viber ထဲမွာ ChatGPT တိုက္႐ိုက္ သုံးႏိုင္ၿပီ

viber ထဲမွာ ChatGPT တိုက္႐ိုက္ သုံးႏိုင္ၿပီ
=========================
ဒီရက္ပိုင္း viber သုံးရင္းနဲ႔ ပုံပို႔ရင္ ေအာက္ေျခမွာ AI သေကၤတ ၾကယ္ပြင့္ပုံစံနဲ႔ Remix image ဆိုၿပီး ေပၚေနတာ သတိထားမိမွာပါ။
ဒါဆိုရင္ viber ထဲမွာတင္ ChatGPT တိုက္႐ိုက္ သုံးႏိုင္ၿပီလို႔ ေျပာေနတာပါ။ ဒီ feature ရသူေတြက viber မွာ စကားေျပာရင္း ပုံကို AI နဲ႔ edit ျပင္ခိုင္းတာ ၊ စိတ္ႀကိဳက္ remix ေျပာင္းတာေတြ လုပ္ႏိုင္ပါၿပီ။
သူငယ္ခ်င္းေတြနဲ႔ စကားေျပာရင္း သိခ်င္တာရွိလို႔ ChatGPT ေမးခ်င္ရင္လည္း @ သေကၤတေလးနဲ႔ ChatGPT ကို ေခၚေမး႐ုံပါပဲ။ စကားဝိုင္းထဲမွာ ပါသူတိုင္းက ChatGPT ေပးတဲ့ အေျဖကို ျမင္ၿပီး ျပန္ေဆြးေႏြးလို႔ ရပါတယ္။ viber မွာ စာအေၾကာင္း ေပအေၾကာင္း ေျပာလို႔ ေကာင္းသြားပါၿပီ။
ChatGPT ကို ေခၚၿပီး အေပၚမွာ Group chat လုပ္ၿပီး ေဆြးေႏြးခဲ့တာေတြကို အက်ဥ္းခ်ဳပ္ ျပန္ေျပာခိုင္းလို႔ ရသလို link ေပးၿပီး ရွင္းလင္းခိုင္းတာ ၊ ဘာသာျပန္ခိုင္းတာ ၊ စာအေရးအသားေခ်ာေအာင္ polishing လုပ္ခိုင္းတာေတြလည္း ရတာပါပဲ။
အထဲက စကားေျပာမွတ္တမ္းအကုန္ကေတာ့ viber ရဲ႕ စံအတိုင္း end-to-end လွ်ိဳ႕ဝွက္ကုဒ္စနစ္ သုံးတာ ျဖစ္လို႔ အခ်င္းခ်င္းကလြဲရင္ viber ကုမၸဏီေတာင္ သိမွာ မဟုတ္ပါဘူး။
ဒီ feature သုံးလို႔ ရေအာင္ ကိုယ့္ viber ကို update တင္ထား႐ုံပါပဲ။ messaging app ထဲမွာ AI ရလာတာ ေတာ္ေတာ္ေတာ့ အဆင္ေျပသြားတာ ေတြ႕ရမွာပါ။
viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ
=========================
ဒီရက်ပိုင်း viber သုံးရင်းနဲ့ ပုံပို့ရင် အောက်ခြေမှာ AI သင်္ကေတ ကြယ်ပွင့်ပုံစံနဲ့ Remix image ဆိုပြီး ပေါ်နေတာ သတိထားမိမှာပါ။
ဒါဆိုရင် viber ထဲမှာတင် ChatGPT တိုက်ရိုက် သုံးနိုင်ပြီလို့ ပြောနေတာပါ။ ဒီ feature ရသူတွေက viber မှာ စကားပြောရင်း ပုံကို AI နဲ့ edit ပြင်ခိုင်းတာ ၊ စိတ်ကြိုက် remix ပြောင်းတာတွေ လုပ်နိုင်ပါပြီ။
သူငယ်ချင်းတွေနဲ့ စကားပြောရင်း သိချင်တာရှိလို့ ChatGPT မေးချင်ရင်လည်း @ သင်္ကေတလေးနဲ့ ChatGPT ကို ခေါ်မေးရုံပါပဲ။ စကားဝိုင်းထဲမှာ ပါသူတိုင်းက ChatGPT ပေးတဲ့ အဖြေကို မြင်ပြီး ပြန်ဆွေးနွေးလို့ ရပါတယ်။ viber မှာ စာအကြောင်း ပေအကြောင်း ပြောလို့ ကောင်းသွားပါပြီ။
ChatGPT ကို ခေါ်ပြီး အပေါ်မှာ Group chat လုပ်ပြီး ဆွေးနွေးခဲ့တာတွေကို အကျဉ်းချုပ် ပြန်ပြောခိုင်းလို့ ရသလို link ပေးပြီး ရှင်းလင်းခိုင်းတာ ၊ ဘာသာပြန်ခိုင်းတာ ၊ စာအရေးအသားချောအောင် polishing လုပ်ခိုင်းတာတွေလည်း ရတာပါပဲ။
အထဲက စကားပြောမှတ်တမ်းအကုန်ကတော့ viber ရဲ့ စံအတိုင်း end-to-end လျှို့ဝှက်ကုဒ်စနစ် သုံးတာ ဖြစ်လို့ အချင်းချင်းကလွဲရင် viber ကုမ္ပဏီတောင် သိမှာ မဟုတ်ပါဘူး။
ဒီ feature သုံးလို့ ရအောင် ကိုယ့် viber ကို update တင်ထားရုံပါပဲ။ messaging app ထဲမှာ AI ရလာတာ တော်တော်တော့ အဆင်ပြေသွားတာ တွေ့ရမှာပါ။




