UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ကြောင်း SSPP/SSA အတည်ပြု

ညီညွှတ်တော်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်စာတင်ထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ စိုင်းဘုန်းဟန်က အတည်ပြုပါသည်။

Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း

 

နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံ ကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့သည်။

Read more

ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

Read more

မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။

Read more

ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အား ယနေ့ နံနက်၁ဝနာရီက စဥ့်ကူးမြို့နယ် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲနှင့်ပတ်သက်၍ ဒိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး မုံရွာ ချောင်းဦး ဘုတလင် အရာတော်မြို့နယ်များမှ ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းဒေသကြီး တာဝန်ခံ) ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၁နာရီ တွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံး ပြည်ထောင်စုခန်းမ၌ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ မုံရွာ မြို့နယ် အတွင်းရှိ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။

Read more

ပြလို့ကျေးရွာ ရှစ်မျက်နှာကျောင်းတိုက် ရေထိန်းနံရံအတွက် သဲအိတ်များဖြည့်တင်းပေးပြီး လုပ်အားဒါနကုသိုလ်ယူ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာအဖွဲ့များမှဦးဆောင်၍ အောင်လံ မြို့နယ် ပြလို့ ကျေးရွာ ရှစ်မျက်နှာကျောင်းတိုက်ကမ်းပါးပြိုခြင်းမှကာကွယ်ရန် သဲအိတ် များဖြည့်တင်း၍ ရေကာတာအတွင်းချထားခြင်းလုပ်ငန်းကို ယမန် နေ့ နံနက် ၁ဝနာရီမှ ညနေ ၅နာရီအထိ ကုသိုလ်ယူဆောင်ရွက် ပေးခဲ့သည်။

Read more

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးလှသိန်း ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များတွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီတွင် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းနှင့်အတူ တိုင်းဒေသကြီး ကော်မတီ ဝင်ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးတို့လိုက်ပါ၍ ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။ ယင်းနောက် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ရှေ့လုပ်ငန်းစဉ်များ အားဆွေးနွေးမေးမြန်းရာ ပါတီဥက္ကဋ္ဌဦးကျော်ဆန်းဦးက ကျောက်တံခါးမြို့နယ်၊ ရပ်ကွက်၊ကျေးရွာရေးရာအလိုက် ပါတီဝင်တိုးချဲ့ဖွဲ့စည်းထားမှုနှင့် မြို့နယ် အတွင်း ပါတီဝင်များ၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။

Read more

မိဘမဲ့ကလေးငယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလှူငွေများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယမန်နေ့နံနက် ၁၁နာရီခွဲကနေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ စမတောင်တော် မဟာပရဟိတ-စမတောင် လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့သွားရောက်ကာ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ စမတောင်တော် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ မိဘမဲ့ ကလေးငယ်များ၏ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရေးအတွက် စမတောင်တော် ဆရာတော် ဘဒ္ဒန္တÓဏိန္ဒ ထံသို့ အလှူငွေကျပ် ၉၅ဝဝဝ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more