ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​နှင့်​အဖွဲ့ စက်​ချုပ်​သင်​တန်းဖွင့်​ပွဲသို့ တက်​​ရောက်

၁-၉-၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့ ​နေ့လည်​ပိုင်းတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ဒဂုံမြို့သစ်​အ​ရှေ့ပိုင်း မြို့နယ်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​​သော အမျိုးသမီး​ရေးရာလှုပ်​ရှား​ဆောင်​ရွက်​မှု တစ်ခုအဖြစ်​ စက်​ချုပ်​သင်​တန်းအား ဖွင့်​လှစ်​ခဲ့ပါသည်​။

အဆိုပါအခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ ၊ ရန်​ကုန်​တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်စန်းစန်းဝင်း ၊ ​ဒေါက်​တာ​ကျော်​စိုး ၊ ​ဒေါ်​အေး​အေးမြင့်​ ၊ အ​ရှေ့ပိုင်းခရိုင်​ပါတီဥက္ကဌ ဦးစိန်​မြင့်​ ၊ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများ ၊ သင်​တန်းဆရာများ ၊ သင်​တန်းသူများ တက်​​ရောက်​ခဲ့ကြပါသည်​။

Read more

သတင်းမီဒီယာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 

၃၁.၈.၂၀၁၇ ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ဗိုလ်ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေးတို့ ဦးဆောင်လမ်းညွှန်မှုဖြင့် ရပ်ကျေး ပါတီမီဒီယာအဖွဲ့ဝင် (၂၂) ဦးကို မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ သတင်းမီဒီယာ (ဆင့်ပွား) သင်တန်းအပတ်စဉ် (၁/၂၀၁၇)ကို ဖွင့်လှစ်ပို့ချခဲ့သည်။

Read more

မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ် ပုံမှန်အစည်းအဝေး ကျင်းပ

 

မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီ ပုံမှန် လစဉ်အစည်းအဝေးကို ၃၁.၈.၂၀၁၇ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီကော်မတီ ပုံမှန် လစဉ်အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများကို ဆွေးနွေးသုံးသပ်ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်ကြရမည့် ပါတီလုပ်ငန်းတာဝန်များ ရေးဆွဲဆောင်ရွက်သွား ကြရန် ဆုံဖြတ်တာဝန် ယူခဲ့ကြပါသည်။

Read more

ရေ​ဘေးသင့်​ပြည်​သူများအား ပြည်​ခိုင်​ဖြိုးပါတီမှ ​ထောက်​ပံ့

 

မန္တ​လေးတိုင်း​ဒေသကြီး ပြင်​ဦးလွင်​ခရိုင်​ သပိတ်​ကျင်းမြို့နယ်​ ကွင်း ၃၀ ​ကျေးရွာရှိ ​ရေ​ဘေးသင့်​ပြည်​သူများအား 31.8.2017 ရက်​​နေ့တွင်​ တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တို​င်းပါတီ​ကော်​မတီဝင်​ ခရိုင်​နယ်​​မြေ တာဝန်​ခံ ဦးတင့်​လွင်​ဦး၊ ဦးစိုင်း​အောင်​ကြည်​ တိုင်​:းပါတီ​ကော်​မတီဝင်​ ​ဒေါ်သိင်္ဂီ​အောင်​၊ ဦး​အောင်​နိုင်​ဦး ၊ ခရိုင်​ပါတီဥက္ကဌ ဦးဝင်း​ကြည်​ အပါအဝင်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးထွန်းတင့်​ အပါ အဝင်​ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီ​ခေါင်း​ဆောင်​များ သွား​ရောက်​ပြီး ကွင်း ၃၀​ကျေးရွာ ​ရေ​ဘေးသင့်​ပြည်​သူများအား ဆန်​ အပါ အဝင်​ ​ထောက်​ပံ့ငွေများ ကိုယ်​တိုင်​ကိုယ်​ကျ သွား​ရောက်​လှူဒါန်းခဲ့ကြပါ သည်​။

