မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပွန်းပဲ့မှုမဖြစ်စေရန် တပ်မတော်မှ အပြည့်အဝထိန်းသိမ်း ကာကွယ် သွားမည်

ရခိုင်ဒေသအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော်အနေဖြင့် အပြည့်အ၀ ထိန်းသိမ်းကာကွယ် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

Read more

ဘင်္ဂလားဒေ့ရှ်ဝေဟင်ပိုင်နက်သို့ ရဟတ်ယာဉ်ကျော်လွန်ပျံသန်းခြင်းမရှိကြောင်း အစိုးရပြောကြား

မြန်မာဘက်မှ ရဟတ် ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ဝေ ဟင်ပိုင်နက်ထဲသို့ အကြိမ်ကြိမ် ကျော်လွန်ပျံသန်းကြောင်း စွပ်စွဲမှုများအပေါ် တပ်မတော်က မဟုတ်မှန်ကြောင်း အကြောင်းပြန် ကြားထားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။ မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက် နက်ထဲသို့ သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကျော်လွန် ပျံသန်းခဲ့ခြင်းကြောင့် မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။

Read more

ကမ္ဘာ့လှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့်ငြိမ်းချမ်းရေးလှုပ်ရှားမှုသင်္ဘော ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့

ကမ္ဘာလှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့် ငြိမ်းချမ်း ရေးလှုပ်ရှားမှု အပျော်စီးသင်္ဘော  (Peace Boat) သည် ဩဂုတ် နောက်ဆုံးပတ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်ကို ဂျပန်နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကောင်စီတို့ကပူးပေါင်းစီစဉ်ပြီး ကမ္ဘာလှည့်ခရီး သည် ၁,၁၅၆ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၃၇ ဦးတို့ လိုက်ပါလာကြောင်း ခရီးစဉ်အတွက် တာဝန်ယူစီစဉ်ပေးသည့် Myanmar Voyagas International Tou-rism ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။

Read more

လာမည့်ဘဏ္ဍာနှစ်မှစ၍ ရန်ကုန်လိုင်စင်ကို တင်ဒါစနစ်ဖြင့် ခွင့်ပြုမည်

လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းမည့် မော်တော်ယာဉ်အသစ်များအတွက် ရန်ကုန်လိုင်စင် ထပ်မံခွင့်ပြုရာတွင် နံပါတ်ပြားကို တင်ဒါစနစ်မျိုးဖြင့် ရောင်းချခွင့်ပြုမည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

Read more

ပဲပင်ပေါက် စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး (၅)မျိုးရနိုင်

ပဲပင်ပေါက် ကိုလူတိုင်းနှစ်သက်ကြပါတယ်။ ပဲပင်ပေါက်ကို အာရှနိုင်ငံတော်တော်များများက ဟင်းလျာများမှာ ထည့်သွင်းစားသုံးကြပါတယ်။ ပဲပင်ပေါက်ကို စားသုံးခြင်းက ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရရှိစေပါတယ်။ မျက်စိကျန်းမာရေး၊အရိုးကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားစနစ်တို့ကို ကောင်းစေပါတယ်။ ပဲပင်ပေါက်၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ-

၁။ စိတ်ဖိစီးမှုကို လျော့ချပေး

Read more

စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

Read more

Instagram Stories ကို ဝက်ဘ်ပေါ်တွင် အသုံးပြုနိုင်ပြီ

Stories ကို desktop နဲ့ မိုဘိုင်းဝက်ဘ်ပေါ်မှာ ကြည့်ရှုနိုင်မယ့် လုပ်ဆောင်ချက်ကို Instagram က ထည့်သွင်းပေးလိုက်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ခဏတာမြင်တွေ့ရမယ့် post တွေကို အရွယ်ကြီးမားတဲ့ screen တွေပေါ်မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Read more

ကင်မရာနှစ်လုံးပါဝင်တဲ့ Moto X4 ကို Lenovo မိတ်ဆက်

Lenovo ဟာ ဘာလင်မြို့မှာ ကျင်းပနေတဲ့ IFA ပြပွဲ အထူးပွဲတစ်ခုမှာ Moto X4 စမတ်ဖုန်းကို မိတ်ဆက် ခဲ့ပါတယ်။ Moto X4 မှာ ၅.၂ လက်မ 1080p IPS display နဲ့ Gorilla Glass တို့ပါဝင်ပါတယ်။ ဒီဇိုင်းပိုင်းသပ်ရပ်ပြီး ရေစိုခံသလို dual-camera နဲ့ Alexa ထောက်ပံ့မှု ပါဝင်ပါတယ်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးနှင့် ရွှေပြည်တော်ဆုံမှတ်အဖွဲ့ ကူညီထောက်ပံ့ ရေးကိစ္စ ဆွေးနွေး

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၁၇း၀၀) နာရီအချိန်တွင် ပြည်နယ်ပါတီရုံးအစည်းအဝေး ခန်းမ၌ ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာစန်းရွှေနှင့်ဗဟိုဌာနချုပ် နိုင်ငံရေးနှင့်        တိုင်းရင်း သားရေးရာကော်မတီဝင် ဦးထွေးလှ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့တို့နှင့်တွေ့ဆုံကာ အကြမ်းဖက်ခံရ၍ တိမ်ရှောင်လာကြသော ရခိုင်တိုင်းရင်းသားလူမျိုးစုများအား     ကူညီပံ့ပိုးပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

Read more

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ (၄၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ဈေးကုန်းရပ်ကွက်(၄၁) ကြိမ်မြောက် သံဃာဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင် ဘာ ၃ရက် မနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်း မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်၊ မြို့နယ် အတွင်းရေးမှူး ဦးပြည့်ဖြိုးမင်း၊မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်၊ ဦးသန်းစိုး၊   ဒေါ်အေးတို့ ဦးဆောင်ပြီး မြို့ပေါ် (၁၀)ရပ်ကွက်မှ စည်းရုံးရေးတာဝန်ခံများ ၊ပါတီဝင်ကော်မတီဝင်များ ပါတီအင်အား ၂၅ ဦးဖြင့် သံဃာတော်အပါး ၅၀၀ ကျော်ကို ဆန်များလောင်းလှူခဲ့ကြောင်းသိရပါသည်။

Read more