ကုလသမဂ္ဂသို့ ထောက်ပံ့ငွေ ဒေါ်လာ ၂၈၅ သန်း လျှော့ချသွားမည်ဟု အမေရိကန် အတည်ပြု

ကုလသမဂ္ဂထံ ထောက်ပံ့ငွေကို လာမည့်နှစ်တွင် ဒေါ်လာ ၂၈၅ သန်း ဖြတ်တောက် လျှော့ချသွားရန် ညှိနှိုင်းထားကြောင်း အမေရိကန်က အတည်ပြုခဲ့သည်။

ကုလသမဂ္ဂ၏ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် နစ်ကီဟာလေက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်က ကုလသမဂ္ဂသို့ ထောက်ပံ့နေသည့် ငွေကြေးများကို သိသာထင်ရှားသည့် ပမာဏ တစ်ရပ်အဖြစ် ဒေါ်လာ ၂၈၅ သန်း လျှော့ချသွားမည်ဟု ကြေညာသည်။

Read more

မသေဆေးကို အပူတပြင်းရှာဖို့ တရုတ် ဧကရာဇ် အမိန့်ပေး

ချင်းရှာဟွာဟွန် ဧကရာဇ် ထုလုပ်စေခဲ့တဲ့ မြေထည် စစ်သားရုပ် ၈ထောင်ကျော်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ် ချင်းရှာ ဟွာဟွန်ဟာ မသေဆေးကို အပူတပြင်း ရှာဖွေခဲ့ကြောင်း ရှေးဟောင်း သုတေသနလုပ်ရာကနေ သိလာရပါတယ်။

စာရွက်တွေ မပေါ်မီ ဝါးချပ်တွေပေါ်မှာ ရေးသားထားတဲ့ စာတွေကို ၂၀၀၂ ခုနှစ်က ဟူနန်ခရိုင်မှာရှိတဲ့ ရေတွင်းတခုရဲ့ အောက်ခြေကနေ ရှေးဟောင်း သုတေသီတွေက တွေ့ရှိခဲ့ရာကနေ ခုလို သိရှိခဲ့တာ ဖြစ်ပါတယ်။

Read more

ရုရှားအတိုက်အခံခေါင်းဆောင် နာဗာညီ သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ

ဒီဇင်ဘာ ၂၅ ရက်က မော်စကိုရှိ လမ်းတစ်လမ်းတွင်တွေ့ရသော အတိုက်အခံခေါင်းဆောင် နာဗာညီ (Photo: AFP)

လာမည့်နှစ် ရုရှားသမ္မတရွေးကောက်ပွဲတွင် သမ္မတဗလာဒီမာပူတင်နှင့် ယှဉ်ပြိုင်ရန်ကြိုးပမ်းနေသည့် အတိုက်ခံ ခေါင်းဆောင် အလက်ဇီနာဗာညီအား ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ရန် ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

Read more

အင်တာနက် ဝက်ဆိုဒ် ၁၃ဝဝဝ ကျော် တရုတ်ပိတ်ပင်

၂ဝ၁၅ ခုနှစ်ကစပြီး တရုတ်အစိုးရက ပိတ်ပင် သို့မဟုတ် လိုင်စင်ရုပ်သိမ်းခဲ့တဲ့ အင်တာနက် ဝက်ဆိုဒ် အရေအတွက် ၁၃ဝဝဝ တသောင်းသုံးထောင်ကျော်ရှိတယ်လို့ နိုင်ငံပိုင် ဆင်ဝှာသတင်းဌာနက တနင်္ဂနွေနေ့ မနေ့က ကြေညာပါတယ်။ တရုတ်ပြည်က ပိတ်ပင်ထးတဲ့ အင်တာနက် စာမျက်နှာတွေထဲမှာ Google, Facebook, Twitter နဲ့ New York Times စတာတွေ ပါဝင်ပါတယ်။

