စီစဉ်ထားတာပါ။

ကျင်းပမယ့် နယူးယော့မြို့မှာ ကိုရိုနာဗိုင်းရပ် အန္တရာယ်ရှိနေလို့ ဖျက်သိမ်းလိုက်တာပါ။ လောလောဆယ်မှာတော့ ခါဘစ်ဟာ သူ့ဇာတိမြေရုရှားမှာရှိနေပြီး ခရီးသွားလာလို့လည်း မရသေးပါဘူး။ ခါဘစ် ကတော့ ” ပွဲပျက်သွားတဲ့အတွက် မင်းထက် ငါက ပိုပြီးစိတ်ပျက်တယ်လို့ပြောပါတယ်။

Read more

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး

ဖိလစ်ပိုင်သမ္မတဒူတာတီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် ချမှတ်ထားသည့် စည်းမျဉ်းများအား ဖောက်ဖျက်ပါက ပစ်သတ်ရန် ခွင့်ပြုချက်ပေးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

Read more

တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း

တန့်ယန်း ဧပြီ ၁

တန့်ယန်းမြို့နယ် ပြည်နယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ COVID-19 အဆုတ်ရောင်ရောဂါ ရောဂါကာကွယ်တားဆီးရေးအတွက် ယမန်နေ့တွင် တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းလျက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် တန့် ယန်းမြို့နယ် အထက(၂) COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေးစခန်းတို့တွင် ပိုးသတ်ဆေးများဖျန်းခဲ့ကြသည်။

Read more