ေနာက္ခံလူ ဆာလီဘာ ၅ လခန႔္အထိ အနားယူရဖြယ္ရွိေန

ေနာက္ခံလူ ဆာလီဘာ ၅ လခန႔္အထိ အနားယူရဖြယ္ရွိေန
================
အာဆင္နယ္အသင္းက ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူ ဆာလီဘာဟာ ကမာၻ႔ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေက်ာဒဏ္ရာရခဲ့လို ၅ လခန႔္အထိ အနားယူရဖြယ္ ရွိေနပါတယ္။
ဆာလီဘာဟာ စပိန္အသင္းကို ဝ-၂ ဂိုးနဲ႔ ရႈံးေနခ်ိန္ မိမိကြင္းဘက္ျခမ္းမွာ ေဘာလုံးနဲ႔အတူ ေျပးေနရင္းနဲ႔ ေက်ာဒဏ္ရာ ရသြားတာျဖစ္တယ္။
ျပင္သစ္အားကစားမီဒီယာ L’Equipe က ဆာလီဘာရဲ႕ဒဏ္ရာဟာ ခြဲစိတ္ကုသမႈ လိုအပ္ၿပီး ဒီဇင္ဘာလအထိ ေဘာလုံးမကစားႏိုင္ေလာက္ဘူးလို ေဖာ္ျပခဲ့ပါတယ္။
ဆာလီဘာဟာ ဒဏ္ရာရၿပီးေနာက္ ”ကြၽန္ေတာ့္ေက်ာေတာ့ သြားပါၿပီ”လို ညည္းတြားေနခဲ့ေၾကာင္း ယင္းသတင္းမွာ ေရးသားခဲ့ပါတယ္။
ယင္းပြဲမွာ ဆာလီဘာ ေဘာလုံးဆက္မကစားႏိုင္ေတာ့လို အသင္းေဖာ္ လာခေရာ့နဲ႔ လူစားလဲခဲ့ရပါတယ္။
၎က အုပ္စုအဆင့္မွာပဲ သူ႔ကို ေက်ာဒဏ္ရာျပႆနာ ရွိေနတယ္လို႔ ဝန္ခံထားခဲ့ပါတယ္။
ဆာလီဘာရဲ႕ဒဏ္ရာရရွိမႈဟာ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံကာကြယ္မႈ ခရီးအတြက္ ႀကီးမားတဲ့အဟန႔္အတား ျဖစ္ခဲ့ရပါတယ္။
နောက်ခံလူ ဆာလီဘာ ၅ လခန့်အထိ အနားယူရဖွယ်ရှိနေ
================
အာဆင်နယ်အသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာလီဘာဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကျောဒဏ်ရာရခဲ့လို ၅ လခန့်အထိ အနားယူရဖွယ် ရှိနေပါတယ်။
ဆာလီဘာဟာ စပိန်အသင်းကို ဝ-၂ ဂိုးနဲ့ ရှုံးနေချိန် မိမိကွင်းဘက်ခြမ်းမှာ ဘောလုံးနဲ့အတူ ပြေးနေရင်းနဲ့ ကျောဒဏ်ရာ ရသွားတာဖြစ်တယ်။
ပြင်သစ်အားကစားမီဒီယာ L’Equipe က ဆာလီဘာရဲ့ဒဏ်ရာဟာ ခွဲစိတ်ကုသမှု လိုအပ်ပြီး ဒီဇင်ဘာလအထိ ဘောလုံးမကစားနိုင်လောက်ဘူးလို ဖော်ပြခဲ့ပါတယ်။
ဆာလီဘာဟာ ဒဏ်ရာရပြီးနောက် ”ကျွန်တော့်ကျောတော့ သွားပါပြီ”လို ညည်းတွားနေခဲ့ကြောင်း ယင်းသတင်းမှာ ရေးသားခဲ့ပါတယ်။
ယင်းပွဲမှာ ဆာလီဘာ ဘောလုံးဆက်မကစားနိုင်တော့လို အသင်းဖော် လာခရော့နဲ့ လူစားလဲခဲ့ရပါတယ်။
၎င်းက အုပ်စုအဆင့်မှာပဲ သူ့ကို ကျောဒဏ်ရာပြဿနာ ရှိနေတယ်လို့ ဝန်ခံထားခဲ့ပါတယ်။
ဆာလီဘာရဲ့ဒဏ်ရာရရှိမှုဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်မှု ခရီးအတွက် ကြီးမားတဲ့အဟန့်အတား ဖြစ်ခဲ့ရပါတယ်။




