ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံမှုအတွက် အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ကိုပါ အသုံးပြုရန် ရုရှသမ္မတပူတင် အမိန့်ပေး

ဒီဇင်ဘာ ၂၂၊ ရုရှ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုရှအာဏာပိုင်များမှာ အကောင်းဆုံး ပြင်ဆင်လျက်ရှိပြီး ယခု အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ကိုပါ အသုံးပြုရန် သမ္မတပူတင်၏ ကရင်မလင်နန်းတော်မှ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ရုရှအထူးလျှို့ဝှက်ရဲအဖွဲ့အစည်းကို ယခင်က KGB ဟု လူသိများခဲ့ပြီး ယခု FSB ဟု ခေါ်ဆိုကြသည်။ အဆိုပါအဖွဲ့ဝင်များမှာ တိကျသေချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်သူများဖြစ်ပြီး သည်းခံခွင့်လွှတ်မှု လုံးဝမရှိသူများ ဖြစ်သည်။ ထို့ကြောင့် ဘောလုံးလူဆိုးများအနေဖြင့် ရုရှတွင် ရမ်းကားပါက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခံရဖွယ် ရှိနေသည်။

Read more

ကက်တလန်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးသမားတွေနိုင်

ခွဲထွက်ရေး ထောက်ခံတဲ့ ကက်တလိုးနီးယားအတွက် အတူတကွပါတီ၊ ကက်တလိုးနီးယား ရီပတ်ဘလီကန် လက်ဝဲပါတီနဲ့ အများဆန္ဒနဲ့ ညီညွတ်ရေးပါတီ တို့က အမတ်နေရာ ၇၀ ရရှိ

စပိန်နိုင်ငံ ကက်တလိုးနီးယားဒေသမှာ ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ ခွဲထွက်ရေး ထောက်ခံတဲ့ ပါတီတွေက ဒေသတွင်း ပါလီမန်မှာ နေရာ အများစု အနိုင်ရခဲ့ပြီး စပိန်ဗဟို အစိုးရနဲ့ ထိပ်တိုက် တွေ့မှုတွေ ပိုများလာနိုင်ပါတယ်။

Read more

ခြိမ်းခြောက်မှုများကို မသိကျိုးကျွန်ပြုကာ အမေရိကန်၏ ဂျေရုစလင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ဝေဖန်

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၂

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုများကို မသိကျိုးကျွန်ပြုကာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုသည် ဂျေရုစလင်မြို့အား အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ၀ါရှင်တန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။  ကုလသမဂ္ဂမှပြုလုပ်သော အထွေထွေ ညီလာခံ၌ ဂျေရုစလင်မြို့ကို အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ် မပြုနိုင်ဟုဆိုသော အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌ ၁၂၈ နိုင်ငံက အသိအမှတ်မပြုနိုင်ဟု မဲပေးခဲ့ပြီး ၉ နိုင်ငံက အသိ အမှတ်ပြုသည်ဟု မဲပေးခဲ့ကြကာ ၃၅ နိုင်ငံက ကြားနေမဲပေးခဲ့ကြသည်။

Read more

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ခရစ္စမတ် ဆုတောင်းပွဲတက်ရောက်

(မြစ်ကြီးနား)

မြစ်​ကြီးနားမြို့ တပ်​ကုန်းရပ်​ကွက်​ ချန်းမူးအသင်း​တော်​အ​ခြေပြု “ချန်းမူး” မူးယစ်​ကင်းစင်​​ရေး​ဂေဟာ၌ ကျင်းပပြုလုပ်​​သော ခရစ္စမတ်​​ကျေးဇူး​တော်​ ချီးမွမ်းဝတ်​ပြုကိုးကွယ်​ခြင်း အစီအစဉ်​ကို (၂၁-၁၂-၂၀၁၇) ရက်​​နေ့ ​နေ့လည်​ (၂း၀၀) နာရီအချိန်က “ချန်းမူး´´ မူးယစ်​ကင်းစင်​​ရေး​ဂေဟာ၌ ကျင်းပပြုလုပ်​ရာ မြို့နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဌ ဦးညွန့်​ဝင်း တက်​​ရောက်​ပြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦးသန်း​ဌေး ​ပေးပို့သည့်​ ခရစ္စမတ်​ဆု​တောင်းပွဲသ၀ဏ်​လွှာအား ဖတ်​ကြားခဲ့ပါသည်​။

