ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အခြေခံစားသောက်ကုန်များ ရွှေပြည်သာသို့ သွားရောက်လှူဒါန်း

 

ရန်ကုန် ဇွန် ၁၆

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံစားသောက်ကုန်များအား ရပ်ကွက်ကျေးရွာနေသူများသို့ လိုက်လံ ဝေငှလှူဒါန်းပေးခဲ့သည်။ သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေး၊ ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးရဲဆွေလှိုင်၊ ဦးမျိုးဝင်းညွန့်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ရွှေပြည်သာအမှတ် (၂၀) ရပ်ကွက်အတွင်းရှိ ပေါ်တော်မူ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအား ဆန်နှစ်အိတ်နှင့် လက်သန့်ဆေး ဆပ်ပြာ ဆီများအား သွားရောက်လှူဒါန်းခဲ့သည်။

Read more

ဝါဒါဘရီမင်ကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲ

အင်္ဂါနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်အသင်းကို အဝေးကွင်းမှာ ၁ – ၀ ဂိုး နဲ့ အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါဆုဖလား ရယူသွားနိုင်ခဲ့ပါတယ်။ အိမ်ရှင်ဝါဒါဘရီမင်အသင်းကို ပွဲချိန် ၄၃ မိနစ်မှာသွင်းယူတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့သွင်းဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ရာသီကုန်ဆုံးဖို့ ၂ ပွဲအလိုမှာပဲ ဘွန်ဒက်စါလီဂါဆုဖလားကို ၈ ကြိမ်ဆက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ပါကစ္စတန်နိုင်ငံတစ်ဝန်း Lockdown ပြန်လည်ချမှတ်

                                   photo-AFP

ပါကစ္စတန်နိုင်ငံတစ် ဝန်းရှိ မြို့အမြောက်အမြားတွင် သတ်မှတ် ရွေးချယ်ထားသော ဧရိယာများ၌ ဇွန်လ ၁၅ ရက် ည ကစကာ တင်းကျပ်သော အသွား အလာပိတ်ပင်မှု (Lockdown) ပြန်လည်ချမှတ်သည်။ COVID-19 ကူးစက်သူက ဇူလိုင်လမကုန်မီ ရှစ်ဆများပြား လာနိုင်ပြီး လူ ၁ ဒသမ ၂ သန်းကူးစက်ခံရနိုင်သည်ဟု ဖက်ဒရယ် အစိုးရက ပြောကြားပြီးနောက် ယင်းသို့ ပြန်လည် Lockdown ချခြင်းဖြစ်သည်။ ပါကစ္စတန်သည် စီးပွားရေး ဝန်ထုပ်

Read more

မိုးမောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆရာဆရာမများနှင့် နည်းပြများရုံးအဖွဲ့များအား ကာဘော်လစ် ဆပ်ပြာနှင့် Mask များဖြန့်ဝေပေး

 

မိုးမောက် ဇွန် ၁၅

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှသင်ရိုးသစ် သင်တန်းတက်ရောက်သော ဆရာဆရာမများနှင့် နည်းပြများ၊ ရုံးအဖွဲ့များအား ကာဘော်လစ်ဆပ်ပြာ၊ Mask များ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲကမိုးမောက်မြို့ အထကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ဘေဂျင်းကဈေးအတွင်း ငါးခုတ်တဲ့စဉ်းတီတုံးမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့တယ်လို့ဆို

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က ဈေးတစ်ခုအတွင်းမှာ ပြည်ပကလာတဲ့ ဆော်လမွန်ငါးကို ခုတ်ရာမှာ သုံးတဲ့ စဉ်းတီတုံးမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရတယ်လို့ တရုတ်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ဒီဗိုင်းရပ်စ်ကိုနှိမ်နင်းနိုင်တဲ့တိုင်းပြည်တွေမှာတောင် ရောဂါပိုးပြန်ခေါင်းထောင်လာနိုင်တဲ့ကူးစက်မှုရန်က ခြောက်လှန့်နေဆဲဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်တိုင်း သတိထားဖို့လိုကြောင်းနဲ့ ပြီးခဲ့တဲ့သီတင်းတုန်းက ဘီဂျင်းမှာ အစုလိုက်ကူးစက်မှုတွေဖြစ်ခဲ့ပြီး လူတစ်ရာကျော်မှာ ပိုးတွေ့ခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲက ပြောပါတယ်။ အဲဒီလူတွေဟာ ဘယ်ကစကူးပြီး ဘယ်နှယောက်လောက် ကူးစက်ခဲ့ပြီလဲဆိုတာကိုတော့ စုံစမ်းဖော်ထုတ်နေဆဲလို့လည်း သူက ဆက်ပြောပါတယ်။ ဘေဂျင်းမှာ အခုလို ကူးစက်မှုတွေရှိလာတာကြောင့် တချို့နေရာတွေကိုအသွားအလာပြန်ကန့်သတ်ထားပါတယ်။ -Ref:BBC

Read more

ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ COVID-19 ရောဂါမဖြစ်ပွားအောင် သတိထားနေထိုင်ကြဖို့ ဦးသောင်းအေး တိုက်တွန်း

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပေမယ့် COVID-19 လို မမြင်ရတဲ့ ရောဂါဖြစ်ပွား လာနိုင် တာကြောင့် သတိဝိရိယထားပြုမူ နေထိုင်လုပ်ကိုင်ကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးပြီး ကျေးရွာ တွေမှာ လိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းဆောင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီးမှ Covid-19 ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

 

ဇွန် ၁၄၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုမှ ၁၄-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့​ဆေးရုံ၊ ကြို့ပင်တိုက်နယ်ဆေးရုံ၊ ရေနံ့သာတိုက်နယ်ဆေးရုံ၊ ရေနံ့သာ အ.ထ.က ကျောင်းများအတွက် Covid – 19 ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် မှော်ဘီမြို့နယ် ကျေးရွာကွန်ကရစ် လမ်းခင်းရန်အတွက် အလှူငွေ သွားရောက်လှူဒါန်း

 

ဇွန် ၁၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် မှော်ဘီမြို့နယ် လှပဒါးကျေးရွာအုပ်စု သင်တောရိုး ကျေးရွာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းရန်အတွက် အလှူငွေ (၂၀၀၀၀၀) နှင့် ပါးစပ်နှင့်နှာခေါင်းစီး (mask) များအား သွားရောက်လှူဒါန်း ခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် မှော်ဘီပြည်ခိုင်ဖြိုး ပါတီနာယက ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံ သွားရောက် လှူဒါန်းခဲ့ပါသည်။ ဘိုတေ(ရွှေပြည်သာ)

Read more