ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ခိုင်ဇြိုးပါတီမှ ရခိုင်ပြည်နယ် မောင်းတော ခရိုင် နေရပ်ရှောင်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

3:9:2017 ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုင်းဆိုက်ကျောက်ဆမ်  နှင့်အတူ ပြည်နယ်ကော်မတီဝင် များဖြစ်သော ဒေါ်နန်းနော်၊ ဒေါ်နန်းကိန်ခမ်း၊ ဦးစိုင်းဟွမ်နွဲ့တို့သည် ကျိုင်းတုံမြို့ မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်၊မောင်းတောခရိုင်၊နေရပ်ရှောင်ပြည်သူများအတွက် ပါတီကိုယ်စားသွားရောက်၍ အလှူငွေ (၁၀၀၀၀၀ိ/-) ကျပ် တစ်သိန်းသွားရောက်ပေးလှူခဲ့ကြသည်။

(HN)


Read more

မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုး ရပ်​/ကျေးလပတ်​အစည်း​ဝေး ပြုလုပ်

 

မွန်​ပြည်​နယ်​ မုဒုံမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​နှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးအစည်းအ​ဝေးခန်းမ၌ ၂၀၁၇ခုနှစ်​ စက်​တင်​ဘာလ(၃)ရက်​​နေ့ နံနက်​(၁၁း၀၀)နာရီချိန်​မှစတင်​ကာ ရပ်​၊​ကျေးလပတ်​အစည်း အ​ဝေး ပြုလုပ်​ခဲ့သည်​။

အဆိုပါအစည်းအ​ဝေးတွင်​ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​မှ အထက်​ပါတီရဲ့ လမ်းညွန်​မှုများ၊ ပါတီ​ရှေ့ဆက်​​လုပ်​ဆောင်​သွားရမည့်​ ကိစ္စရပ်​များ၊ ​ရေးရာအလိုက်လုပ်​ဆောင်​​​​သွားရမည့် ကိစ္စရပ်​များအား ချပြ​ဆွေး​နွေးခဲ့သည်​။ ဆက်​လက်​ပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ဦးသက်​​ထွေးမှ ပါတီ​ကော်​မတီဝင်​များနှင့်​ ရပ်​​ကျေးအဖွဲ့ဝင်​များအား မီဒီယာကို တွင်​တွင်​ကျယ်​ကျယ်​အသုံးပြုကြရန်​ လမ်းညွန်​မှာကြားခဲ့ပြီး တက်​​ရောက်​လာကြသော ရပ်​​ကျေးစည်းမှူးတို့မှ သိရှိလိုတာများကို ​မေးမြန်း​ဆွေး​နွေးခဲ့ကြသည်​။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

စစ်တွေ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ သည် ယခုလ ၁ ရက် နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးတွင် စစ်တွေမြို့ပေါ်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ကိုးပါးအား ပင့်ဖိတ် ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Read more

(၁၂၉)ကြိမ်မြောက်ရှင်ဥပဂုတ္တမထေရ်မြတ်မီးမျှောပူဇော်ပွဲတွင်ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်ကျင်းပသော (၁၂၉)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ကကျင်းပရာ ပွဲတော်ကျင်းပရေးဦးစီးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစန္ဒိမာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမော်တာစက်ချုပ်သင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက် ၉ နာရီတွင် မော်တာစက်ချုပ်သင်တန်းအား အောင်မြင်ကျော်ကြားအထည်ချုပ် လုပ်ငန်း ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသူများ စုစုပေါင်းအင်အား ၁၅ဝကျော် တက်ရောက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ်      ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားနှုတ်ခွန်းဆက်ပြီး နံနက် ၁ဝနာရီမှစ၍ သင်တန်းသား ဦးရေ ၁ဝဝအား သင်တန်းနည်းပြများမှ ဆက်လက်သင်ကြားပြသခဲ့ကြကြောင်း သိရသည်။

Read more

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော် မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သကျသီဟဝဋံသကာ၊ ပါဠိသိရောမဏီ ဘီအေ၊ ဗုဒ္ဓစာပေါရဂူ (Ph.D,D.Litt) ကမ္ဘာ့ငြိမ်းချမ်း ရေးဂုဏ်ထူးဆောင်ဆု(ကမ္ဘာ့လူသားများယဉ်ကျေးမှု ဂုဏ်ရည် ဘွဲ့)၏ သက်တော်(၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့ မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှယနေ့နံနက် ၉နာရီက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ များကို သွားရောက်လှူဒါန်းခဲ့သည်။

Read more

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့များဘုရားပရိဝုဏ် သန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး မြို့နယ်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကော်မတီဝင်များ အင်အား ၃ဝ ဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ကွမ်းခြံကုန်းမြို့နယ်ကျက်သရေဆောင် မဟာတိ လောက မှန်ကူသွန်း ဘုရားကြီးနတ်လမ်းနှင့် ပရိဝုဏ်အတွင်းသန့်ရှင်းရေးများ ပြုလုပ်ပြီး လုပ်အားဒါနပေးလှူခဲ့ကြကြောင်း သိရသည်။

Read more

မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲမှစတင်ကာ မြို့နယ်တွင် လစ်လပ်နေသော ကော်မတီဝင်များအား ရွေးချယ်       တင်မြှောက်ကြသည်။

Read more

အာဆီယံယူ-၁၈ ပြိုင်ပွဲ မြန်မာပွဲစဉ်များ ရုပ်သံမှ တိုက်ရိုက်ပြသမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ အမျိုးသားပြိုင်ပွဲကို ပြည်တွင်း အခမဲ့ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

ထိုင်း ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၈ အသင်း (ဓာတ်ပုံ − MFF)

Read more

မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ဆွမ်းဆန်များ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယနေ့ စက်တင်ဘာလ (၄) ရက် နံနက်ပိုင်းက (၁၈၄) ကြိမ်မြောက်      မော်လမြိုင်မြို့နယ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဒုတိယနေ့တွင် သံဃာ၊ သာမဏေ၊ သီလရှင် များအား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီနှင့်အတူ ဆွမ်းဆန်များ လောင်းလှူ ခဲ့သည်။

Read more