ယူအက်စ်အိုးပန်းတင်းနစ် စတုတ္ထအဆင့်တွင် ရှာရာပိုဗာ ရှုံးနိမ့်

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပြိုင်ပွဲမှာ နာမည်ကြီး တင်းနစ်မယ် ရှာရာပိုဗာ ရှုံးနိမ့်သွားပါတယ်။

ရုရှားတင်းနစ်မယ် ရှာရာပိုဗာအတွက်တော့ တားမြစ်ဆေးကြောင့် အပိတ်ခံရပြီး နောက်ပိုင်းမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ဂရန်းစလန်းပြိုင်ပွဲလည်း ဖြစ်ပါတယ်။

လတ်ဗီးယားသူ ဆီဗက်တိုဗာက ပထမပွဲမှာ ရှာရာပိုဗာကို ၅ – ၇ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Read more

ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ သတ္တမအကြိမ်​ ၀ါဆိုသင်္ကန်း ဆက်​ကပ်​လှူဒါန်း

 

3.9.2017 ရက်​​နေ့ တနင်္ဂ​နွေ​နေ့တွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ သတ္တမအကြိမ်​​မြောက်​၀ါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းပွဲအား သင်္ဃန်းကျွန်းမြို့နယ်​ မူလဆယ်​​တောင်​ပြည့်​​ကျောင်းတွင်​ ကျင်းပပြုလုပ်​ပြီး ၀ါဆိုသင်္ကန်း နှင့်​ လှူဖွယ်​ပစ္စည်းများ ၊ ၀တ္ထု​ငွေများ ဆက်​ကပ်​လှူဒါန်းခဲ့ကြပါသည်​။

ဆက်​ကပ်​လှူဒါန်းပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ရန်​ကုန်​တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးခင်​​မောင်​စိုး ၊ ဗဟို​ကော်​မတီဝင်​​ဒေါ်ခင်​​ရွှေမြင့်​ ၊ ရန်​ကုန်​တိုင်း​ဒေသကြီးမှ တိုင်းပါတီ​ကော်မတီဝင်​များ ၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ ၊ မြို့နယ်​​ကော်​မတီဝင်​များ ၊ ပါတီဝင်​များတက်​​ရောက်​လှူဒါန်းခဲ့ကြပါသည်​။

Read more

ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်က လီယိုနာဒိုကို အနိုင်ရ

အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ နာမည်ကြီး ရာဖေး နာဒယ်လ်က အာဂျင်တီးနားက လီယိုနာဒို မေယာကို အနိုင်ရ သွားပါတယ်။

ပထမပွဲမှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ နာဒယ်လ်အနေနဲ့ ပုံမှန်လက်စွမ်းမျိုးရဖို့ ရုန်းကန်သွားရပြီး မေယာက ၇ – ၆နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာတော့ ဘယ်သန်တယောက်ဖြစ်တဲ့ နာဒယ်လ်က ၆ – ၃၊ တတိယပွဲမှာ လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၁နဲ့ အနိုင်ရသွားပါတယ်။

Read more

ငွေအများဆုံး သုံးစွဲသော နည်းပြစာရင်းကို ဂွာဒီယိုလာနှင့် မော်ရင်ဟို ဦးဆောင်

လန်ဒန်- ကစားသမားသစ်ခေါ်ယူ အားဖြည့်မှုအတွက် ငွေသုံးစွဲမှု အများဆုံးနည်းပြများစာရင်းတွင် လက်ရှိ မန်စီးတီးနည်းပြ ပက်ဂွာ ဒီယိုလာက ပေါင် ၈၉၈ ဒသမ ၅၇ သန်းဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြ မော်ရင်ဟိုက ပေါင် ၈၇၀ ဒသမ ၈၉ သန်းဖြင့် ရပ်တည်နေသည်။

Read more

လော့စ်အန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှု အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ် မြို့တွင် တောမီးအခြေအနေ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထား ရကြောင်း သိရသည်။

ယခုအခါ လော့စ်အန်ဂျလိစ်သည် မြို့၏ သမိုင်းကြောင်းတလျှောက် အဆိုးရွားဆုံး တောမီးခြိမ်းခြောက်မှုများနှင့် ကြုံနေရသည်။ ဂလန်ဒေးလ် နှင့် ဘားဘန့်ခ် ဆင်ခြေဖုံး ရပ်ကွက်များတွင်မူ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပြီး ဖြစ်သည်။