Read more

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်း ခရိုင် / မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က တိုင်းပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်းရှိ ခရိုင် / မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော ပဲခူး၊ တောင်ငူခရိုင်မှ ဥက္ကဋ္ဌများနှင့် မြို့နယ် ၁၄ မြို့နယ် မှ ပါတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပါတီ၏ရှေ့လုပ်ငန်းစဉ် များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

ကက်တလန်လွတ်မြောက်ရေးထောက်ခံမှုကြောင့် ဂွါဒီယိုလာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး

ဒီဇင်ဘာ ၂၂၊ စပိန်

မန်စီးတီး နည်းပြ ဂွါဒီယိုလာ သည် ကက်တလန်ဒေသ လွတ်မြောက်ရေးအတွက် လူသိရှင်ကြား ထောက်ခံ ဟောပြောခဲ့သည့်အတွက် စပိန်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

ကက်တလန်ဒေသတွင် မွေးဖွားပြီး ဘာစီလိုနာအသင်းနှင့်အတူ ကစားသမားဘ၀နှင့်ရော နည်းပြဘ၀နှင့်ပါ အောင်မြင်ခဲ့သည့် ဂွါဒီယိုလာသည် စပိန်နိုင်ငံမှ ကက်တလန်ဒေသ လွတ်မြောက်ရေး ရရှိမှုအတွက် အပြည့်အ၀ ထောက်ခံသူ ဖြစ်သည်။

Read more

ဒီဇင်ဘာလအတွင်း အဆင့်ရပ်တည်မှု စံချိန်တင် မြင့်တက်လာတဲ့ မြန်မာအသင်း

ဒီဇင်ဘာလအတွက် ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှု စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့သလို၊ အိန္ဒိယအသင်းကိုလည်း သရေကစားထားနိုင်ခဲ့ပြီး ရှုံးပွဲ မရှိခဲ့ကာ သွင်းဂိုး ၄ ဂိုးအထိ ရယူထားနိုင်ခဲ့တာ ကြောင့်လည်း ယခုလို အဆင့်သတ်မှတ်ချက်(၁၀)ဆင့်အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Read more

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး ဒဏ်ရာမသက်သာ၍ လေ့ကျင့်မှုရပ်နား

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ထားပေမယ့် ဒဏ်ရာမသက်သာသေးတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားလိုက်ရပါတယ်။

အန်ဒီမာရေးအနေနဲ့ ခရစ္စမတ်ကာလ မတိုင်ခင်မှာ သြစတြေးလျကို ကြိုတင်သွားရောက်ပြီး လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် တင်ပါးဒဏ်ရာ သက်သာလာခြင်း မရှိတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားထားရတာပါ။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူပါ။

Read more

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA ပြိုင်ပွဲ၌ တွေ့ရစဉ်

 MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် ၏ ချန်ပီယံဆုကာကွယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ  ဦးဇေသီဟက ပြောကြားသည်။

Read more

အီရတ်နှင့် ဆီးရီးယားမှ လေကြောင်းစစ်ဆင်ရေးများ ရပ်ဆိုင်းတော့မည်ဟု ဩစတြေးလျ ကြေညာ

အီရတ်နှင့် ဆီးရီးယားတို့တွင် အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်း တိုက်ခိုက်မှု ဆင်နွှဲနေသည့် စစ်ဆင်ရေးများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဩစတြေးလျက ကြေညာခဲ့သည်။

ဩစတြေးလျသည် အမေရိကန် ဦးဆောင်ပြီး အိုင်အက်စ်ကို တိုက်ခိုက်နေသည့် နိုင်ငံတကာ မဟာမိတ် အဖွဲ့တွင် ပူးပေါင်း ပါဝင်လျက် ရှိသည်။ ယခုအခါ အိုင်အက်စ်၏ အင်အား ဆုတ်ယုတ် ပျက်ပြားသွားခြင်းနှင့်အတူ အဆိုပါ စစ်ဆင်ရေးများတွင် ပါဝင်မှု အဆုံးသတ်ရန် ဩစတြေးလျက ဆုံးဖြတ်ခဲ့သည်။

Read more