Facebook က လူမှုရေးနှင့်ကာကွယ်ရေးဆိုင်ရာများကို မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ထားဟုဆို
Facebook အနေနဲ့ လူမှုရေးနဲ့ ကာကွယ်ရေးဆိုင်ရာတွေကို မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စံနှုန်းအကြောင်းကို သိရှိနိုင်စေဖို့ Facebook က အသိပေးချက် တစ်ရပ်ကို မြန်မာမီဒီယာတစ်ချို့ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။






