အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် မန်ယူဆွေးနွေး

342D5DCF00000578-3593633-image-a-1_1463433630111

မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် ဆွေးနွေး နေကြောင်း  ဒေးလီးမေးလ်သတင်းစာက   ဖော်ပြခဲ့သည်။

လာမည့် အောက်တိုဘာလတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆို ထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

Read more

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း ရရှိ

Harry-Kane_3184457k

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး ၂၅ ဂိုး ဖြင့် ရရှိသွားသည်။

ယင်းတိုက်စစ်မှူးသည် သွင်းဂိုး ၂၄ ဂိုးစီသွင်းယူထားကြသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ကို ကျော်ကာ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Read more

အပြေးချန်ပီယံ အူစိန်ဘော့ ဒဏ်ရာကြောင့် ဂျာမနီတွင် ဆေးကု

Usain-Bolt-Reuters

ပိုမိုဆိုးဝါးလာတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဂျမေကာအပြေးသမား အူစိန်ဘော့ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေတယ်လို့ နည်းပြကို ကိုးကားပြီး ဒေသခံ ရေဒီယိုတွေက ထုတ်ပြန်ပါတယ်။

မေ ၁၄ ရက် ကေမန်းကျွန်းက နိုင်ငံတကာဖိတ်ခေါ် အပြေးပြိုင်ပွဲမှာ မီတာ ၁၀၀ နဲ့ ၂၀၀ အိုလံပစ်ချန်ပီယံ အူစိန်ဘော့ဟာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာလို့ အူစိန်ဘော့ရဲ့ နည်းပြ ဂလန်းမေးလ်က ပြောပါတယ်။

Read more

အီရတ်မြို့တော်တွင် ဗုံးလေးကြိမ်ပေါက်ကွဲကာ လူ ၇၀ နီးပါး သေဆုံး

baghdad

ဘဂ္ဂဒက်၊ မေ ၁၈ ။           ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးလေးကြိမ်ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၆၉ ဦးရှိကြောင်း ကျန်းမာရေးဌာနက ပြောသည်။

ဗုံးဖောက်ခွဲမှုများတွင် ဗုံးသုံးလုံးမှာ ရှီယိုက်မွတ်စလင်အများစုနေထိုင်ရာအရပ်ကို ပစ်မှတ်ထားပြီး ကျန်တစ်လုံးက ရှီယိုက်နှင့် ဆွန်နီ ရောနှောရှိနေရာအရပ်တွင် ပေါက်ကွဲခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများတွင် နှစ်ခုကို ကျုးလွန်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာထားသည်။

Read more

၎င်းသမ္မတဖြစ်လာပါက ကင်မ်ဂျုံအန်းနှင့် ဆွေးနွေးရန် အသင့်ဟု ထရမ့်ပြောကြား

46968496874998

မိမိသာ အမေရိကန်သမ္မတ ဖြစ်လာပါက မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တံခါးဖွင့်သွားမည်ဟု ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

၎င်းက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းများကို ထိန်းချုပ်ရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တိုက်ရိုက် ဆွေးနွေး သွားရန် ဆန္ဒရှိကြောင်း ဆိုသည်။ ထရမ့်သည် လာမည့် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ရရန် အလားအလာ ကောင်းနေသူ ဖြစ်သည်။

Read more

ဘိုကိုဟာရမ်အဖွဲ့၏ အသေခံဗုံးခွဲသမား ၏ ငါးပုံတစ်ပုံမှာ ကလေးများဖြစ်ဟု ကုလပြောကြား

75327837863

နယူးယောက် ၊ ၁၈-၅-၂၀၁၆

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့က အသုံးပြုခဲ့သည့် အသေခံဗုံးခွဲ သမား ငါးပုံတစ်ပုံခန့် မှာ ကလေးငယ်များ ဖြစ်ပြီး ၄င်းတို့အနက် ထက်ဝက်ကျော်မှာ မိန်းကလေးများ ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

Read more

ထိုင်းနိုင်ငံရှိ အပန်းဖြေ ကျွန်းတစ်ကျွန်းကို ကမ္ဘာလှည့် ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင်

453.453747

ထိုင်းနိုင်ငံရှိ အပန်းဖြေ ကျွန်းတစ်ကျွန်းကို ကမ္ဘာလှည့် ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ ခိုတာချိုင်ကျွန်းသို့ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ခြင်းကြောင့် သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ အဆိုပါ ကျွန်းသည် ဖန်ငါဒေသရှိ ဆီမီလန် အမျိုးသားဥယျာဉ် နယ်နိမိတ်တွင် ပါဝင်နေသည်။

Read more

ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

78834cc4a43ad71db550b8256fb8ffe3afcebccc18b87740b7c02b9e2233a088_full

ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၏ စီစဉ်မှုဖြင့် ထောက်ပံ့လှူဒါန်းထားသည့် သိန်း (၂၀) တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများအား မေလ (၁၆) ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝင် ဗိုလ်မှူးစိုးမိုး(ငြိမ်း)၊ ကျော်တော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များမှ ကျောက်တော်မြို့နယ် ယိုးချောင်းနယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီ တည်းခိုရာ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြသည်။

Read more

တပ်မတော်သည်

1517626_1731121963838619_8734932157841185169_n

ယနေ့တပ်မတော်သည် မြန်မာနိုင်ငံရေးထဲတွင် အမျိုးသားနိုင်ငံရေးအရ ပါဝင်နေရခြင်းဖြစ်သည်။ တပ်မတော်သည် အတိုက်အခံမဟုတ်ကြောင်း သိစေအပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသူများဖြစ်ကြပါသည်။ ဥပဒေနှင့်မကိုက်ညီသည်များကို ပြောဆိုကြ သည်။ နိုင်ငံအတွက် မဖြစ်သင့် မဖြစ်ထိုက်သည်များကို ထောက်ပြသွားမည်ဆိုသည့် အမျိုးသားရေး အသိကိုလက်ကိုင်ထားသည်။ တပ်မတော်သည် ဒီမိုကရေစီသဘောအရ လွတ်လပ်စွာသဘောကွဲလွဲ ခွင့်ကို လက်ခံသည်။ တည်ဆဲဥပဒေနှင့်ညီရန်အတွက်လည်း အစဉ်တစိုက် တိုက်တွန်းနေသည်။

Read more