ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ၊ မွန်ပြည်နယ်နာယက ဦးအုန်းမြင့်မှ မွန်ပြည်နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နိုဝင်ဘာ(၆)ရက်နေ့ နံနက် (၉) နာရီချိန်မှ စတင်ကာ ဗဟိုအတိုင်ပင်ခံ၊ ပြည်နယ်ပါတီနာယကကြီး ဦးအုန်းမြင့်မှ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့သည်။

14947609_1694536684192179_211674884932769880_n 14955830_1694536657525515_7838974291874244289_n

(more…)


Read more

ဗဟိုဦးဆောင်ကော်မတီဝင်သူရဦးအေးမြင့် ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် နိုဝင်ဘာ (၆) ရက် နံနက် ၉ နာရီတွင် ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

thura-u-aye-myint

(more…)


Read more

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပေးအယူရှိသည်

”ကျွန်ုပ်တို့က အခြေခံဥပဒေမှ ရယူကြသောညီမျှမှုသည် ကျွန်ုပ်တို့အခြေခံဥပဒေသို့ အပေးအယူညီမျှမှုပေါ်၌ တည်နေသည်”
ထိုစာသားကို ဒေါက်တာမောင်မောင်ရေးသားသည့် ‘တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ’ စာအုပ်တွင် ဖတ်မှတ်ခဲ့ရပါသည်။ ဒေါက်တာမောင်မောင်ဆိုသည်မှာ ဟော်လန်နိုင်ငံThe Hague မြို့တော်ရှိ Academy of Inter-nationl Law မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာ၊ ၁၉၅၆ ခုနှစ်တွင် Utrecht တက္ကသိုလ် မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်တွင် ဥပဒေပါရဂူဘွဲ့၊ ၁၉၆ဝ-၁၉၆၂ ခုနှစ်များတွင် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်၌ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်အတွက် ဒေါက်တာဘွဲ့ J.S.D ကိုရရှိခဲ့သူဖြစ်သည်။

2008_constitution

(more…)


Read more

ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီဥက္ကဋ္ဌ ညောင်ရွှေမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၅) ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်က ဗဟိုပါတီကော်မတီဝင် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ဗဟိုပါတီလူငယ် ရေးရာတာဝန်ခံ ဒေါက်တာနန္ဒာလှမြင့် တို့ နှင့် ညောင်ရွှေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီကော် မတီဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ပါတီဥက္ကဋ္ဌက ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာရေးအတွက် ပါတီဝင်အင်အားစိစစ်ရေးကို ဦးစွာဆောင်ရွက်ရန်လိုကြောင်း၊ အဓိက ဦးစားပေးဆောင်ရွက်ရန်နှင့် မြို့နယ် ပါတီကော်မတီဝင်များအနေဖြင့် ဌာနအလိုက် ရေးရာကော်မတီအလိုက် တာဝန်ယူထားကြသူ ကော်မတီဝင်များ တာဝန်သိစိတ်၊ တာဝန်ယူလိုတဲ့စိတ်တို့ဖြင့် ဆောင်ရွက်သွားကြရန် မိမိတို့ပါတီ၏ အန္တိမရည်မှန်းချက်သည် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးပင်ဖြစ်ကြောင်းဆွေးနွေး မှာကြားခဲ့သည်။

nyaung-shwe

(more…)


Read more

ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ လှိုင်သာယာမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ခရိုင်ပါတီကော်မတီဝင်များသည် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်ပါတီဝင် များနှင့် တွေ့ဆုံရာတွင် ပါတီဝင်များသည် လုပ်ငန်းတာဝန်များကို စိတ်ဓာတ်မြင့်မြင့်နှင့် လုပ်ဆောင်နေကြကြောင်း၊ ပါတီဝင်တိုင်း လမ်းခင်း၊ သန့်ရှင်းရေး၊ မြောင်းဖော်ခဲ့သူများဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားသည်။

ygn2ygn1

(more…)


Read more

ပြည်နယ်ပါတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် စစ်တွေခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကယ်ဆယ်ရေးစခန်းတွင် အာဟာရ ဒါနများ ကျွေးမွေးလှူဒါန်း

မောင်တောမြို့နယ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသော ရခိုင် တိုင်းရင်းသား ပြည်သူများအား နိုဝင်ဘာ ၃ ရက်နေ့က ပြည်နယ်ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စစ်တွေခရိုင်/မြို့နယ် ပါတီမှ အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

yyy

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

14908177_1293301350709678_1357953349749941279_n

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစဲကီကော်၊ မိုင်းခတ်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဝီလျှံနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရေးကော်မတီအဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော်ရံပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းခတ် မြို့တွင်း လမ်း ၄လမ်း ကွန်ကရစ်ခင်းခြင်း၊ ကျောက်စီရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများအား နိုဝင်ဘာ (၁) ရက်နေ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Read more

သပိတ်ကျင်းမြို့နယ်ပါတီ လစဉ်ပုံမှန် အစည်းဝေးကျင်းပ

14915265_1118064721622343_7323697668400808338_n

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် အစည်း အဝေးကို နိုဝင်ဘာ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြင့်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမြမြစိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များ အင်အား(၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးကိစ္စများ၊ ရှေ့လုပ်ငန်းစဉ် များကို အပြန်လှန် ဆွေးနွေးတိုင်ပင်၊ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ဘုန်းတော်ကြီးကျောင်းဆောက်ရန် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ငွေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် အလုံအုပ်စု အလုံမြောက်ရွာတွင် ဘုန်းတော်ကြီးကျောင်း တည်ဆောက် ရန်အတွက် ရပ်မိရပ်ဖများ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဝင်များက ဆောင်ရွက်လျက်ရှိသည်။

kyankhin

(more…)


Read more

ကျိုက်ထို ပြည်ခိုင်ဖြိုးပါတီမှ ရွှေဘုံသာဘုရားဝန်းကျင် သန့်ရှင်းရေး ပြုလုပ်

14962569_1692425697736611_1798014758318362269_n

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ အမျိုးသ္မီးရေးရာတို့ ပူးပေါင်းကာ နိုဝင်ဘာလ(၂)ရက်နေ့က ကျိုက်ထိုမြို့နယ် ရွှေဘုံသာဘုရားဝန်းကျင် အတွင်းရှိ မြက်ပင်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းများဖြင့် သန့်ရှင်းရေးပြုလုပ်ကာ စုပေါင်း ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။

# ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ

Read more