ViVo V3 နှင့် V3 Max မော်ဒယ်သစ် စမတ်ဖုန်းများကို ပြည်တွင်း၌ မိတ်ဆက်

13178648_1388051301220911_3062022427642908143_n

ViVo မှ နောက်ဆုံးထုတ်လုပ်ထားသည့် V3 နှင့် V3 Max မော်ဒယ်များကို ပြည်တွင်း၌ စတင်ရောင်းချခြင်းနှင့် အဆိုပါ ဖုန်းများ မိတ်ဆက်ပွဲအား မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ V3 နှင့် V3 Max မော်ဒယ်များတွင် ဝ.၂ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်နိုင်သည့် Fringerprint Unlocking နည်းပညာ၊ ၅ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီခန့် အသုံးပြု နိုင်သည့် မြန်ဆန်သော Flash Charge အားသွင်းနည်းပညာ၊ အသံပိုင်းအတွက် Smart Amp နည်းပညာများ၊ ဝ.၂ စက္ကန့်အတွင်း Focus ဖမ်းယူနိုင်သည့် PDAF ကင်မရာနည်းပညာနှင့် Split-Screen Multitasking နည်းပညာများ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။

Read more

MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်းပြီး အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိမည်

13217581_811142359019982_2220788631416337538_o

MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိမည်။

(၂၁)ရာစုပင်လုံညီလာခံကျင်းပရေး အကြိုပြင်ဆင်ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ပတ်အတွင်း ဖွဲ့၍ လုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်မည်။

NCA အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ပြန်လည်သုံးသပ်ပြင်ဆင်မည်။

UPDJC(ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) အမြန်ဆုံးပြင်ဆင်ဖွဲ့စည်းမည်။

Read more

တနှစ်တာ အကောင်းဆုံး နည်းပြဆု လက်စတာနည်းပြရ

Claudio-Ranieri-Reuters

လိဂ်နည်းပြများအစည်းအရုံး LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လက်စတာနည်းပြ ရေနီယာရီက ရရှိသွားသည်။

အသက် ၆၄ နှစ်အရွယ် အီတာလျံနည်းပြကြီးသည် ပထမဆုံးစတင်တာဝန်ယူသည့် ရာသီမှာပင် လက်စတာအသင်း ကို ပရီးမီးယားလိဂ် ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရေနီရာရီသည် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကိုလည်း ရရှိခဲ့ပြီး ဘရိုက်တန်နည်းပြ ခရစ္စဟုခ်ျတန်က ချန်ပီယံရှစ် နည်းပြဆုကို ရရှိခဲ့ သည်။

Read more

နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း လျှောက်လွှာများ စတင်ခေါ်ယူ

13245301_10207057416773693_725745541681256127_n

ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးကာ နိုင်ငံတကာဆက်ဆံရေး ပညာ ဒီပလိုမာသင်တန်းကို ဇွန်လ ၁၀ ရက်မှစတင်ကာ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းအား တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ တက်ရောက်ပြီးပါက Diploma in International Relations အောင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။

Read more

စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်း လှည့်လည်အောင်ပွဲခံ

Barcelona-celebrates03-Reuters

စပိန် လာလီဂါဖလားကို ၂၄ ကြိမ်မြောက် ရရှိသွားတဲ့ ဘာစီလိုနာအသင်းနဲ့ ပရိသတ်တွေဟာ ဘာစီလိုနာမြို့မှာ ချန်ပီယံဖလားကို လှည့်လည် အောင်ပွဲခံကြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံးပွဲစဉ်မှာ လူးဝစ်ဆွာရက်စ်ရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ ဘာစီလိုနာအသင်းက ဂရန်ဒါအသင်းကို အနိုင်ယူပြီး ဖလားရရှိသွားတာပါ။

Read more

ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံ ပထမဆုံး စိုက်ထူနိုင်တော့မည်

Htoo

အန္တရာယ်ကြီးမားလှသည့် ရေခဲပြိုကျမှုများကြောင့် နှစ်နှစ်ဆက်တိုက် တောင်တက်ခရီးစဉ်များ ရပ်နားထားခဲ့ရသော ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူစွာဖြင့် စိုက်ထူနိုင်တော့မည်ဖြစ်ကြောင်း ထူးဖောင်းဒေးရှင်းက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာတောင်တက်သမားလူငယ် သုံးဦးအနက် နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကို တို့နှစ်ဦးသည် မေ လ (၁၆) ရက်နေ့က အမြင့် ၆,၄ဝဝ မီတာရှိသော Camp-2 သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး မေလ (၁၇) ရက် နံနက် ၆ နာရီခန့်တွင် အမြင့် (၇,၁၆၂)မီတာရှိသော Camp-3 သို့ တက်ရောက်မည်ဖြစ်သည်။

Read more

လိပ်ကျွန်းအမှု သေဒဏ်ကျ မြန်မာနှစ်ဦး မေ ၂၃ ရက်တွင် အယူခံဝင်မည်

13081804_1136480829709399_320826700_n

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနှစ်ဦးအတွက် မေလ (၂၃) ရက်တွင် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း အဆိုပါအမှုတွင် လိုက်ပါကူညီဆောင်ရွက်နေသူ ဦးစိန်ဌေးက ပြောကြားသည်။

စာမျက်နှာပေါင်း နှစ်ရာကျော်ရှိသည့် အဆိုပါ အယူခံလွှာကို ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေ များအဖွဲ့က မေ ၂၃ ရက် နံနက် ၉ နာရီတွင် ကော့မမွေ အယူခံတရားရုံးသို့ တင်သွင်းကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။

Read more

ချဲလ်ဆီးနှင့် တော့တင်ဟမ်တို့ ပေါင်သိန်းချီ စံချိန်တင် ဒဏ်ရိုက်ခံရ

Chelsea-and-Spur

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့ကို ကစားသမားတွေ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အတွက် ပေါင်သိန်းချီပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က ဒဏ်ရိုက်လိုက်ပါတယ်။

၂၀၁၄ နိုဝင်ဘာက စတင်ပြီး ပွဲကစားစဉ် ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပ်တိုက် ၄ ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် ပေါင် ၃၇၅၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Read more

လက်စတာအသင်းကို အသင်းပရိသတ်များက ရန်ကုန်လေဆိပ်၌ ကြိုဆိုမည်

Leicester’s team manager Claudio Ranieri and Leicester’s Wes Morgan lift the trophy as Leicester City celebrate becoming the English Premier League soccer champions at King Power stadium in Leicester, England, Saturday, May 7, 2016.(AP Photo/Matt Dunham)

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အေပီ)

 ရွှေတိဂုံစေတီတော်သို့ လာရောက်မည့် အင်္ဂလန်ပရီးမီး ယားလိဂ်ချန်ပီယံ လက်စတာအသင်းကို မြန်မာနိုင်ငံမှ လက်စတာ အသင်းပရိသတ်များက လေယာဉ် ကွင်းသို့ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read more

အရည်အသွေး အာမခံချက်မရှိသော သောက်ရေသန့်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်

No Drink

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ် ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော သောက်ရေသန့် အမှတ်တံဆိပ်များကို ထုတ်ပြန်ခဲ့သည်။

Read more