ယူရီးယားႏွင့္ ကြန္ေပါင္းဓာတ္ေျမဩဇာမ်ား ေဒသအလိုက္ လြတ္လပ္စြာ ဝယ္ယူႏိုင္ရန္ စီစဥ္ထား

ယူရီးယားႏွင့္ ကြန္ေပါင္းဓာတ္ေျမဩဇာမ်ား ေဒသအလိုက္ လြတ္လပ္စြာ ဝယ္ယူႏိုင္ရန္ စီစဥ္ထား
=================================
ျမန္မာႏိုင္ငံ ေျမဩဇာ၊ မ်ိဳးေစ့ႏွင့္ စိုက္ပ်ိဳးေရးေဆးလုပ္ငန္းရွင္မ်ားအသင္း (MFSPEA)က ေတာင္သူမ်ားအေနျဖင့္ မိုးစပါး၊ ဝါႏွင့္ မိုးသီးႏွံမ်ား စိုက္ပ်ိဳးရာတြင္ အဓိကအသုံးျပဳလ်က္ရွိေသာ ယူရီးယားႏွင့္ ကြန္ေပါင္းဓာတ္ေျမဩဇာမ်ားကို ေဒသအလိုက္ လုံေလာက္စြာ၊ လြတ္လပ္စြာ ဝယ္ယူႏိုင္ေရးအတြက္ စီစဥ္ေပးထားေၾကာင္း အသိေပးထားသည္။

MFSPEA ၏ ထုတ္ျပန္ခ်က္အရ ေတာင္သူမ်ားအတြက္ လိုအပ္သည့္ ဓာတ္ေျမဩဇာမ်ားကို ေဒသအသီးသီးတြင္ လုံေလာက္စြာ ရရွိႏိုင္ေစရန္ စီစဥ္ထားၿပီး ဝယ္ယူလိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာေဒသမ်ား၌ အဆင္ေျပစြာ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ယူရီးယားႏွင့္ ကြန္ေပါင္းဓာတ္ေျမဩဇာ ဝယ္ယူေရးႏွင့္ ပတ္သက္၍ အေသးစိတ္ သိရွိလိုေသာ ေတာင္သူမ်ားအေနျဖင့္ ဖုန္းနံပါတ္ ၀၉-၆၆၅၄၀၇၈၉၀ သို ဆက္သြယ္၍ စုံစမ္းေမးျမန္းႏိုင္ေၾကာင္း MFSPEA က အသိေပးထားသည္။


ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား
=================================
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဒေသအလိုက် လုံလောက်စွာ၊ လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း အသိပေးထားသည်။

MFSPEA ၏ ထုတ်ပြန်ချက်အရ တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဒေသအသီးသီးတွင် လုံလောက်စွာ ရရှိနိုင်စေရန် စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဒေသများ၌ အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသော တောင်သူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၆၆၅၄၀၇၈၉၀ သို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း MFSPEA က အသိပေးထားသည်။