Author: USDP 2016
နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေ အကျပ် အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီများ ဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီများမှ နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်းများအပေါ် ကိုင်တွယ် ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးချုပ်တွင် နိုဝင်ဘာ (၂၈) ရက် နံနက် ၁ဝ နာရီက ဆွေးနွေးခဲ့ကြသည်။

Read more
သံတွဲခရိုင်/မြို့နယ်ကော်မတီဝင်များ အမကကျောင်းနှင့် မူလွန်ကျောင်းများသို့ သွားရောက်လှူဒါန်းမှုပြု
သံတွဲခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌများ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းသန်းဌေးနှင့် အဖွဲ့ဝင် ဒေါ်နှင်းအိအိလင်းတို့ ဦးဆောင်သော အမျိုးသမီးရေးရာအဖွဲ့နှင့် လူငယ်အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၈) ဦးသည် နိုဝင်ဘာ (၂၈) ရက် နံနက် (၁၁) နာရီအချိန်က သံတွဲမြို့နယ် အမက တလင်းဆိပ်နှင့် မူလွန် ဥယျဉ်ကွင်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများအား ကျောင်းစိမ်းလုံချည်နှင့် ကျောင်းသား၊ကျောင်းသူ (၁၈၀) ဦးအတွက် သွားတိုက်ဆေး၊ သွားတိုက်တံများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
Read moreမဘိမ်းမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ပေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့နှင့် မန္တလေးမြို့ မေတ္တာစမ်းရေ ပရဟိတအဖွဲ့မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာ နွယ်နွယ်ဦး၊ သားဆက်ခြားဆရာဝန် ဒေါက်တာဖောင်ခမ်းတို့ ပူးပေါင်း၍ မျက်စိအခမဲ့စမ်းသပ်ခြင်း၊ မျက်မှန်အခမဲ့ တပ်ဆင် ပေးခြင်း၊ မျက်စဉ်း အခမဲ့ပေးခြင်း၊ အားဆေးအခမဲ့ပေးခြင်း၊ သားဆက်ခြားအခမဲ့ပြုလုပ်ပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာလ (၂၆) ရက်မှ (၂၇) ရက်နေ့အထိ မြို့နယ်ပါတီရုံး၍ ဆောင်ရွက်ပေးခဲ့ရာ မျက်စိလူနာ (၄၇၀) ဦးအနက် (၄၂၀) ဦးအား အခမဲ့ မျက်မှန်တပ်ဆင်ပေးခြင်း၊ သားဆက်ခြားလူနာ (၇၀) ဦးအား သားဆက်ခြား ဆောင်ရွက်ပေးခြင်းနှင့် လူနာပေါင်း (၅၄၀) ဦးအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Read moreကျောင်းသားကျောင်းသူများနှင့် စစ်ဘေးရှောင်စခန်းအတွက် လှူဒါန်းမှုပြု
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် (၈) ရပ်ကွက်၊ လီဆူကုန်း ရှိ မန်တုံမြို့နယ် အတွင်းရွာများမှ စစ်ဘေးရှောင် ပြည်သူများအား ပြည်နယ်၊ ခရိုင်နှင့် နမ္မတူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ နိုဝင်ဘာ (၂၆) ရက်နေ့က သွားရောက်၍ ကျောင်းနေအရွယ် ကလေးသူငယ် များအတွက် သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။
Read moreမတ္တရာမြို့နယ်ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးလှမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူးများ၊ အမှုဆာင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
Read moreကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်များ အသစ်ပြင်ဆင်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများမှ ဟောင်နွမ်းနေသော ရပ်ကျေးပါတီဆိုင်းဘုတ်များအား အသစ်ပြန်လည်တပ်ဆင်လျှက်ရှိရာ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်္ဂဘိုကျေးရွာအုပ်စု ပါတီ ဆိုင်းဘုတ်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။
Read more












