၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မိသားစုဝင် ကျောင်းသူ ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနချုပ် မိသားစုဝင် ကျောင်းသားကျောင်းသူ များအား၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ (၁၇) ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်အတွင်းရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ခဲ့သည်။

15073308_680985688737612_8196912915511325290_n 15129025_680985748737606_1617232897731650430_o

(more…)


Read more

လပွတ္တာမြို့ ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ်စေတီတော် ကန်တော့ပွဲ မေတ္တာသုခဝေနေယျတန်ဆောင်းတော်ဖွင့်ပွဲ ဗုဒ္ဓပူဇနိယပွဲတော် ၁ဝ၈ ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော်ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ လပွတ္တလုပ်(တောင်) ကျေးရွာ အုပ်စု ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ် စေတီတော် (၂၄)ကြိမ်မြောက် ဆီမီး ၁ဝဝဝ၊ ပန်း ၁ဝဝဝ၊ ရေတော် ၁ဝဝဝ၊ ကန်တော့ပွဲ ၁ဝ၈ ပွဲ ကပ်လှူပူဇော်ပွဲနှင့် မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ မေတ္တာသုခဝေနေယျ တန်ဆောင်းတော်ဖွင့်ပွဲ နှင့်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အခမ်းအနားကို ယခုလ ၁၄ ရက်တွင် အဆိုပါစေတီ၌ ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှိုင်ဦးနှင့် အလုပ်အမှုဆောင်များ၊ လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ နယ်လှည့်သစ္စာဓိဋ္ဌာန် စတုဒိသာ အလှူရှင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

????????????????????????????????????

(more…)


Read more

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစု ဆွမ်းသပိတ်အလုံး၁ဝဝ နှင့်လှူဖွယ်ဝတ္ထုများလှူဒါန်း

မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက် နဂါးရုံမဟာဗောဓိစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆွမ်း သပိတ်အလုံး ၁၂ဝဝ ကျော် လှူဒါန်းဆက်ကပ်ပွဲကို ယခုလ ၁၄ ရက် နံနက် ၄ နာရီက ယင်းစေတီတော်ရှိ ပညာဓိကတန် ဆောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ၊ နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ ဆွမ်းသပိတ် အလုံး ၁ဝဝ နှင့် လှူဖွယ်ဝတ္ထုများ ပါဝင်လှူဒါန်းကြောင်း သိရသည်။

 

15107319_680989218737259_844203689298121450_n

(more…)


Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခွဲ အင်ပင်၌ ဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြန်အောင်မြို့နယ် ရုံးခွဲကို ယခုလ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့က အင်ပင်ရှိမြို့နယ် ပါတီကော်မတီဝင် ဦးအုန်းသိန်း နေအိမ် (ဟင်္သာတ-မြန်အောင်ကား လမ်းမကြီး) တွင် ဖွင့်လှစ်ခဲ့သည်။

myan-aung

(more…)


Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲပြုလုပ်

15055842_1131943143567834_6147156721959958781_n

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ (၁၆) ရက်က ကျင်းပပြုလုပ်ရာ ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဥက္ကဌ ဦးကြည်ပြုံး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး များမှ စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ပြည်နယ်ပါတီ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက် နေ့လည် (၁) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

u-yar-wan-jone

(more…)


Read more

ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး လပွတ္တာခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ် အမှုဆောင်များ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် နိုဝင်ဘာ (၁၅) ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ လပွတ္တာခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

lpt-uho

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင် နှင့် ဇနီးဒေါ်ဝေဝေ မိသားစု ဘိုး/ဘွားများအား လှူဖွယ်ပစွည်းများ လှူဒါန်း

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတိုင်​ပင်​ခံ ဝဏ္ဏ​ကျော်​ထင်​ ဦးဥာဏ်​ထွန်း​အောင်​နှင့်​ ဇနီ ​ဒေါ်​ဝေ​ဝေ မိသားစုမှ နိုဝင်​ဘာ(၁၂)ရက်​​နေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့/အနောက် ကျေးရွာများရှိ ဘိုးဘွား (၁၂၂)ဦးအား ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီး ဒေါ်ဝေဝေ မိသားစုတို့မှ လှူဖွယ်ပစ္စည်း များနှင့် ပူဇော်ကန်တော့ကြသည်။

14956041_377302475994488_6079002450983632066_n

(more…)


Read more

ဟင်္သာတမြို့ ကျုံတွမ်(တောင်)ရွာမလမ်း ကျောက်ကြမ်းမြေသားလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ကျုံတွမ်(တောင်) ရွာမလမ်း ကျောက်ကြမ်းမြေသား လမ်းဖွင့်ပွဲ အခမ်း အနားကို ယခုလ ၁ဝရက် ညနေ ၆နာရီတွင် အဆိုပါလမ်း၌ပြုလုပ်ရာ လမ်းဖြစ်မြောက်ရေး မတည်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များတက်ရောက်ကြသည်။

uho

(more…)


Read more

ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို ယခုလ (၁၂) ရက်နှင့် (၁၃) ရက်နေ့များတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

14955951_1128271077268374_8952185615548710862_n

(more…)


Read more