Author: USDP 2016
ဗဟိုကော်မတီဝင် ကျောက်ဖြူခရိုင်/မြို့နယ်၊ ရမ်းဗြဲမြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှသည် နိုဝင်ဘာ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီကော်မတီဝင် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရမ်းဗြဲမြို့နယ် ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား တွေ့ဆုံခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပါတီတွင်းစည်းလုံးရေးကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အခြေအနေများနှင့် ပါတီ၏စည်းရုံးရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

Read more
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အလှူငွေများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဆိုင်နွမ်း၊ ဒေါ်ဝါဝါထွေးတို့လိုက်ပါလျက် နိုဝင်ဘာလ (၁၈) ရက် နံနက် (၉) နာရီအချိန်က အမျိုးသမီးနှင့်ကလေးဆေးရုံတွင် တက်ရောက်ဆေးကုသနေသော အဆုတ်ဝေဒနာရှင် မောင်ထွန်းဇော် နှင့် ကင်ဆာရောဂါဝေဒနာရှင် မောင်ဝေလင်းကျော်တို့အတွက် ဆေးကုသရန်စရိတ် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂ဝဝဝဝ ကို လူနာရှင်မိဘများထံ လက်ရောက်ပေးအပ်လှူဒါန်းပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
Read moreဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းမိသားစုမှ လှူဒါန်းသော ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စု ပျဉ်းမချောင်း ကျေးရွာ ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓါစာရ၏သြဝါဒအားခံယူ၍ အများပြည်သူများမှ အသစ်ပြန်လည် တည်ထားကိုးကွယ်သည့် ရှေးဟောင်းစေတီတစ်ဆူဖြစ်သော “နဝင်းဓာတ်ခံ ထွတ်ဘုန်းလျှံ” စေတီတော်၌ တင်လှူပူဇော်မည့် ပင်မထီးနှင့် အရံစေတီလေးဆူ အတွက်ထီးတော်များအား ကျောင်းတိုက်သို့ ပင့်ဆောင်သည့်အခမ်းအနားကို ယခုလ ၁၁ ရက် နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

Read more
ပေါင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့်အဖွဲ့ ပြည်သူကို အရေးပေါ်အကူညီပေးနိုင်ရန် RESCUE သင်တန်းတက်
မွန်ပြည်နယ် ပေါင်မြို့နယ် စိတ္တသုခလူမှုကူညီရေး (ပေါင်မြို့)မှ ကြီးမှူး ကျင်းပပြုလုပ်သော လျှပ်တပြက် ကယ်ဆယ်ရေး အခမဲ့သင်တန်းကို နိုဝင်ဘာ (၁၇) ရက် နံနက်ပိုင်းက ပေါင်မြို့ စိတ္တသုခလူမှုကူညီရေး အသင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိရာ ယင်းလျှပ်တပြက် အရေးပေါ်ကယ်ဆယ်ရေးသင်တန်းသို့ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော်မတီဝင်များမှ ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ကူညီကယ်ဆယ်နိုင်ရန် သင်ယူလျှက်ရှိသည်။

Read more
“Green Sky “ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်
” Green Sky ” ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာ သီးသီးမှ လူငယ်များစုစည်း၍ ” Green Sky ပရဟိတလူငယ်အဖွဲ့” အား ဖွဲ့စည်းခြင်းကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှ၊ မောင်တောခရိုင်ပါတီဥက္ကဌ ဦးထွန်းလှစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့်အဖွဲ့သည် နိုဝင်ဘာ (၁၇) ရက် နံနက် (၉) နာရီခွဲအချိန်က မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်သို့ သွားရောက်ပြီး ရဲမှူးချုပ် စန်းလွင်နှင့်တွေ့ဆုံကာ ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲဝင်များနှင့် တပ်ဖွဲဝင်မိသားစုများအား ဆန်အိတ်(၅၀) ပေးအပ် လှူဒါန်းခဲ့သည်။

Read more













