တစ္ရက္ ေျခလွမ္း ၃၀၀၀ ေလွ်ာက္႐ုံနဲ႔တင္ အယ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးႏိုင္

တစ္ရက္ ေျခလွမ္း ၃၀၀၀ ေလွ်ာက္႐ုံနဲ႔တင္ အယ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးႏိုင္
======================
တစ္ရက္ကို သာမန္လမ္းေလွ်ာက္မႈမ်ိဳး ခပ္မွန္မွန္လုပ္ေပး႐ုံနဲ႔တင္ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြကို ကာကြယ္ေပးႏိုင္ၿပီး အယ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးႏိုင္ၿပီး ေရာဂါေၾကာင့္ျဖစ္လာမယ့္ ဦးေႏွာက္ေျပာင္းလဲမႈေတြကို ေႏွးေကြးသြားေစႏိုင္တယ္လို႔ သုေတသနအသစ္တစ္ခုက ေဖာ္ျပထားပါတယ္။

အေမရိကန္သုေတသီေတြဟာ အယ္ဇိုင္းမားေရာဂါ အစပ်ိဳးေနတဲ့ သက္ႀကီး႐ြယ္အို ၃၀၀ နီးပါးကို ၉ ႏွစ္ကေန ၁၁ ႏွစ္အထိ ေျခလွမ္းတိုင္းကိရိယာေတြတပ္ၿပီး ေစာင့္ၾကည့္ေလ့လာခဲ့တာပါ။ စိတ္ဝင္စားစရာေကာင္းတဲ့တစ္ခ်က္က လမ္းေလွ်ာက္ျခင္းဟာ ေရာဂါျဖစ္ေစတဲ့ အဆိပ္အေတာက္ ခ်ိဳးေတြကို ေလ်ာ့က်မသြားေစေပမယ့္ ေရာဂါေနာက္က်မွျဖစ္တတ္ၿပီး မွတ္ဉာဏ္နဲ႔ ေတြးေခၚမႈကို ပိုထိခိုက္ေစတဲ့ Tau ပ႐ိုတင္းေတြ စုပုံလာမႈကိုေတာ့ ေႏွးေကြးသြားေစတာေတြ႕ရွိရပါတယ္။ လမ္းခပ္မွန္မွန္ေလွ်ာက္တဲ့သူေတြဟာ အျခားသူေတြထက္ မွတ္ဉာဏ္နဲ႔ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္က်ဆင္းမႈ ၅၀ ရာခိုင္ႏႈန္းအထိ သက္သာတာကို ေတြ႕ရပါတယ္။

ဒီေကာင္းက်ိဳးေတြကို တစ္ရက္ကိုေျခလွမ္း ၃၀၀၀ ေလွ်ာက္႐ုံနဲ႔တင္ရရွိႏိုင္ပါတယ္။ ေျခလွမ္း ၅၀၀၀ ကေန ၇၅၀၀ ၾကား

မွာ ကာကြယ္မႈအေကာင္းဆုံးျဖစ္ၿပီး အဲဒီထက္ပိုေလွ်ာက္လည္း ထူးျခားၿပီးပိုေကာင္းမလာေတာ့ပါဘူး။ ဒါေၾကာင့္ သက္ႀကီး႐ြယ္အိုေတြဟာ တစ္ရက္ကိုေျခလွမ္း ၁၀၀၀၀ ျပည့္ေအာင္ ေလွ်ာက္ဖို႔မလိုဘူးလို႔ သုေတသီေတြက ဆိုပါတယ္။

Ref: STD


တစ်ရက် ခြေလှမ်း ၃၀၀၀ လျှောက်ရုံနဲ့တင် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်
======================
တစ်ရက်ကို သာမန်လမ်းလျှောက်မှုမျိုး ခပ်မှန်မှန်လုပ်ပေးရုံနဲ့တင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကာကွယ်ပေးနိုင်ပြီး အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပြီး ရောဂါကြောင့်ဖြစ်လာမယ့် ဦးနှောက်ပြောင်းလဲမှုတွေကို နှေးကွေးသွားစေနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဖော်ပြထားပါတယ်။

အမေရိကန်သုတေသီတွေဟာ အယ်ဇိုင်းမားရောဂါ အစပျိုးနေတဲ့ သက်ကြီးရွယ်အို ၃၀၀ နီးပါးကို ၉ နှစ်ကနေ ၁၁ နှစ်အထိ ခြေလှမ်းတိုင်းကိရိယာတွေတပ်ပြီး စောင့်ကြည့်လေ့လာခဲ့တာပါ။ စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က လမ်းလျှောက်ခြင်းဟာ ရောဂါဖြစ်စေတဲ့ အဆိပ်အတောက် ချိုးတွေကို လျော့ကျမသွားစေပေမယ့် ရောဂါနောက်ကျမှဖြစ်တတ်ပြီး မှတ်ဉာဏ်နဲ့ တွေးခေါ်မှုကို ပိုထိခိုက်စေတဲ့ Tau ပရိုတင်းတွေ စုပုံလာမှုကိုတော့ နှေးကွေးသွားစေတာတွေ့ရှိရပါတယ်။ လမ်းခပ်မှန်မှန်လျှောက်တဲ့သူတွေဟာ အခြားသူတွေထက် မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်ကျဆင်းမှု ၅၀ ရာခိုင်နှုန်းအထိ သက်သာတာကို တွေ့ရပါတယ်။

ဒီကောင်းကျိုးတွေကို တစ်ရက်ကိုခြေလှမ်း ၃၀၀၀ လျှောက်ရုံနဲ့တင်ရရှိနိုင်ပါတယ်။ ခြေလှမ်း ၅၀၀၀ ကနေ ၇၅၀၀ ကြား

မှာ ကာကွယ်မှုအကောင်းဆုံးဖြစ်ပြီး အဲဒီထက်ပိုလျှောက်လည်း ထူးခြားပြီးပိုကောင်းမလာတော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေဟာ တစ်ရက်ကိုခြေလှမ်း ၁၀၀၀၀ ပြည့်အောင် လျှောက်ဖို့မလိုဘူးလို့ သုတေသီတွေက ဆိုပါတယ်။

Ref: STD