Read more

မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို စစ်ရေးအရတုံ့ပြန်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စက်တင်ဘာ ၎

မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို အမေရိကန်တို့ဘက်မှ ကြီးမားသောစစ်အင်အားဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ဒုံးပျံထိပ်ဖူးထဲသို့ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြုံယမ်းအစိုးရက အောင်မြင်စွာ စမ်းသပ်အပြီးတွင် သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏နိုင်ငံတော်လုံခြုံရေး အကြံပေးများနှင့်အတူ တွေ့ဆုံခဲ့ပြီး ဂျင်မ်မက်တစ်နှင့်အတူ စကားပြောဆိုခဲ့သည်။

Read more

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်ခဲ့ပြီး ဒုံးကျည်မှာတပ်နိုင်ပြီလို့ ပြော

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

အခုလို စမ်းသပ်တဲ့ နေရာဖြစ်တဲ့ ကီလ်ဂျူဒေသနဲ့ ကပ်နေတဲ့ တရုတ်နယ်စပ် ရန်ဗြန်ဒေသခံတွေကတော့ အားပြင်းတဲ့ ငလျင်တခု ခံစားခဲ့ရလို့ စိုးရိမ်နေကြတယ်လို့ ပြောဆိုထားပြီး ဂျပန် ငလျင်ပညာရှင်တွေကလည်း ဒီနေရာတဝိုက်မှာ အင်အား ရစ်ချတာ စကေး ၆.၃ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တယ်လို့ အတည်ပြုထားပါတယ်။

Read more

ဂျပန်ဘုရင့်မြေးတော် မင်းသမီးမာကို အရပ်သား တစ်ဦးနှင့် စေ့စပ်

ဂျပန် ဘုရင့်မြေးတော် မင်းသမီး မာကိုသည် ထုံးတမ်းစဉ်လာများကို ကျော်လွှားကာ သာမန် အရပ်သားတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းခဲ့ ကြောင်း သိရသည်။

ဂျပန်ဘုရင် အာကီဟီတို၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုသည် သူမ၏ ချစ်သူ ကီကိုမူရိုနှင့် တရားဝင် စေ့စပ်ခဲ့ခြင်းဖြစ်သည်။ မာကိုသည် ကိုမူရိုနှင့် လက်ထပ်ချိန်တွင် တော်ဝင်မိသားစုဝင်ဆိုသော ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။

Read more

ဗုံးစနက်တံဖြုတ်ရန်အတွက် ဖရန့်ဖွတ်မြို့တွင်းမှ လူပေါင်း ၆သောင်းကျော်ကို အရေးပေါ်နေရာပြောင်းရွှေ့

ဖရန့်ဖွတ်၊ ဂျာမနီ၊ စက်တင်ဘာ ၎

ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲပဲကျန်ရှိနေသေးသည့် ကြီးမားသောဗုံးတစ်လုံးကို စနက်တံဖြုတ်ရန် အတွက် ဖရန့်ဖွတ်မြို့လယ်ခေါင်မှ လူပေါင်း ၆သောင်းကျော်ခန့်ကို ဂျာမန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မနက်ပိုင်း၌ အရေးပေါ်နေရာ ပြောင်းရွှေ့ပေးခဲ့ကြသည်။

မဟာမိတ်များ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗြိတိန်တို့ဘက်မှ ကြဲချလိုက်သော အိတ်ခ်ျစီ ၄၀၀၀ ဗုံးကြီးသည် အလေးချိန် ၁.၄ တန်ခန့်ရှိကြောင်း သိရသည်။

Read more

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီး

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါဟာ စက်တင်ဘာ ၃ ရက်နေ့ အစောပိုင်းက သူ့အိမ်ကို ရဲတွေ ဝင်ရောက်စီးနင်းတာခံရအပြီး အဖမ်းခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က သူ့ကို အမေရိကန် ကျောထောက်နောက်ခံပေးတဲ့ သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့တာပါ။

လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဟွန်ဆန်ရဲ့ သြဇာကို ခြိမ်းခြောက်နိုင်မယ့် ဝေဖန်ရေး သမားတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အလားအလာရှိသူ ဘယ်သူ့ကိုမဆို ဆန့်ကျင်နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေ တိုးလာနေပါတယ်။

Read more