ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး ရပ်/ကျေးလပတ် အစည်းအဝေး အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရ်ီလ (၇) ရက် နေ့ မွန်းလွဲ (၁း၀၀) နာရီချိန် ရပ်/ကျေးလပတ်အစည်းအဝေး ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့သည်။

Read more

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် (၁၄) မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်များ ကျိုက္ကစံဘုရားရင်ပြင်နှင့် ဘုရားဘေးပတ်လည်ရှိအမှိုက်များ ရှင်းလင်း၍ လုပ်အားဒါနကုသိုလ်ယူ

 

ယမန်နေ့ညနေ (၄) နာရီအချန်မှစတင်၍ အရှေ့ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်နှင့် ခရိုင်ကော်မတီဝင် ဦးမျိုးဝင်ကျော် (၁၄) မြို့နယ်မှ လူငယ်တာဝန်ခံများ၊ လူငယ်ခေါင်းဆောင်များ၊ အင်အား (၉၀) ကျော် စုပေါင်း၍ ကျိုက္ကစံဘုရားရင်ပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားဘေးပတ်လည်ရှိအမှိုက်များ ရှင်းလင်းဆောင်ရွက်ခြင်း များ ပြုလုပ်ကြပြီး ကုသိုလ်ယူကြပါသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)

Read more

မိုင်းခတ်​မြို့နယ်​ ပါတီအဆိုပြုလွှာ​ပေးအပ်​ခြင်းနှင့်​ ရှမ်း​ရှေ့နယ်​​မြေတာဝန်​ခံ ဦးစိုးနိုင်​နှင့်​​တွေ့ဆုံပွဲ

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင် ​(ရှမ်း/​ရှေ့) နယ်​​မြေတာဝန်​ခံ (ဗဟိုလုပ်​ငန်းစီစစ်​​ရေး​ကော်​မတီဥက္ကဌ) ဦးစိုးနိုင်​၊ ရှမ်းပြည်​နယ်​ပါတီ
ဒုဥက္ကဌ၊ ပြည်​နယ်​အတွင်း​ရေးမှူးနှင့်​အဖွဲ့သည်​ (၆.၁.၂၀၁၇) ရက်​​နေ့တွင်​ မိုင်းခတ်​မြို့နယ်​သို့ သွား​ရောက်​ခဲ့ပြီး မိုင်းခတ်​မြို့နယ်​ရှိ လွတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့နယ်​ဥက္ကဌနှင့်​ ​ကော်​မတီဝင်​များအား မိုင်းခတ်​မြို့နယ် ပြည်ခိုင်​ဖြိုးပါတီရုံးတွင်​ ပါတီ​ကော်​မတီဝင်​များမှ ပါတီအဆိုပြုလွှာ​ပေးအပ်​ခြင်း၊​​ ကော်​မတီဝင်​များနှင့်​​တွေ့ဆုံ၍​ ရေးရာအလိုက်လုပ်​ငန်း​ဆောင်​ရွက်​ချက်​များ ​ဆွေး​နွေး တင်​ပြခြင်းနှင့်​ ပါတီ၏​ရှေ့လုပ်​ငန်းစဉ်​များအား ညှိနိုင်း​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည် နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု စုပုံရွာ တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စုပုံရွာမှ လူဦးရေ ရာခိုင်နှုန်း ၉ဝ ခန့် ပါတီဝင်ရောက်လာပြီး ပါတီဝင်အင်အား ၉၂ ဦး ရှိကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ ကျင်းပ

၈.၁.၂၀၁၈ ရက်နေ့ နံနက် ၈:၃၀ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ကာ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးမှ အမှာစကား ပြောကြားပြီး နံနက် ၉:၀၀ နာရီချိန်တွင် ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ၊ ပါတီဗဟိုကော်မတီဝင်များ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

Read more

မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည်ကို စိတ်လှုပ်ရှားမိကြောင်း ကော်တင်ဟိုဆို

ဇန်န၀ါရီ ၈၊ စပိန်

ဘာစီလိုနာအသင်းသို့ရောက်ရှိလာသည့် ကော်တင်ဟိုက မက်ဆီနှင့်ဆွာရက်ဇ်တို့လို ကစားသမားများနှင့် တွဲကစားရမည့် အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောဆိုလိုက်သည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

Read more

မန်ယူအသင်းတွင် ကစားခွင့်ရရန် အူစိန်ဘော့ ပစ်မှတ်ထား

နာမည်ကျော်အပြေးသမားဟောင်း အူစိန်ဘော့က ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းတွင် ကစားခွင့် ရရန် ပစ်မှတ်ထားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အူစိန်ဘော့သည် လာမည့်မတ်လတွင် ဒေါ့မွန်အသင်းနှင့်အတူ ထပ်မံလေ့ကျင့်ခန်းဆင်းမည်ဖြစ်ပြီး ၎င်း၏ အိပ်မက်ဖြစ်သည့် ပရိုဘောလုံးသမားဖြစ်ရေးအတွက် ဆုံးဖြတ်ချက်ချဖွယ် ရှိနေသည်။

Read more

ကတ်တလန်ဒေသ လွတ်လပ်ရေးရရှိပြီး လာလီဂါ၌ ဘာစီလိုနာအသင်း ကစားခွင့် မရပါက မက်ဆီ အလွတ် ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာမည်

ဇန်န၀ါရီ ၅ ရက်က ဘာစီလိုနာမြို့ရှိ ဆေးရုံမှ ကလေးငယ်များအား မက်ဆီနှင့် ဆွာရက်ဇ် သွားရောက် တွေ့ဆုံအားပေးစဉ် (Photo: AFP)

ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ သည် ကတ်တလန်ဒေသ လွတ်လပ်ရေးရရှိပြီး လာလီဂါပြိုင်ပွဲ၌ ဘာစီလိုနာအသင်း ဆက်လက်ကစားခွင့် မရပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရမည်ဖြစ်ကြောင်း စပိန်အခြေစိုက် El Mundo သတင်းဌာနက ဇန်န၀ါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။

Read more

အောင်သူ့ပုံ မတင်မိတဲ့ Police Tero အသင်း မြန်မာပရိသတ်များကို ပြန်လည်ရှင်းပြနေရ

ယခုနှစ် ဘောလုံးရာသီမှာ ရတနာပုံအသင်းကနေ ထိုင်းလိဂ်(၁)ကလပ် Police Tero FCအသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ပြည်တွင်းပြည်ပ မြန်မာ ပရိသတ်များက အထူးအားပေးစောင့်ကြည့်လျက်ရှိနေတာကို တွေ့မြင်နေရပါတယ်။

Read more

ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်ကို ဆန္ဒပြသည့် ဆော်ဒီမင်းသား ၁၁ ဦး ဖမ်းဆီးခံရ

လက်ရှိအုပ်ချုပ်နေသည့် မင်းသား မိုဟာမက်ဒ်ဘင်ဆာမန်း။ (ဓာတ်ပုံ – ရိုက်တာ)

ဆော်ဒီအာရေးဗျနိုင်ငံမှာ တော်ဝင်မိသားစုတွေသုံးစွဲတဲ့ ရေဖိုး မီးဖိုး ကိုယ်တိုင်ကျခံရမယ်ဆိုတဲ့ ခြိုးခြံခြွေတာရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မင်းသား ၁၁ ဦးကို ဆော်ဒီအာဏာပိုင်တွေ က ဖမ်းဆီးလိုက်ပါတယ်။

Read more