နှစ် (၇ဝ)ပြည့် ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖလား ပခုက္ကူခရိုင်ရှိ ငါးမြို့နယ် ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲအား ခရိုင်ပါတီရုံးဝင်းအတွင်းရှိ အား ကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲအားမျိုးဆက်သစ် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဘော်လီ ဘောအားကစားတိုးတက်ဖွံ့ဖြိုးလာ စေရန်နှင့် မြို့နယ်၏ဂုဏ်၊ ခရိုင်၏ ဂုဏ်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲအား ယနေ့မှ ယခုလ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပခုက္ကူခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းအေးဦးဆောင်သော ပြိုင်ပွဲ ကျင်းပရေးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ပခုက္ကူခရိုင် ပါတီကိုယ် စားပြုအသင်း၊ ပခုက္ကူမြို့နယ် ကိုယ်စားပြုအသင်း(က)၊ (ခ)နှင့် (ဂ)၊ ရေစကြိုမြို့နယ်ပါတီကိုယ် စားပြုအသင်း၊ မြိုင်မြို့နယ်ပါတီ ကိုယ်စားလှယ်ပြုအသင်းနှင့် ဆိပ် ဖြူမြို့နယ်ပါတီကိုယ်စားပြုအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်
Read more