Read more

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည် ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သင်္ဂီအောင်၊ဦးသန်းထွန်း၊ဦးအောင်နိုင်ဦး၊ဦးကျော်စန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့် ကော်မတီဝင်များ၊ရပ်ကွက်ကျေးရွာပခေါင်းဆောင်၊         ဒုခေါင်းဆောင် နှင့် ကော်မတီဝင်များအင်အား ၁၄၈ ဦးတက်ရောက်သည်။

Read more

စာရေးကိရိယာနှင့်အာဟာရလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးသောင်းအေး၊ ဦးသိန်းအောင်၊ ဦးကြည်ဝင်းနှင့် တိုက်နယ်တာဝန်ခံ ဦးသက်လွင်မိုးတို့သည် သြဂုတ် ၃ဝရက်နံနက်က သဲကုန်းတူးမြောင်းကျေးရွာအုပ်စုတူးမြောင်း ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူ ၉၈ဦးအတွက် ဗလာစာအုပ်ဒါဇင် ၂ဝ နှင့် ဘော်လ်ပင်၊ ခဲတံများ၊ အာဟာရမုန့်များ သွားရောက်လှူဒါန်းကြကြောင်း သိရသည်။

Read more

တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ရွေးချယ်ရေးတာဝန်ခံများနှင့်မိတ်ဆက်ပေးပြီး ရွေးချယ်ရေးတာဝန်ခံ ရန်ကုန်တိုင်းဒေသကြီး       ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသာဝင်းက ရွေးချယ်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးလစ်လပ်နေသော မြို့နယ်ပါတီဝင်လေးဦးကို အဆိုပြုရွေးချယ်ပြောကြား ပြီး ရွေးချယ်ခံ ကိုယ်စားလှယ်လေးဦးကို ရွေးချယ်ရေးအဖွဲ့မှ စိစစ်မေးမြန်းပြီး ကိုယ်စားလှယ် များကို ရွေးချယ်ရေးအဖွဲ့မှ အတည်ပြုပေးခဲ့ကြောင်းသိရသည်။

Read more

စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲကို သြဂုတ် လ ၃၁ ရက် နံနက်ပိုင်းတွင်မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဌေးအောင်က ရွေးချယ်ရေးကော်မတီဝင်များနှင့် မိတ်ဆက်ပေးပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုးက ရွေးချယ်ပွဲနှင့်ပတ်သက်သောကိစ္စ ရပ်များကို ဆွေးနွေးတင်ပြ၍ ရွေးချယ်ခံကိုယ်စားလှယ်ကို ရွေးချယ်ပေးပြီး ရွေးကောက်ပွဲတာဝန်ခံများက သိရှိလိုသည်များကို မေးမြန်း၍ ရွေးချယ်ရေးအဖွဲ့က အတည်ပြုပေးခဲ့သည်။

Read more

ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည်များ

 

ရေက လူတွေအတွက် အကျိုးရှိတယ်ဆို အားလုံးသိပြီးသားပါ။ ကမ္ဘာကြီးကို ရေနဲ့ ဖွဲ့စည်းထားသလို ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေကလည်း ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့်ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည် များလည်း ရှိပါတယ်။

အုန်းရေ       

အုန်းရေမှာ ပိုတက်ဆီယမ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ရေဓာတ်ပြည့်ဝအောင် ကူညီပေး နိုင်တဲ့ သတ္တုဓာတ်တွေအများကြီးလည်းပါဝင်ပါတယ်။

Read more

သွေးတိုးတဲ့အချိန် မြန်မြန်ကျအောင် လုပ်နိုင်တဲ့ အလွယ်နည်းလမ်းများ

ရုတ်တရက် သွေးတိုးနေတဲ့အခါမျိုးမှာ ခေါင်းမူးခြင်း ၊မျက်နှာအစ်မို့ခြင်း ၊ ဇက်ကြောထိုးခြင်းများ ခံစားရပါတယ် ။ သွေးပေါင်ချိန် အများကြီးတက်နေတာဟာ အသက်အန္တရာယ် ပေးနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ် ။ ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု သိသည်နှင့်တပြိုင်နက် ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။ အဲ့ဒိအတွက် ဆေးသောက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ် ။

Read more