မြန်မာပြည်တွင်းရေးအား ဖိအားပေးသော မလေးရှားဝန်ကြီးချုပ်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများ ဆန္ဒပြ

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖိအားပေးသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများက ဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာ (၄)ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။ (more…)


Read more

မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲနှင့် နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးရက် ရွှေ့ဆိုင်း

မူဆယ်မြို့တွင် ဒီဇင်ဘာလလယ်၌ တစ်နှစ်ခြားတစ်ကြိမ် ကျင်းပနေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည် ပြပွဲနှင့်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးကို နယ်မြေဒေသလုံခြုံရေး အခြေအနေကြောင့် ယာယီအချိန် ရွှေ့ပြောင်းထားရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


Read more

ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းစစ်သည် များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်ဖြင့် စွန့်လွှတ်ခဲ့ကြ စွန့်လွှတ်နေကြသည့် အညတရ စစ်သည်တော်များကို ဂါရဝပြုခြင်းအခမ်းအနားကို ဒီဇင်ဘာ (၄) ရက်က စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်ကို ချစ်ခင် ယုံကြည် လေးစားအားကိုးသော ပြည်သူများက ရန်ကုန်မြို့၊ သူရဲကောင်းစစ်သည်ဗိမ္မာန်တွင် ကျင်းပခဲ့ကြသည်။
စစ်သည်တော်ဟောင်းကြီးများ ဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ဦးခင်မောင်စိုး စသည့် ပြည်ခိုင်ဖြိုးအကြီးအကဲများလည်း တက်ရောက် အလေးပြုခဲ့ကြပြီး အညတရ စစ်သည်တော်များအတွက် လွမ်းသူ့ပန်းခြင်း ပို့ချခြင်း၊ စွန့်လွှတ်ခဲ့သူများ၏ မိသားစုဝင်များက ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်း အညတရစစ်သည်တော်များ ကောင်းရာဘုံဘဝတွင် ကျေနပ်နှစ်သိမ့်နိုင်ရန် ရည်စူး၍ မိုးပျံပူဖောင်း အဖြူအမည်းများ လွှတ်တင်ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read more

အပ်ကုန်ကားများ စလစ်ကပ်မှတ်ပုံတင်ခွင့် နောက်ဆုံးအကြိမ် ခြောက်လသက်တမ်း တိုးပေးမည်

မော်တော်ကား အရောင်းစင်တာများမှ Consignment (အပ်ကုန်စနစ်) ဖြင့် ရောင်းချရန် တင်သွင်းထားသော မော်တော်ကားများ စလစ်ကပ်မှတ်ပုံတင်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် ခြောက်လသက်တမ်း တိုးပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။ (more…)


Read more

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့ မြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လူငယ်ရေးရာ အမျိုးသမီးရေးရာ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး တာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်


Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

နမ္မားဒေသ တောင်အင်းကျေးရွာ အုပ်စု ကသဲကုန်းနှင့်တောင်အင်းကျေးရွာတွင် နမ္မား နန်းခမ်းလူငယ်သွေးသစ်မျိုးဆက်သစ်ဦးတင်ဌေး ဦးဆောင်သော အဖွဲ့များက အမက စာသင်ကျောင်းများတွင် အဟာရလှူဒါန်းခြင်း ဗလာစာအုပ်လှူဒါန်ရာ မိုးညှင်းမြို့နယ်အတွင်းရေးမှူးဦးဌေးဝင်း ကော်မတီဝင်ဦးခိုင်ဇော်ထွန်း(နမ္မားတာဝန်ခံ)- ဒေါ်ခင်မာအေး အရန်ကော်မတီဦးမြဝင်း ရပ်ကျေးစည်းမှူး ဦးမင်းနွယ် လူငယ်ကေဒါ ဒေါ်စိုးဟေမာတို့က တက်ရောက်အားပေးကူညီခဲ့ကြောင်း သတင်းရ


Read more

“အမျိုးသားပြန်လည်သင့်မြတ်ရေး ဘာလဲ၊ ဘယ်လဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၄၊ ဒီဇင်ဘာ (၄) ရက်နေ့တွင် ပြုလုပ်သည့် DVE Debate ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်း ၏ ဆွေးနွေးချက် အချို့


Read more

ပါတီဗဟိုကော်မတီဝင် ဦးဦးလှထွန်း မြောက်ဦးခရိုင်/မြို့နယ်ပါတီ ကော်မတီ ဝင်များ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပါတီဗဟိုကော်မတီဝင်၊ ရခိုင်ပြည်နယ်ပါတီကော်မတီဝင် ကျောက်တော်/ မြောက်ဦးမြို့နယ်တာဝန်ခံ ဦးဦးလှထွန်း သည် ဒီဇင်ဘာ (၃) ရက်နေ့ မွန်းတည့် ၁၂ နာရီက မြောက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီးရုံး အစည်းအဝေး ခန်းမ၌ မြောက်ဦးခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရုံးအဖွဲ့ဝင်များသည် ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီပိုင်ဆိုင်ရာ လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Read more

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အသက်၇ဝနှင့်အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထုများပူဇော်ကန်တော့

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီက စီအင်ကျေးရွာရှိ အသက် ၇ဝ နှင့် အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထု များပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စီအင်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဖိုင် ဇော်အောင်၏အိမ်၌ကျင်းပရာ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစောမိုးကျော် နှင့်မြို့နယ်ပါတီကော်မတီဝင်များတက်ရောက် ပူဇော်ကန်တော့ကြသည်။

Read more

ဒီမိုကရေစီနှင့်ဆက်သွယ်ရေးဥပဒေ မိုးညှင်းမြို့တွင်ဆွေနွေး

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးကကြီးမှူး၍ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဆွေးနွေးပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀) နာရီတွင် ခရိုင်ပါတီရုံးခန်းမ၌ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်
ဦးကျော်စိုးလေးက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် မီဒီယာနှင့်ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဦးသန်းအောင်က ပါတီ၏ မီဒီယာရှေ့လုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပါတီဥပဒေအကြံပေး ဦးတင်လှိုင်က သတင်းမီဒီယာနှင့် ဆက်သွယ်ရေးဥပဒေ ကိုလည်းကောင်း၊ ဦးရွှေကြည်က သတင်းအခြေအမြစ်ခိုင်မာမှုနှင့် သတင်းရေးသားတင်ပြခြင်း ဆိုင်ရာကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

Read more