ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ယခုလကုန် အပြီးဖွဲ့စည်းနိုင်ရန် မျှော်မှန်း

ရပ်ကွက် (သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ယခုလကုန် အပြီးဖွဲ့စည်းရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောသည်။ လက်ရှိတွင် မြို့နယ်၊ ခရိုင် နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ကို အသစ်ပြန်လည် ဖွဲ့စည်းပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေသည်။

Read more

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ရန် အစိုးရနှင့် တပ်မတော်ကို SNLD တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မှန်ကန်မှုရှိ၊ မရှိအစိုးရနှင့် တပ်မတော်ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် အကြိုလူထုတွေ့ဆုံပွဲအတွက် ရှမ်းအဖွဲ့အစည်းများက အစိုးရ နှင့် ညှိနှိုင်းရသည့် အခြေအနေများအပေါ် ၎င်းက သုံးသပ်ပြောကြား သည်။

Read more

NCA လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်မည်

 

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြိုလူထုတွေ့ဆုံပွဲ)များ ကျင်းပရာတွင် ကြုံတွေ့ရသည့် အခက်အခဲအပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တွင် ချင်းမိုင် မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ခေါင်းဆောင်အချို့က ပြောကြားသည်။

Read more

ဖက်ဒရယ်အခြေခံမူများဆွေးနွေးရန် ABSDF နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)က နိုင်ငံရေးပါ တီများနှင့်တွေ့ဆုံကာ ဖက်ဒရယ် အခြေခံမူများတွင် ပါဝင်သင့် သည့် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း ABS -DF ဒုတိယဥက္ကဋ္ဌဦးမျိုးဝင်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အကြိမ်အစည်းအဝေးမတိုင်မီ ရက်များတွင် ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် စီစဉ်နေကာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် အင်အားကြီးပါတီတို့အပြင် တိုင်းရင်းသားပါတီများလည်း ပါဝင်မည် ဖြစ်ကြောင်း ဦးမျိုးဝင်း က ပြောသည်။

Read more

အစိုးရအပေါ် နှလုံးသားနှင့် မခံစားဘဲ ဦးနှောက်ဖြင့်သာ ခံစားဆုံးဖြတ်ဖို့လိုသည်

ယနေ့ ပြည်သူလုထု၏ စားဝတ်နေရေး၊ သွားရေးလာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကအစ ပညာရေး၊ တရားစီရင်ရေးနှင့် ဘေးကင်းလုံခြုံရေးလို အခန်းကဏ္ဍများအထိ အရင်အတိုင်း မပြောင်းမလဲရှိနေသေးသလို အချို့သော နေရာများမှာ အရင်ကထက်တောင် ပိုပြီးဆိုးဆိုးရွားရွားရှိနေသည်ဆိုသည့် ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်နေတာလည်း အမှန်ပါ။

Read more

ဘောလခဲမြို့နယ်၊ (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဘောလခဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

 

ယနေ့ ၆-၁-၂၀၁၈ ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်မှ (၃း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မိုင်းထမ်း ကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းသို့နေရာယူပြီး ဘောလခဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အဖွင့်အမှာစကား ပြောကြားသွား ပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂ဝ) မှ မြို့နယ်ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြ သည်။

Read more

မလှိုင်​ပြည်​ခိုင်​ဖြိုး Online Media မွမ်းမံ (ဆင့်​ပွား) သင်​တန်းဖွင့်​လှစ်

 


(၈.၁.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၉း၃၀) အချိန်​တွင်​ မလှိုင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ (ဆင့်ပွား) သင်​တန်းဖွင့်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​ရွှေနန်းနှင့်ဦး​ကျော်​စန်း၊ မိတ္ထီလာခရိုင်​​ကော်​မတီဥက္ကဌ ဦးထွန်းထွန်းဦးနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်း၊ ဦး​ဇော်​​အောင်​ထက်​၊ ​မလှိုင်​မြို့နယ်​ပါတီ​ဥက္ကဌ ဦး​စိုးသိန်းနှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​ရွှေနန်းမှသင်​တန်းဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​သင်​တန်းနည်းပြများမှဆက်​လက်​​ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်​။

#ပြည်ခိုင်ဖြိုး #မန္တလေးတိုင်ဒေသကြီး

Read more

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနား

 

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး၊ တိုင်းပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီဥက္ကဌ ဦးလွင်ဦး ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် သင်တန်းသား/သူ (၆၀) ဦး စုစုပေါင်းအင်အား (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည် ။ သင်တန်းကို ၅-၁-၂၀၁၈ မှ ၇-၁-၂၀၁၈ ထိ ၃ ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရှိရပါသည်။

Read more

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်

၆.၁.၂၀၁၈ ရက်နေ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်သော ပါတီဝင်များနှင့် တွေ့ဆုံပွဲအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ပြီး တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီ ကော်မတီဝင်များ ၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးစည်းမှူးများ ၊ ပါတီဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ကာ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

Read more