မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ Grade-10 သင်တန်းမှ ဆရာ ဆရာမများအား ထမင်းဘူးများ လှူဒါန်း

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက Grade-10 သင်တန်းမှ ဆရာ ဆရာမများ၊ သင်တန်းနည်းပြ များအား ထမင်းဘူးများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးမောက်မြို့ အထက ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗန်းမော်ခရိုင် ပါတီအတွင်း ရေးမှူး၊ မိုးမောက်မြို့နယ်တာဝန်ခံ ဒေါ်ဝိုင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူးဦးဒါ့ရှီးတူးလွမ်၊ မြို့နယ်ကော်မတီဝင်ဦးမြင့်လွင်၊ ဒေါ်မေရီနှင့် ရုံးအဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူး ရုံးမှ ကြီးမှူးဖွင့်လှစ်သော Grade-10 သင်တန်းမှ ဆရာ ဆရာမ ၁၁၃ဦးတို့အား ထမင်းဘူးများလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ဗဟန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ပြည်သူများအား နှာခေါင်းစည်းနှင့်ဆပ်ပြာများလှူဒါန်း

ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုး ဦးဆောင်၍ အတွင်းရေးမှူး ဒေါ်ရီရီတင်၊မြို့နယ် ပါတီကော်မတီဝင်၊ ဒေါ်နီလာချစ်၊ ဒေါ်ခင်စန်းကြူ၊ ဒေါ်ခင်မျိုးလှ၊ ဒေါ်စုစုလှိုင်နှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁နာရီက Mask များ၊ လက်ဆေးဆပ်ပြာများ နှင့်COVID-19 ကာကွယ်ရေးလက်ကမ်းစာစောင်များကို ရွှေတောင်ကြား(၁)ရပ်ကွက်နေ ပြည်သူများအိမ်သို့ တစ်အိမ် တက်ဆင်းလိုက် လံဝေငှခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံသို့ PPE နှင့် Mask များ လှူဒါန်း

ကျောက်ပန်းတောင်း ဇူလိုင် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ယနေ့နံနက် ၁ဝ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ် ကုတင် (၅ဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများနှင့် Mask များလှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဦးက လက်ခံရယူခဲ့သည်။ ယင်းနောက် ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ကံမမြို့နယ် အထက်တန်းကျောင်းတွင် Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ဇူလိုင် ၇၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုသည် ယနေ့ ၇-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကံမမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်အိတ်များအား လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်ပြီး ကံမမြို့နယ်အတွင်းရှိ ဘန့်ဘွေးကျင်း၊ ငမဲ၊ ကိုင်းဒေါင့်၊ တောင်စကိုင်း၊ ငွေလေး၊ ထန်းကောက်၊ ပွတ်စု၊ ကဒူးပြင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ #DWK

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဦးလှသိန်း သည် ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယု နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အညာစု ထမင်းဆိုင်ကျေးရွာ ဆရာတော်အားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကွေကြီးအနောက်ကျေးရွာ ဆရာတော် အားလည်းကောင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့သည်။

အလားတူ ယခုလ ၄ရက်ကဝေါမြို့နယ် ဂျလဟာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူခဲ့ပြီး မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့ နယ်ပါတီဝင်လူငယ်များနှင့်တွေ့ဆုံခဲ့သည်။

Read more

ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မိသားစု ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီးကျောင်းတိုက်သို့ ဝါဆိုသင်္ကန်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ဦးစီးရုံးအဖွဲ့များသည် ယနေ့ မွန်းလွဲ ၁နာရီက ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီး ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဂမန္ဓသီရိ နှင့် တိုက်နယ်ဆရာတော်တို့အား ဖူးမြော်၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာ တန်ခိုးကြီးကျောင်း ဆရာတော်က ပရိတ်တရားများရွတ်ဖတ်၍ ရေစက်ချတရား ဟောကြားခဲ့သည်။

Read more

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရာသီတုပ်ကွေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈)ရပ်ကွက် အပိုင်(E)ဘလောက်   အတွင်းရှိလမ်းများအား မိုးရာသီ  သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၈နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့ဟောင်းကျေးရွာရှိ အိမ်ခြေ ၂၅ဝအား နှာခေါင်းစည်းနှင့်ဆပ်ပြာများ နေအိမ်အရောက် အခမဲ့ဖြန့်ဝေပေး

ကချင်ပြည်နယ်မိုးမောက်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ မိုးမောက်မြို့နယ် မြို့ဟောင်းကျေးရွာရှိ အိမ် ခြေ ၂၅ဝ တို့အား နှာခေါင်းစည်း နှင့် ကာဘော်လစ်ဆပ်ပြာများ နေအိမ်အရောက်အခမဲ့ ဖြန့်ဝေပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲအထိ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်သစ် ချုပ်ဆိုလိုက်သည့် မာတစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝါရင့်ကွင်းလယ်လူ နီမန်ဂျာမာတစ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ဆားဘီးယားကွင်းလယ်လူ မာတစ်ဟာ အစောပိုင်းက နည်းပြ ဆိုးလ်ရှားနဲ့ အဆင်မပြေတာကြောင့် မန်ချက်စတာယူနိုက်တက်ကနေ ထွက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ကစားခွင့်ရလာသလို အသင်းကွင်းလယ်မှာလည်း အရေးပါတဲ့သူအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် စာချုပ်သစ်ချုပ်ခဲ့တာဖြစ်ပါတယ်။

Read more

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ

ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံနေရပြီ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာ အဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလိုကြေညာခဲ့တာပါ။ 

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး သမ္မတ Bolsonaro က လျှော့ပေါ့ ပြောလေ့ရှိသလို သူဟာ ကျန်းမာရေးလိုက်စားသူ ဖြစ်တဲ့ အတွက် အကူးစက်ခံရမှာကို စိတ်မပူကြောင်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ဘူးပါတယ်။

Read more