နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝနာရီမှစ၍ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ရာ နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘာပတိ ဖြစ်ကြသော ဦးကြည်ထွန်း၊မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (ဘဏ္ဍာရေးမှူး)နှင့် သဘာ ပတိအဖွဲ့ဝင်များ၊ ဦးထွန်းရှိန် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ဦးဘုန်းမော် နတ်မောက်ပြည်ခိုင်ဖြိုး ပါတီ ကြီးကြပ်ရေးကော်မတီတို့နှင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးဇော်လတ်မိုး၊အတွင်းရေးမှူး ဒေါ်အေးမာကြူ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ပုသိမ်ခရိုင်ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။

အထူးအစီအစဉ်အဖြစ် ရခိုင်ဒေသရှိ တိုင်းရင်းသားရခိုင်လူမျိုးများကို ကူညီအားပေးသည့် အနေဖြင့် ရပ်/ကျေး ပါတီကော်မတီများ၊ မြို့နယ်ပါတီကော်မတီများက စုပေါင်းအလှူငွေကျပ် ၁၁၂၇၅ဝ ကို ကောက်ခံရရှိပြီး ကျုံပျော်မြို့နယ် ရွှေပြည်တော်သို့ ဆုံမှတ် အဖွဲ့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်သည်။

Read more

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများအား ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီက လိုအပ်သည့်ပစ္စည်းများ တတ်နိုင်သလောက်ကူညီထောက်ပံ့သွားမည်ဟု ဒေါက်တာစန်းရွှေ ပြောကြား

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ       ဒေသခံရခိုင်တိုင်းရင်းသားများ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး ၄င်းတို့ယာယီတည်းခိုရာနေရာများတွင် စားနပ်ရိက္ခာများနှင့်ဆေးဝါးပစ္စည်းများအစရှိသည် များအား လိုအပ်လျက်ရှိရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီမှတတ်နိုင်သလောက်ထောက် ပံ့ကူညီသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောကြား   လိုက်သည်။

Read more

သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကျောင်းသုံးဗလာစာအုပ်များ စာရေးကိရိယာများနှင့် အာဟာရ မုန့်ထုပ်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်က ယနေ့ နံနက် ၁ဝနာရီက သဲကုန်းတူးမြောင်းကျေးရွာ အုပ်စု တူးမြောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အာဟာရမုန့်ထုပ်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ကြံခင်းမြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြံခင်းမြို့နယ် မြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားအား ယနေ့ (30-8-2017)ရက်နေ့  နံနက်ပိုင်းတွင်ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှင့်ခဲ့ပြီးဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဝင်းနိုင်၊ဦးအောင်ဝင်းဆွေနှင့်ခရိုင်ပါတီ အတွင်းရေးမှူးဦးချစ်ဝင်းတို့မှ သဘာပတိများအဖြစ်ဆောင်ရွက်၍ ခရိုင်ပါတီကော်မတီဝင်များနှင့်ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတင်မောင်ကြိုင်၊ဦးခင်ကျော်ညွန့်နှင့်ရပ်မိရပ်ဖများရှေ့မှောက်တွင် မဲစနစ်ဖြင့်ရွေးချယ်ဆောင်ရွက်ခဲ့ကြပြီး လစ်လပ်နေရာအတွက်ဦးအေးကိုမှ မဲအများဆုံးရရှိခဲ့ပြီး ကတိသစ္စာပြု၍ ကြွေးကြော်သံများဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အလင်းရောင် ကြံခင်း

Read more

အုန်းသီးရည်ကို နှစ်ပတ်ကျော်သောက်ပြီးနောက် သင့်ခန္ဓာကိုယ်အတွက် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

(၁) ခန္ဓာကိုယ်အတွက် ရေဓာတ်ကောင်းစွာရရှိမည်။ အုန်းသီးရည်မှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓါတ်ကို ရရှိစေပါတယ်။ အားကစားသမားများ အားကစားလုပ်ပြီးချိန်တွင် သောက်ရန်အတွက် အထူး သင့်တော်ပါတယ်။

(၂) ကိုယ်အလေးချိန်လျော့ချပေးသည်။ ကိုယ်အလေးချိန် လျော့ချပေးရန်အတွက် အုန်းသီးရည်ကို သောက်ပေးနိုင်ပါတယ်။ အုန်းသီးရည် သောက်ပေးခြင်းသည် အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။

Read more

ဝမ်းချုပ်တာတွေ ပျောက်ကင်းဖို့အတွက် နာနတ်သီး

ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလေ့မရှိပါဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းရင် ၀မ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ၀မ်းပုံမှန်ကောင်းစေချင်ရင် နာနတ်သီးကို တစ်ပတ်မှာ ၃၊၄ ကြိမ်လောက် စားပေးသင့်ပါတယ်။

Read more

Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိ

Xiaomi ဟာ Android One စမတ်ဖုန်းအတွက် Google နဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်ဆိုတာကို အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုပါဟန်းဆက်ရဲ့ အချက်အလက်အချို့ဟာ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုအရ Xiaomi ရဲ့ Android One စမတ်ဖုန်းကို Mi A1 ဟုခေါ်ဆိုဖွယ်ရှိပြီး full screen display ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းတွေဟာ Weibo post တစ်ခုကနေ ဓာတ်ပုံတွေနဲ့တကွ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Read more

Touchscreen အပြည့်ပါဝင်တဲ့ BlackBerry ဖုန်းကို အောက်တိုဘာလတွင် တွေ့မြင်ရဖွယ်ရှိ

BlackBerry ဖုန်းတွေထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ TCL ဟာ အောက်တိုဘာလမှာ keyboard မပါဝင်ဘဲ touchscreen ပဲ အသုံးပြုထားတဲ့ BlackBerry စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Read more

အာရှ ချန်ပီယံ လီချုံဝေ အနားယူဖို့ ဆုံးဖြတ်ပြီးမှ ပြန်လည် ကစားဖို့ စိတ်ကူး

မလေးရှားနိုင်ငံသား အာရှချန်ပီယံ လီချုံဝေသည် ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၎င်းရဲ့ ကစားသမားဘ၀ နေက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ယခုအခါ ပြန်လည်ကစားဖို့ ဆန္ဒဖြစ်ပေါ် နေတယ်လို့ ထပ်မံ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

Read more