အမေရိကန်ဖျက်သင်္ဘောနှင့် ဆီတင်သင်္ဘောတိုက်မိသောကြောင့် သင်္ဘောသား ၁၀ ဦးပျောက်ဆုံး

အမေရိကန်ဖျက်သင်္ဘောတစ်စင်းနှင့် ဆီတင်သင်္ဘောတစ်စင်းတို့ စင်္ကာပူအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်၌ တနင်္လာနေ့မနက်ပိုင်းတွင် မတော်တဆ တိုက်မိခဲ့သောကြောင့် အမေရိကန်သင်္ဘောသား ၁၀ ဦးခန့် ပျောက်ဆုံး နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက် နေလျက် ရှိသည်။

Read more

နှစ်တစ်ရာအတွင်း ပထမဆုံး နေအပြည့်ကြတ်မှုကို ကြည့်ရန် အမေရိကန် ပြည်သူသန်းပေါင်းများစွာ ပြင်ဆင်

အမေရိကားတိုက်တွင် နှစ်ပေါင်း ၉၉ နှစ်အတွင်း ပထမဆုံးဖြစ်ပေါ်မည့် သြဂုတ် ၂၁ ရက် နေအပြည့်ကြတ်မှုကို ကြည့်ရှုရန် တောင်ကယ်ရိုလိုင်းနားပြည်နယ် ချားလီစတန်သို့ လူများတစ်ဖွဲဖွဲ ရောက်ရှိသည်။ မဟာအမေရိကန် နေကြတ်မှုကြီးဟု တင်စားခေါ်နေသည့် ယခုနေအပြည့်ကြတ်မှုသည် နိုင်ငံ၏ အနောက်မြောက်မှ အရှေ့တောင်သို့ ဓားလွယ်ခုတ် ဖြစ်ပေါ်မည်ဖြစ်သည်။

Read more

အင်ဒိုအလံကို ပြောင်းပြန် ပုံနှိပ်မိလို့ မလေးတောင်းပန်

တကယ်ဖြစ်ရမှာ အနီ အပေါ် အဖြူ အောက်။

မလေးရှားနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ အရှေ့တောင် အာရှအားကစားပွဲတော် အထိမ်းအမှတ် ထုတ်ဝေတဲ့ ဧည့်လမ်းညွှန်စာအုပ်ထဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အလံကို ပြောင်းပြန် ဇောက်ထိုး ပုံနှိပ်မိခဲ့တဲ့ အမှားအယွင်းအတွက် မလေးရှားအာဏာပိုင်တွေဘက်က တောင်းပန်လိုက်ပါတယ်။ ကွာလာလမ်ပူမြို့တော်မှာ စနေနေ့တုန်းက လုပ်ခဲ့တဲ့ အားကစားပွဲတော် ဖွင့်ပွဲမှာ ဒီအမှားအယွင်းကို လူအများ သတိထားမိလာပြီး အင်ဒိုနီးရှား နိုင်ငံသားတွေ မကျေမနပ်နဲ့ ဆိုရှယ်မီဒီယာတွေပေါ် “မလေးရှား ရှက်ဖွယ်” ဆိုပြီး အုံလိုက်ကျင်းလိုက် ရေးသား လာကြပါတယ်။

Read more

ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးအင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့် ခံပွဲသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ည ၇နာရီအချိန်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့တက်ရောက်ခဲသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း၊အင်ဒိုနီးရှားနိုင်ငံတော်သီချင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။


Read more

ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

Read more

မြောက်ကိုရီးယားနိုင်ငံမှရေထွက်ပစ္စည်းများတင်ပို့မှုကို တရုတ်နိုင်ငံပိတ်ဆို့

မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်အကောက်ခွန်ဌာနမှ အာဏာပိုင်များသည် မြောက်ကိုရီးယားမှငါးနှင့် ရေထွက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို စတင်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုများတိုးမြှင့် ရန်တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီးနောက်တွင် တရုတ်နိုင်ငံကထိုသို့ ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် သြဂုတ် ၁၅ ရက်မှစတင်ကာ မြောက်ကိုရီးယားမှဝင်ရောက်လာသည့် ရေထွက်ပစ္စည်း တင်ပို့မှုကို လုံးဝပိတ်ပင်သွားမည်ဖြစ်ကြောင်း စောစီးစွာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Read more

လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အဆုံးအဖြတ်ပေးမယ့်နေ့ ၀င်းနဲ့ဇော် အတွက် ဆုတောင်းပေးကြပါ

ဒီနေ့သည် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံး အဆုံးဖြတ်ပေးမယ့်နေ့လေးမို့ပါ။ အခုတစ်လော fb မှာ တက်နေတဲ့ ဝင်း နဲ့ ဇော် လုံးဝ ကွင်းလုံးကျွတ်လွတ်ပြီ ဆိုတဲ့ သတင်းလုံးဝမဟုတ်ပါဘူး။ မသမာသူတွေက ဝင်းနဲ့ဇော်ကို မေ့သွားအောင် တမင်ဝါဒဖြန့်ထားတာပါ။ ဒါကြောင့်လူအများ သွေးအေးမသွားအောင် SHARE လုပ်ပြီး ဆုတောင်းပေးကြစေချင်ပါတယ်။ ထိုင်းရောက်မြန်မာများ အခုလိုအဖြစ်မျိုးကင်းဝေးကြပါစေ ။ ( 21 .8 . 2017 ) နောက်ဆုံးအယူခံတက်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)အမှုတွင် ကြိုတင် ထွက်ဆိုချက် ပေးခဲ့ကြသောသက်သေ(၃)ဦး)- တရားစီရင်ချက်ချမှတ်ခံထားရသည်မှာ-

Read more

ပြည်တွင်းပုလဲရောင်းချပွဲ အားလုံးရောင်းရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိ

နေပြည်တော် တွင် ပြုလုပ်သည့် (၃၅)ကြိမ် မြောက် ပြည်တွင်းပုလဲရောင်းချပွဲ တွင် ပြသရောင်းချသော ပုလဲအ တွဲအားလုံးရောင်းချရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်း  ပုလဲလုပ်ငန်းဌာနမှူး ဒေါ်မြမြ၀င်း က ပြောသည်။

Read more

မြန်မာနဲ့ ကုန်သွယ်ရေး ခိုင်မာအောင် အိန္ဒိယ လုပ်ဆောင်

အိန္ဒိယနိုင်ငံ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ကြား စီးပွားရေးအရ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် ပြုလုပ်နေတာမှာ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ကြား ကုန်သွယ်ရေး ကောင်းမွန်အောင် လိုအပ် တာတွေ လုပ်ဆောင်နှင့်ပြီး ဖြစ်တယ်လို့ အိန္ဒိယ ဗဟိုအစိုးရရဲ့ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး အမျိုးသမီး ဝန်ကြီး နီရ်မာလာ ဆီထာရာမင်က ပြောပါတယ်။

Read more