Author: USDP 2016
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနိုင်ငံရေး သင်တန်းကျောင်းအဖွဲ့ နှင့်တွေ့ဆုံ
ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်းအဖွဲ့တို့ တွေ့ဆုံ ပွဲကို ဖေဖေါ်ဝါရီလ(၈) ရက် နေ့လည် (၂း၁၅)နာရီမှ ညနေ(၃း၁၅)အချိန်အထိ ပြည်နယ်ပါတီရုံး ပြည်နယ် ပါတီဥက္ကဌရုံးခန်း၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင်များနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံရေးဆိုင်ရာ ဌာနေကိုယ်စားလှယ် Bram Steenhuisen (ကိုကောင်းစံ) ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Read moreတောင်ကုတ်မြို့နယ်ပါတီ ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့် ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် (အရံဗဟိုကော်မတီဝင်) ဦးထွန်းဝေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီး၊ အတွင်းရေးမှူး ဦးကျော်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် များ၊ တက်ရောက်ခဲ့ကြသည်။
ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပညာရည်ချွန်ဆုပေးပွဲပြုလုပ်
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ၂ဝ၁၅-၂ဝ၁၆ မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ရမ်းဗြဲမြို့နယ်မြေပုံရွာ မြေပုံအထက(ခွဲ)ကျောင်း ခန်းမ၌ ယခုလ ၆ရက် မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Read moreတိုက်ကြီးမြို့နယ်ပါတီ နယ်မြေဒေသအလိုက် ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါတီ၏လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် ဖေဖော်ဝါရီ (၉) ရက် နံနက်(၁၀း၃၀)အချိန်မှစတင်ကာ တော်လတီဒေသ၊ အိုင်ကလောင်ဒေသနှင့် အဖျောက်ဒေသရှိ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံကာ ပါတီ၏လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Read moreပျဉ်းမနားမြို့နယ်ပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲကျင်းပ
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၂/၂၀၁၇)နှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲအခမ်းအနားကို (၉-၂-၂၀၁၇) ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ် ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များl ရပ်ကျေး(၃၆)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ကိုကြိုဆို တွေ့ဆုံပွဲ နှစ်စဉ်ကြေးပေးအပ်ပွဲနှင့် ထမနဲထိုးပွဲကျင်းပ
နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုထောက်ခံသောအားဖြင့် ကြို့ပင်ကောက်မြိုပနယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီခန့်က ထမနဲထိုးပွဲ၊ တွေ့ဆုံပွဲ နှင့် လစဉ်ကြေး ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးက ပါတီဝင်များအား ယနေ့ကျင်းပသည့် အခမ်းအနားနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီဝင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ပြည်ခိုင်ဖြိုးပါတီနှင့်ပ တ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။










