လယ်ဝေးပြည်ခိုင်ဖြိုးပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်

HAung111

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ် ရွှေပြည်အေးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကို မေလ(၁၅)ရက် မွန်းလွဲ (၁) နာရီအချိန်က ရွှေပြည်အေးကျေးရွာ စည်းရုံးရေးမှူး ဦးမြင့်သန်းနိုင် နေအိမ်တွင်ကျင်းပရာ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရေးခေါင်းဆောင် နေပြည်တော်ခရိုင် ပါတီကော်မတီဝင် ဦးဇော်အောင်၊ မြို့နယ်ပါတီ တွဲဖက် အတွင်းရေးမှူး ဒေါ်တင်နွယ်ဦး၊ မြို့နယ်ပါတီကော်မတီဝင် ဦးဝင်းနိုင်ဦး၊ ဒေါ်နွယ်နွယ်ဝင်း ပါတီဝန်းရံသူ ဒေါ်မေသူထွန်း၊ ဒေါ်ခင်မာစန်း၊ ခရိုင်ပါတီရုံး အငယ်တန်းစာရေး ဦးလင်းနောင် တို့မှ ပြန်လည် ဖွဲ့စည်းရေးနှင့် ကေဒါများ ဆက်လက်စည်းရုံးရေး ဆောင်ရွက်ခဲ့ကြသည်။

Read more

အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်

UHO1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့၏ ပံ့ပိုးကူညီမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော အခြေခံ စက်ချုပ် သင်တန်း အမှတ်စဉ် (၂) ကို မေလ (၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ဟင်္သာတမြို့ ညောင်ပင် ရပ်ရှိ ရွှေနေခြည်ညို သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

Read more

ကွန်ပျူတာနည်းပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်

13237662_220375571677939_1537983994979995846_n

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အေဘီစီ ကွန်ပျူတာမိသားစုတို့ ပူးပေါင်း၍ ကွန်ပျူတာနည်းပညာ ပြန့်ပွားရေးအခမဲ့သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို မေလ (၁၆) ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖံွ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား (၅၅) ဦးတက်ရောက်လျှက်ရှိပြီး သင်တန်းအား တစ်နေ့လျှင် သင်ကြားချိန် (၅) ကြိမ် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

Read more

သောက်သုံးရေအဆင်ပြေစေရေး ပါဝင်ကူညီဆောင်ရွက်ပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကန်ကြီးထောင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင် သာယာရေးကော်မတီက အုန်းပင်ဆိပ်အုပ်စု၊ ပေပင်ကျေးရွာသို့ သောက်သုံးရေ လှုဒါန်းမှုတွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ (၁၆-၅-၂၀၁၆)

 


Read more

လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်သောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံး ရေများ သွားရောက်လှူဒါန်း

LPT11

လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်နေသော ကျေးရွာများသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ သောက်သုံးရေများသွားရောက်လှူဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တာဝန်ခံ ဦးဝင်းကိုကို ဦးဆောင်မှုဖြင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီအမှုဆောင်များပူးပေါင်းပြီး မေလ (၁၅) ရက်နေ့တွင် သောက်သုံးရေ ပြတ်လပ်နေသော လပွတ္တာမြို့နယ်အတွင်းရှိ သင်္ကန်းကြီးအုပ်စု ကုန်းကြီးကျေးရွာနှင့် ဂုံညင်းတန်းကျေးရွာများသို့ ရေဂါလန် ၁၆ဝဝဝ သွားရောက်လှူဒါန်းခဲ့ကြသည်။

Read more

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်/မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဧပြီ (၂၉) ရက်မှစ၍ ရပ်/ကျေး (၆၉) အုပ်စုသို့ကွင်းဆင်းဖွဲ့စည်းရာ မေလ (၁၃) ရက် အထိ ကျေးရွာခွဲပေါင်း (၈၈) ရွာ၌ အမာခံပါတီကေဒါ (၁၃၅ဝ) ဦး ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Read more

သံဃာတော်များအား ဆက်ကပ်လှူဒါန်း

ba2d097e1da224d525ff574370a5d2725cf254bb2d48642702fbe8c51d034b34_full

သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာတော်များ ဗုဒ္ဓဘာသာဝင်သူတော်စင်များ စုပေါင်း၍ နိုင်ငံသူနိုင်ငံသား ပြည်သူပြည်သား မြို့သူမြို့သားများ ဘေးဥပါဒ်အန္တရာယ်ကင်းစေရန်အတွက် “ဥပ္ပါတသန္တိ” အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို သံတွဲမြို့၌ မေလ (၁၅) ရက်နေ့မှ (၁၇) ရက်အထိ (၃)ရက်တိုင် ကျင်းပခဲ့ပြီး ရွတ်ဖတ်ပူဇော်ပွဲပိတ်သိမ်းသော ယနေ့ (မေလ ၁၇ ရက်) နံနက် (၉) နာရီအချိန်က သံတွဲခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များက ရွတ်ဖတ် ပူဇော်ကြသော ဆရာတော်သံဃာတော်များအား သစ်သီးဆွမ်းနှင့်မုန့်ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Read more

တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အကျိုး

13179027_1101438936586623_7256950039433054585_n

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။ နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။ ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။

Read more

လက်ပေါ်တွင် screen တစ်ခုဖော်ပြပေးမည့် စမတ်နာရီအတွက် Samsung မူပိုင်ခွင့် လျှောက်ထား

Screen_Shot_2016-05-13_at_5.02.20_PM.0.0

ဝတ်ဆင်သူ၏ လက်သို့မဟုတ် လက်ဖျံတွင် virtual user interface များ ဖော်ပြပေးနိုင်မည့် စမတ်နာရီနည်းပညာအတွက် မူပိုင်ခွင့်တစ်ခုကို Samsung က လျှောက်ထားခဲ့သည်။ အဆိုပါ မူပိုင်ခွင့်တွင် နံရံတစ်ခုကဲ့သို့သော ဘေးပတ်လည်ဝန်းရံထားသည့် မျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ဖော်ပြပေးနိုင်သည့် VR နှင့် AR headset များကဲ့သို့ ဦးခေါင်းတွင်ဝတ်ဆင်ရသည့် display များ၌ အသုံးပြုထားသော နည်းပညာအတိုင်း ပြသထားသည်။

Read more