တာချီလိတ်ခရိုင်/မြို့နယ်ပါတီ လပတ်ပုံမှန်စည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်နှင့်မြို့နယ်ပါတီမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပြီး လိုအပ်ချက် များအပေါ် ဗဟိုပါတီကော်မတီဝင် များဖြစ်သည့် ဦးရှာမွေလရှဲန်၊ ဦးဝီလ်ဆင်မိုးတို့မှ အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအတွက် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ အလှူငွေ ဘတ် (၁)သောင်း မတည်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read more

ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က လွှတ်တော်တွင် အရေးကြီးအဆိုတင်

13081804_1136480829709399_320826700_n

ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်စေမှုတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆို တစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ အရေးကြီးအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားကို ဥက္ကဋ္ဌက တောင်းခံရာ ကန့်ကွက် သူမရှိ ထောက်ခံခဲ့သဖြင့် လက်ခံဆွေးနွေးရန် သဘောတူလိုက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အမည် စာရင်း ပေးသွင်းရမည်ဖြစ်သည်။

Read more

ဇီးကုန်းပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို ယခုလ (၂၆) ရက် နံနက် (၁ဝ) နာရီက ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

Read more

မကွေးတိုင်းဒေသကြီးပါတီ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ၏ အပတ်စဉ် အစည်းအဝေးကို နိုဝင်ဘာ (၂၈) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

Read more

နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေ အကြပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ (၁၃)ပါတီ၏ ပူးတွဲသဘောထား ကြေညာချက်

15241890_687005671468947_1040926371285003212_n 15267630_687004388135742_7024263636993290049_n

(more…)


Read more

Billboard အယ်လ်ဘမ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာတဲ့ နာမည်ကျော် Metallica အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်

နာမည်ကျော် ဟဲဗီးရော့ခ်ဂီတအဖွဲ့ Metallica ရဲ့ အယ်လ်ဘမ်အသစ်ဟာ R&B အဆိုတော် Bruno Mars နဲ့ ကျေးလက်အဆိုတော် Miranda Lambert တို့ရဲ့ အယ်လ်ဘမ်တွေကို ကျော်ဖြတ်ပြီး US Billboard အယ်လ်ဘမ် ဇယားရဲ့ ထိပ်ဆုံးနေရာကို ပြီးခဲ့တဲ့ တနင်္လာနေ့က ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

metallica

(more…)


Read more

ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်း/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီ (၄၅) မိနစ်က ရန်ကုန် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းပါတီနာယက ဦးနန္ဒကျော်စွာ၊ ဦးစိန်တင်ဝင်း၊ တိုင်းပါတီကော်မတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။

Read more

အစာ စားပြီးပြီးချင်း မပြုလုပ်သင့်သည့် အန္တရာယ်ရှိ အပြုအမူများ

အစာစားသောက်ခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အဟာရဓါတ်ဖြည့်ပေးနိုင်တဲ့ တစ်ခုတည်သော နည်းလမ်း ဖြစ်တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစားကောင်းတွေ၊ အဟာရပြည့်ဝတဲ့ အစားတွေ နေ့စဉ်နဲ့အမျှ စားနေ ပေမယ့် တချို့သော အပြုအမူအမှားတွေကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကောင်း အကျိုးမဖြစ်ထွန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားပြီးနောက်ပိုင်းမှာ ရှောင်ကျဉ်သင့်တဲ့ အပြုအမူ (၇)ချက်ကို ဖော်ပြပေးချင် ပါတယ်။

new-picture-2

(more…)


Read more

Facebook က Wi-Fi Finder ကို စမ်းသပ်လျက်ရှိ

Facebook သည် အနီးအနား ပတ်ဝန်းကျင်ရှိ Wi-Fi ရှိရာကို တိုက်ရိုက်ညွှန်ပြပေးမည့် feature ကို စမ်းသပ်လျက် ရှိကြောင်းသိရသည်။

85843545

(more…)


Read more

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ပြည်ခရိုင် မီဒီယာတာဝန်ခံ ဦးအောင်ဇော်အေးတို့အဖွဲ့သည် နိုဝင်ဘာ (၂၈) ရက် နံနက် (၉) နာရီက ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြည်မြို့နယ် ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်များ စိစစ်ခြင်းပြီးစီးမှုရှိမရှိ၊ ရေးရာကဏ္ဍများအခြေအနေများကို ကျစ်လျစ် ခိုင်မာစွာရှိရေး၊ မြို့နယ်ကော်မတီဝင်များအား ရေးရာအလိုက် တစ်ဦးချင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

Read more