Author: USDP 2016
ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျိုက်ထို မြို့တွင်း စျေးများ တွင် Mask များအခမဲ့ဖြန့်ဝေ
ဇွန် ၁၅၊ ကျိုက်ထို
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုက်ထို မြို့နယ် ရှိ စျေးများ နှင့် ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင် Covid -19 ရောဂါကာကွယ်နိုင်ရန် Mask ၂၀၀၀ အား ယနေ့ နံနက် ၇ နာရီ အချိန် မှ စ၍ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုအား ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာပါတီ၀င်များးမှ စုပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်
Read moreကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ ပြည်သူများသို့ အခမဲ့ဖြန့်ဝေ
ကြာအင်းဆိပ်ကြီး ဇွန် ၁၁
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။
Read moreကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သရက်တပ်နယ် က.ပ.စ (၁၂) တပ်မတော်သားများ ပိုးသတ်ဆေးဖြန်းခြင်းအား ဝိုးင်းဝန်းကူညီခြင်းများ ဆောင်ရွက်
ဇွန် ၁၁၊ ကံမ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကံမမြို့နယ်အတွင်း Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်နှင့် အခြားပရဟိတအဖွဲ့များနှင့်လည်း ကူညီ ဆောင်ရွက်မှုများပြုလုပ်လျက် ရှိပါသည်။
Read moreဘောလုံးရာသီကုန်ချိန်မှာ ဂျူဗင်တပ်ကနေ စီရော်နယ်ဒို ထွက်ခွာဖွယ်ရှိ

ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေပါတယ်။ အသက် ၃၅ နှစ်ရှိ စီရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ရောက်ရှိခဲ့ပြီး ၂ နှစ်အတွင်း ၇၅ ပွဲကစားကာ ၅၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Read moreဟဲဗီးဝိတ်ပြိုင်ပွဲအဖြစ် ဂျိုရွှာနှင့် နှစ်ကြိမ်ထိုးသတ်ရန် တိုင်ဆင်ဖျူရီ သဘောတူ

ဗြိတိန်ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံတိုင်ဆင်ဖျူရီနှင့် အန်တိုနီဂျိုရွှာတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် သဘောတူညီမှု ရရှိပြီဖြစ်သည်။ WBC ချန်ပီယံဖျူရီက၎င်း၏ လူမှုမီဒီယာ အကောင့်မှတစ်ဆင့် ဗြိတိန်လက်ဝှေ့ရာဇဝင်တွင် အကြီးကျယ်ဆုံး ဖြစ်လာမည့်ပွဲကို ထိုးသတ်ရန်သဘောတူထားပြီဟု ကြေညာသည်။ အန်တိုနီဂျိုရွှာနှင့် တိုင်ဆင် ဖျူရီတို့လာမည့်နှစ်တွင် နှစ်ကြိမ်ထိုးသတ်ရန် သဘောတူလိုက်ပြီဟုဖျူရီက ရေးသားဖော်ပြသည်။
Read moreဒူးဒဏ်ရာကြောင့် ဒီနှစ်ကုန်အထိ ဖက်ဒဲရား နားရ

ဖို့ဘ်မဂ္ဂဇင်းရဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ဖော်ပြခံခဲ့ရတဲ့ တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားဟာ ၂၀၂၀ခုနှစ်ရဲ့ ရာသီလက်ကျန်ပွဲအားလုံးကို ဒဏ်ရာကြောင့် လွှဲချော်ရတော့မယ်လို့ သိရပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ ဂရန်းဆလမ်းချန်ပီယံဆုကို အကြိမ် ၂၀ အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဖက်ဒဲရားဟာ ဖေဖော်ဝါရီလက ဒူးဒဏ်ရာကို ခွဲစိပ်ကုသမှုခံခဲ့ရတဲ့အပြင် အခုနောက်တစ်ကြိမ် ထပ်မံခွဲစိပ်ခံခဲ့ရတာကြောင့် လက်ကျန်ပွဲအားလုံးကို လွှဲချော်ရတော့မှာဖြစ်ပါတယ်။ ဖက်ဒဲရား နောက်ဆုံး ကစားခဲ့တဲ့ပွဲကတော့ ဒီနှစ် ဇန်နဝါရီလကယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျအိုးပင်း အကြိုဗိုလ်လုပွဲဖြစ်ပြီး ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၃၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒဲရားက ၂၀၂၁ခုနှစ် ပြိုင်ပွဲတွေမှာ အားလုံးနဲ့ပြန်တွေ့ဖို့ မျှော်လင့်ထားပါတယ်လို့ ပြောခဲ့ပါတယ်။ ဖက်ဒဲရားဟာ ၂၀၁၆ခုနှစ်ကလည်း ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲအများစုနဲ့ လွှဲခဲ့ရပေမယ့် ၂၀၁၇ခုနှစ်မှာတော့ သြစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်ဒန်အိုးပင်းတို့မှာ ဗိုလ်စွဲခဲ့တဲ့အထိ လက်စွမ်းပြန်ပြနိုင်ခဲ့ပါတယ်။ -Ref:Skysports
Read moreဥရောပ၏ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းတွင် ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ဘီ ဦးဆောင်

ဥရောပရှိ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကို ပြင်သစ် နှင့် ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးမက်ဘီက ဦးဆောင်ခဲ့သည်။ ယင်းဇယားတွင် မက်ဘီ၏ နောက်၌ မန်စီးတီးမှစတာလင်၊ ဒေါ့မွန်မှဆန်ချို၊ လီဗာပူးမှ အာနိုးလ်နှင့် မန်ယူမှရက်ခ်ျဖို့ဒ်စသော အင်္ဂလန်ကစားသမားများက အစဉ်လိုက်ရပ်တည်နေသည်။
မက်ဘီ၏ တန်ဖိုးက ပေါင် ၂၃၀ ဒသမ ၅ သန်း၊ စတာလင်က ပေါင် ၁၇၃ သန်း၊ ဆန်ချိုက ပေါင် ၁၅၉ သန်း၊ အာနိုးလ်က ပေါင် ၁၅၂ သန်းနှင့် ရက်ခ်ျဖို့ဒ်က ပေါင် ၁၃၆ သန်းရှိသည်။
Read moreCOVID-19 ရောဂါ ကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ

နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကင်းရှင်းသွားပြီလို့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
COVID-19 တိုက်ဖျက်ရေးမှာ နယူးဇီလန်အနေနဲ့ အောင်မြင်မှု တခုရအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကို ချေမှုန်းဖို့ အားလုံး တစည်းတလုံးထဲ ညီညီညွှတ်ညွှတ်လုပ်ဆောင်ခဲ့တာပါ။ ဒီကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ရသူတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ကျမတို့ အားလုံး လက်တွဲဆောင်ရွက်ခဲ့ကြသလို တတ်နိုင်သမျှ ဖေးမပေးခဲ့ကြပါတယ်။
Read more




