ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရှုတ်ချ

ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးက ကြေညာချက်ထုတ်ပြန်သည်။ ဇိတ်ဒ်ရာအတ်ဒ် အယ်လ်ဟူစိန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် အဖွဲ့အစည်းများက ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်သည် လက်ခံနိုင်စရာ မရှိသောကိစ္စဟု ပြောကြားသော်လည်း ထိုဖြစ်ရပ်မျိုးကိုရှောင်လွှဲ တားဆီးနိုင်ခဲ့သင့်ကြောင်း ထောက်ပြသည်။

Read more

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း NCA အတိုင်းဆက်လက်ရပ်တည်ဆဲဟု UNFC ပြော

တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) မထိုးဘဲ နိုင်ငံရေး ဆွေးနွေးမည်ဆိုသော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို NCA အတိုင်း ဆောင်ရွက်မည်ဆိုသည့် မူဝါဒ အပြောင်းအလဲမရှိဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

Read more

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရခိုင်အရေးဆွေးနွေးရန် ဗြိတိန်တောင်းဆို

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန်က တိုက်တွန်း တောင်းဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိနယ်ခြားစောင့် လုံခြုံရေးစခန်းများကို အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက်ရာ လုံခြုံရေး အရာရှိများကျဆုံးခဲ့သည်။ နောက်ဆက်တွဲ အနေဖြင့် ပဋိပက္ခမြင့်တက်လာပြီး တပ်မတော်က နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများစတင်နေသည်။

Read more

မောင်တောဒေသအကြမ်းဖက်မှုအပေါ် ပြည်တွင်း အရပ်ဘက်အဖွဲ့ နှစ်ရာကျော် ဆန့်ကျင်ရှုတ်ချ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က သြဂုတ် ၂၈ ရက် တွင် သဘောထား ထုတ်ပြန်သည်။  အကြမ်းဖက်မှုဖြစ်စဉ်အပေါ် အခြေခံ၍ နိုင်ငံရေးအမြတ်ထုတ်ရန်၊ မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းမှုများကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Read more

ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်း​ရေး အစည်းအ​ဝေး ကျင်းပ

 

ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ရေးပါတီ ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်းရေးအစည်းအ​ဝေးကို (၃၁-၈-၂၀၁၇)ရက်​​နေ့ နံနက်​ (၉)နာရီအချိန်တွင်​ ပြည်​နယ်​ပါတီရုံးအစည်းအ​ဝေး ခန်းမကြီးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

အစည်းအ​ဝေးတွင်​ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ပါတီအလုပ်​အမှု​ဆောင်​​ ဒေါက်​တာ ဦး​အောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ ) တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီး ဗဟိုအလုပ်​အမှု​ဆောင်​ ကချင်​ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက​ ရွေး​ကောက်​ပွဲဆိုင်​ရာ စည်းမျဉ်းစည်းကမ်းများ ကို ဖတ်​ကြားကာ အစည်းအ​ဝေး ပထမပိုင်းအစီအစဉ်​များ​ ခေတ္တရပ်​ နားခဲ့ ပါသည်​။

Read more

ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ

 

ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ၃၀.၈.၂၀၁၇ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တက်ရောက်လာကြသော တိုင်း/ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များမှ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကျပြီးနောက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်း  ဖက်မှုများအား ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အပြစ်မဲ့ကျဆုံးသွားသော ပြည်သူများ၊ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ဂါရ၀ပြုခဲ့ ကြပါသည်။

Read more

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်တက်ရောက်အားပေးချီးမြှင့်

 

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘို    သင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊မြို့နယ် ပါတီဥက္ကဋ္ဌများ၊ပထမအကြိမ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်ကော်မတီဝင်နေရာများ အစားထိုးရွေးချယ်ပွဲ ကျင်းပ

 

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင်​ ကံမမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လစ်​လပ်​သွား​သော ​ကော်​မတီဝင်​​နေရာများ အစားထိုး​ရွေးချယ်​ပွဲကို ၃၀.၈.၂၀၁၇ ရက်​​နေ့ မွန်းလွဲ ၁း၀၀နာရီအချိန်​တွင်​      ကျင်းပပြုလုပ်​ခဲ့ပါသည်​။

အခမ်းအနားသို့ တိုင်းပါတီ​ကော်​မတီ ဘဏ္ဍာ​ရေးမှူး အဖွဲ့​ခေါင်း​ဆောင်​ ဦးကြည်​ထွန်း၊သရက်​ခရိုင်​ပါတီ ​ကော်​မတီဥက္ကဌ ဦးဝင်း​ကျော်​၊ သရက်ခရိုင်​ မီဒီယာတာဝန်​ခံဦးခိုင်​​ဇော်​တို့ တက်​​ရောက်​ပြီး အခမ်းအနားကို ၁၃း၄၅နာရီအချိန်တွင်​ ​အောင်​မြင်​စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်​။

Read more

ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက လစ်လပ်လျက်ရှိသည့် မြို့နယ်ပါတီကော်မတီဝင်နှစ်ဦး၏ နေရာတွင် ကြားဖြတ်အစားထိုး ရွေးချယ်ပွဲကျင်းပခဲ့သည်။

ကြားဖြတ်ရွေးချယ်ပွဲအခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟို ကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ပါတီ ကော်မတီဝင်ဒေါ်အိအိလှိုင်၊ မြို့မိမြို့ဖ ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ကော်မတီဝင်များ၊ ရွေးချယ်ခံကိုယ်စားလှယ်သုံးဦးတို့ တက်ရောက်ကြပြီး လစ်လပ်လျက် ရှိသည့် ကော်မတီဝင်နှစ်ဦးအား ဆန္ဒပြုမဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

Read more

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရိုင် အဆင့် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို သန်လျင်မြို့နယ် မြို့နယ်ပါတီရုံး၌ ယမန်နေ့  နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွေးချယ်ဖွဲ့စည်းရေးသဘာပတိအဖြစ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် ပါတီဥက္ကဋ္ဌ ဦးလွင်ဦးက ရွေးချယ်ဖွဲ့စည်းရေးဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြား သည်။

Read more