အမ္ဘတ္ပီကို ကျော်ပြီး ပြင်သစ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကန်တီ ရရှိ

ဒီဇင်ဘာ ၂၇၊ ပြင်သစ်

ချယ်လ်ဆီး ကွင်းလယ်ကစားသမား ကန်တီ သည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကိုကျော်ဖြတ်ပြီး ၂၀၁၇ ပြင်သစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့သည်။

ကန်တီသည် အမ်ဘတ်ပီထက် မဲငါးမဲသာ အသာရပြီး အကောင်းဆုံးဆုကို ရခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ၎င်းတို့နှစ်ဦး၏နောက် တတိယအကောင်းဆုံး ကစားသမားအဖြစ်   ရွေးချယ်ခံခဲ့ရသည်။

Read more

အေစီမီလန်ဂန္ထဝင် ဂျော့ခ်ျဝီယာ လိုက်ဘေးရီးယား သမ္မတ ဖြစ်လာ

 အေစီမီလန်ဂန္ထဝင် နှင့် ယခင် ဘလွန်းဒီအောဆုရှင် ဂျော့ခ်ျဝီယာသည် လိုက်ဘေးရီးယား သမ္မတရွေး ကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။

၁၉၉၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်နှင့် အာဖရိက အကောင်းဆုံးဘောလုံးသမား ဆုသုံးကြိမ်ရရှိခဲ့သူ ဂျော့ခ်ျဝီယာ သည် လက်ရှိဒုတိယသမ္မတ ဂျိုးဆက်ဖ်ဘိုအာကာဘီကို အနိုင်ရရှိကာ နိုင်ငံ၏ ပထမဆုံးအမျိုး သမီးသမ္မတ အယ်လင်ဂျွန်ဆင် ဆာလိဖ်နေရာ ဆက်ခံမည်ဖြစ်သည်။

Read more

ဂျေရုဆလင်တွင် ထရမ့်အမည်ဖြင့် ရထားဘူတာအသစ် တည်ဆောက်ရန် စီစဉ်

ဂျေရုဆလင်မြို့တွင် အသစ်တည်ဆောက်မည့် ရထားဘူတာ တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမည် ဂုဏ်ပြု မှည့်ခေါ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အစ္စရေး သယ်ယူပို့ဆောင်ရေး ဝန်ကြီး ယီစ်ရေးလ်ကတ်ဇ်က ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည့် ထရမ့်ကို ယခုလို ဂုဏ်ပြုရန် စဉ်းစားထားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

Read more

ယူကရိန်းနှင့် ရုရှနောက်ခံပြု သူပုန်တို့ အကျဉ်းသားများ အပြန်အလှန် လဲလှယ်

ကိဗ်၊ ဒီဇင်ဘာ ၂၈

ယူကရိန်းအာဏာပိုင်များနှင့် ရုရှနောက်ခံပြု ခွဲထွက်ရေးသူပုန်များကြားတွင် ဒီဇင်ဘာ ၂၇ ရက်က များပြားသည့် အကျဉ်းသားချင်း လဲလှယ်မှုကို ဆောင်ရွက်ခဲ့ကြသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားချိန်နောက်ပိုင်း အကြီးစား အကျဉ်းသားလဲလှယ်မှုဖြစ်သကဲ့သို့ ၂၀၁၅ ငြိမ်းချမ်းရေး သဘောတူညီမှုတွင် ထင်သာမြင်သာ ရှိလာသော တိုးတက်ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

Read more

ဟာရီမင်းသားနှင့် အင်တာဗျူးတွင် အိုဘားမားက လူမှုမီဒီယာ၏ အန္တရာယ်များအား သတိပေး

လူမှုမီဒီယာသည် အရပ်ဘက်ပြောဆို ဆွေးနွေးမှုများအား ပျက်စီးယိုယွင်းစေမှုကို ၎င်းက စိုးရိမ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး အင်တာဗျူးတွင် ဗြိတိန်၏ ဟာရီမင်းသားအား ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်လွှင့်ခဲ့မှုအရ သိရသည်။

Read more

နိုင်ငံ့အာဏာကို အနည်းဆုံး ၁၀ နှစ် ချုပ်ကိုင်ထားဦးမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ကြွေးကြော်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို မဲဆွယ်လှုပ်ရှားမှုတစ်ခုအတွင်း တွေ့ရစဉ် (TANG CHHIN Sothy/AFP)

 ၂၀၁၈ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အဓိကအတိုက်အခံပါတီကို နိုင်ငံတော် တရားရုံးချုပ်က ဖျက်သိမ်းခဲ့ပြီး သီတင်းပတ်များအကြာ ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်သုံးခု ကျော်ကြာ အုပ်ချုပ်နေသူ ဝန်ကြီးချုပ် ဟွန်ဆန်က နောက်ထပ် အနည်းဆုံး ၁၀ နှစ်ကြာ အာဏာချုပ်ကိုင်ထားမည်ဟု ကြွေးကြော်ခဲ့သည်။

Read more

ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မော်ရင်ဟို

မန်ယူအသင်း နည်းပြ မော်ရင်ဟိုကတော့ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၄ အရွယ်သာရှိသေးတဲ့ ဒိုင်ဘာလအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့သူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒိုင်ဘာလာကို အသင်းကနေ ထွက်ခွာဖို့များနေတဲ့ မာတာ၊ အမ်ခီတာယန်းတို့ နေရာမှာ အစားထိုး နိုင်ရေးအတွက် ခေါ်ယူချင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Read more

ပထမနှစ်ဝက်မှာ မန်စီးတီးအသင်း စံချိန်များစွာ ရရှိခဲ့

ဒီဇင်ဘာ ၂၆၊ အင်္ဂလန်

ပထမနှစ်ဝက်ပြီးဆုံးသွားချိန်တွင် နည်းပြဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် စံချိန်ကောင်းများစွာကို ရရှိခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်တွင် ၆၆ ဂိုးအထိသွင်းယူပြီး ၁၂ ဂိုးသာ ပြန်ပေးခဲ့ရကာ ရမှတ် ၅၅ မှတ်အထိ ရခဲ့သည်။ ထို့ကြောင့် အင်္ဂလန်တွင်သာမက ဥရောပထိပ်တန်းလိဂ် ၅ ခုတွင်ပါ ခံစစ်၊ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

Read more

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ဂျပန်လူမျိုးနည်းပြတစ်ဦး ခန့်အပ်မည်

Photo- MFF

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်မယ့် ဂျပန်လူမျိုးနည်းပြတစ်ဦး လာမယ့် ဇန်န၀ါရီလအတွင်း ခေါ်ယူပေးသွားမယ် လို့ သိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲအပြီး နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာနဲ့လမ်းခွဲခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ နည်းပြလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Read more

ပရိသတ်တွေကို ခရစ္စမတ်ဆုတောင်းစကားဆိုခဲ့တဲ့ အောင်လအန်ဆန်

မကြာခင်မှာ မိသားစုနဲ့ အနားယူချိန်လေး ကုန်ဆုံးတော့မှာဖြစ်ပြီး လေ့ကျင့်ခန်းတွေ  ပြင်းပြင်းထန်ထန် ပြန်လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။

MMA One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံ မြန်မာပြည်ဖွားအောင်လအန်ဆန်က ယနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်မှာ သူ့ရဲ့ ပရိသတ်တွေအတွက် ဆုတောင်းစကား ဆိုလိုက်ပါတယ်။

အဆိုပါ ဆုတောင်းစကားကိုတော့ ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

Read more