ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း/ခရိုင်/မြို့နယ် စုံညီအစည်းအဝေးကျင်းပပြုလုပ်

ယနေ့ 6.12.2016ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီ၊ခရိုင်ပါတီ၊မြို့နယ်ပါတီများ စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးအောင်ချိုဦးနှင့်ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီကော်မတီဝင်များ၊ပြည်ခရိုင်၊သာယာဝတီခရိုင်တို့မှ ခရိုင်ပါတီဥက္ကနှင့်ကော်မတီဝင်များ၊မြို့နယ်(၁၄)မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ကြပါသည်။


Read more

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် ပါတီဝင်များက ကထိန်သင်္ကန်းနှင့် ပဒေသာပင် ကပ်လှူပူဇော်၍ ရေစက်ချ အမျှပေးဝေကြပြီး ဆရာတော်ကြီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆွမ်းရေချမ်း ဆက်ကပ်ပူဇော်ကြသည်။ ဆက်လက်၍ ကထိန်အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်လာသော ပါတီဝင်များနှင့် ဒေသခံပြည်သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။ သက်နောင်ဦး(ငါန်းဇွန်)

ယနေ့ ခင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းမြင့် ဦးဆောင်သောအဖွဲ့ အင်တိုင်းလေး
ရွာသစ်ကုန်း ရွှေပန်းကုန် သရက်ပင်စု ယာတော် မုံလှကျေးရွာများသို့သွားရောက်ကာ ရပ်မိရပ်ဖ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အမာခံစီစစ်ခြင်းကို ရေးရာအဖွဲ့များ၊ မီဒီယာ အဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Read more

ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။

Read more

ပြည်ထောင်စုနယ်မြေပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြား

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၅) ရက် နံနက် ၁ဝနာရီက လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

Read more

လှိုင်သာယာမြို့နယ်ပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေဆုံပွဲကို ဒီဇင်ဘာ (၅) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာ တွဲဘက် တာဝန်ခံ ဦးလှထွန်းဦး မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ အတွင်းရေးမှူး မြောက်ပိုင်းခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Read more

လွှတ်တော်မှစိုးရိမ်ကြောင်း အရေးကြီးအဆိုရှုံးနိမ့်ခဲ့ ရှမ်း(အရှေ့) မက်မန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အဆိုကို ထောက်ခံဆွေးနွေး

ရှမ်းအရှေ့မြောက်ဒေသတွင် လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ကြောင့် အပြစ်မဲ့ပြည်သူများ သေကျေ ခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို တစ်ရပ်ကို မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက နိုဝင်ဘာ ၂၉ ရက်က တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရာအဆိုကို ဆက်လက် ဆောင် ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် အဆိုမှာ ရှုံးနိမ့်ခဲ့သည်။

Read more

ဆန္ဒပြတာ အစိုးရအလုပ် မဟုတ်ဟု မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ပြောကြား

မြန်မာနိုင်ငံမှ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနှင့် လူထုဆန္ဒ ပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသား ဖော်ပြသည်။

malaysia

(more…)


Read more

မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၄ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။ (more…)


Read more

UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် အကြောင်းပြန်ပြီးဖြစ်ကြောင်း PNLO ဦးဆောင်နာယကပြော

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း UNFC သို့ အကြောင်းပြန်ကြားထားပြီး ဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ PNLO ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ (more…)


Read more