Read more

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာတံတားဖွင့်ပွဲ တက်ရောက်အားပေး

၂၁ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ကော်မတီဝင် ဦးကျာဒေါလုံ၊ မြို့နယ် ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်လွင်၊ ဦးအောင်ထန်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ၊ ပါတီ လူငယ်များသည် တာလေမြို့နယ် တာကြန့်ကျေးရွာအ၀င် တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့ကြပါသည်။

Read more

သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား)သင်တန်းကျင်းပ

(၂၁.၁၂.၂၀၁၇) ရက်​​နေ့ နံနက်​ (၀၉း၃၀) နာရီအချိန်​တွင်​ သပိတ်​ကျင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ(ဆင့်​ပွား) သင်​တန်း ကျင်းပပြုလုပ်ခဲ့ပါသည်​။

အဆိုပါ သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​နှင့်​ တိုင်း​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ ​သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးကျော်​စန်း၊ ဦးဝင်းလှိုင်​ငြိမ်းနှင့်​ ဦး​ဇော်​​အောင်​ထက်​၊ သပိတ်​ကျင်းမြို့နယ်​ပါတီ​ဥက္ကဌ ဦးထွန်းတင့်​နှင့်​​ ကော်မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီး ပါတီ​ဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ သင်​တန်းနည်းပြများမှ သင်ခန်းစာများကို ဆက်​လက်​​ဆွေး​နွေးပို့ချခဲ့​ပါသည်​။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr. Wang Weiguang ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr.Wang Weiguang ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ၌ နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမ (၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။

Read more

ကချင်ပြည်နယ် မိုးမောက်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်

ကချင်ပြည်နယ် မိုးမောက်မြို့တွင် လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနားကို ယခုလ ၁၆ ရက် နံနက် ၁ဝး၀၀ နာရီအချိန်က အလင်းကောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကချင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ဗန်းမော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ ပါတီကော်မတီဝင် ဦးဇော်မင်းရင်၊ ဒေါ်နန်းစိုးစိုးအောင်၊ ဗန်းမော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ မိုးမောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဦးဦးဒါရှီတူးလွန်၊ ဘဏ္ဍာရေးမှူး ဦးဘရန်တောင်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၉၁ ဦး တက်ရောက်ခဲ့ကြပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) ကို ယခုလ ၁၆ ရက်တွင် သင်တန်းသား ၄၂ ဦးဖြင့် မြို့နယ်ပါတီရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

Read more

စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား) သင်တန်းကျင်းပ

(၂၀.၁၂.၂၀၁၇) ရက်​​နေ့ နံနက်​ (၀၉း၃၀) နာရီအချိန်​တွင်​ စဉ့်​ကူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ (ဆင့်​ပွား) သင်​တန်း ကျင်းပပြုလုပ်ခဲ့ပါသည်​။

အဆိုပါ သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးတင့်လွင်ဦးနှင့်​ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ ​သင်​တန်း နည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်းနှင့်​ ဦး​ဇော်​​အောင်​ထက်​၊ စဉ့်​ကူးမြို့နယ်​ပါတီ​ဥက္ကဌ ဦးခင်​​မောင်​ဝင်းနှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးတင့်​လွင်​ဦးမှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ သင်​တန်းနည်းပြများမှ သင်​ခန်းစာများကို ဆက်​လက်​​ ဆွေး​နွေးပို့ချခဲ့​ပါသည်​။

Read more