ဘရစ်ဘိန်းချန်ပီယံဆုဖလားကို ကိုင်ဂျီယို့စ်ဆွတ်ခူး

သြစတြေးလျ တင်းနစ်အကျော်အမော် နစ်ကိုင်ဂျီယို့စ်ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဘရစ်ဘိန်းပြိုင်ပွဲဗိုလ်လုပွဲမှာ ဟာရစ်ဆင်ကို (၆-၄) (၆-၂)နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်အနေနဲ့ မွေးရပ်မြေမှာကျင်းပတဲ့ ဘရစ်ဘိန်းပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးတိုးလ်ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့နိုင်ခဲ့တာဖြစ်ပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ယုံကြည်မှုတွေပြန်လည် ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်ဟာ ၂၀၁၄မှာ လေတန် ဟီဝတ် ပြီးနောက် (၁၀)နှစ်တာကာလအတွင်း ဘရစ်ဘိန်းချန်ပီယံဖြစ်ခဲ့တဲ့ ဒုတိယမြောက် သြစတြေးလျနိုင်ငံသားလည်း ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာအောင်မြင်မှု ရရှိခဲ့တာကြောင့် ကိုင်ဂျီယို့စ်ဟာ အဆင့်(၄)နေရာတက်ခဲ့ပြီး ကမ္ဘာ့အဆင့်(၁၇)ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Read more

ချန်ပီယံဘွဲ့အတွက် အောင်လအန်ဆန်ကို ယခုနှစ်အတွင်း စိန်ခေါ်မည်ဟု ဘစ်တာလီဘစ်ဒက်ရှ် ကြုံးဝါး

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်က လက်ရှိ ချန်ပီယံ အောင်လအန်ဆန်ကို ယခုနှစ်အတွင်း ပြန်လည်စိန်ခေါ်မည်ဖြစ်ပြီး ချန်ပီယံခါးပတ် ပြန်လည်ရယူမည်ဖြစ်ကြောင်း ကြုံးဝါးသည်။ မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် အောင်လအန်ဆန် သည် ပြီးခဲ့သည့် ၂၀၁၇ ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှိကို အမှတ် ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

Read more

မြန်မာလိဂ်ပွဲစဉ်များကို မြန်မာ့ရုပ်သံနှင့် For Sport ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်

MPT မြန်မာလိဂ်ပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် For Sport ရုပ်သံလိုင်းတို့မှ   တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း  မြန်မာလိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ၂၀၁၈ တွင် မြန်မာလိဂ်ပြိုင်ပွဲကို MRTV နှင့် For Sport ရုပ်သံလိုင်းတို့မှ  ပြသရန်စီစဉ်ထားပြီး ရုပ်သံလိုင်းက ပြသနိုင်ခြင်းမရှိသည့် ပွဲစဉ်များကို မြန်မာလိဂ် Facebook Page က Live ပြသမည်ဖြစ်သည်။

Read more

ဒေါ်နယ်ထရမ့် ၏ ထရမ့်တာဝါ၌ မီးလောင်မှုဖြစ်ပွား၊ သုံးဦး ဒဏ်ရာရ

ဇန်န၀ါရီ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထရမ့် တာဝါအဆောက်အဦး အပေါ်ဆုံးမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက် အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိသွားခဲ့ကာ တစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ နယူးယော့ခ် မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

Read more

၂နှစ်ကျော်တွင်း ပထမဦးဆုံးအကြိမ်အဖြစ် တောင်၊မြောက်ကိုရီးယား နှစ်နိုင်ငံ အစည်းအဝေးပွဲစတင်

ဆိုးလ်၊ ဇန်န၀ါရီ ၉

တောင်ကိုရီးယားနှင့်  မြောက်ကိုရီးယားတို့သည် ၂နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်  ပြုလုပ်သည့် နှစ်နိုင်ငံအစည်းအဝေးပွဲကို အင်္ဂါနေ့တွင် စတင်ကျင်းပလျက်ရှိပြီး လာမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ မြောက်ကိုရီးယား အားကစားသမားများ ပါဝင်ဆင်နွှဲနိုင်ရေးကို အဓိကထား၍ ဆွေးနွေးမည်ဖြစ်သလို ဒေသတွင်း တင်းမာမှုများ လျှော့ချရေးကိုလည်း   ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားမှ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန က ပြောဆိုခဲ့သည်။

Read more

ယာယီနေထိုင်ခွင့် နှစ်သိန်း အမေရိကန်ဖျက်သိမ်း

အမေရိကန်မှာ ဆက်နေခွင့် မရတော့ရင် သိန်းနဲ့ချီတဲ့သူတွေ နေရပ်ပြန်ရတော့မယ်

 အမေရိကန် အစိုးရ က အယ်ဆာဗေးဒိုး နိုင်ငံ မှ လူပေါင်း နှစ်သိန်းခန့် ကို ယာယီ အကာအကွယ်ပေးပြီး အမေရိကန် မှာ နေထိုင်ခွင့် ပြုထားခြင်း ကို လာမဲ့နှစ် ၂၀၁၉ ခု စက်တင်ဘာလ နောက်ဆုံးထားပြီး ရုပ်သိမ်းမဲ့ အကြောင်း အသိပေးကြေညာ လိုက်ပါပြီ။

Read more

လစာမညီမျှ၍ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းအယ်ဒီတာ ရာထူးမှ နုတ်ထွက်

ကိုယ်တိုင်ရေးသားခဲ့သော အိတ်ဖွင့်ပေးစာတစ်စောင်အရ လစာပေးချေရာတွင် အမျိုးသား လုပ်ဖော်ကိုင်ဖက်များ နှင့် တန်းတူမရရှိမှုကြောင့် တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီအယ်ဒီတာ ကာရေးဂရေစီသည် ရာထူးမှ နုတ်ထွက်ခဲ့ သည်ဟု ဆိုသည်။

အမျိုးသားဝန်ထမ်းများကို လစာငွေပိုပေးမှုကြောင့် ဘီဘီစီ သည် လတ်တလောအတွင်း ဝေဖန်ခံနေရပြီး ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျား၊ မ ကွာဟချက် ပပျောက်အောင် ဆောင်ရွက်မည် ဟု ကတိပြုထားသည်။

Read more

လိမ္မော်ခွံကို အကျိုးရှိအောင် ဘယ်လိုပြန်သုံးကြမလဲ

 

လိမ္မော်သီးဟာ citrus fruit လို့ခေါ်တဲ့ စစ်ထရစ်အက်ဆစ် ပါဝင်မှုများပြားတဲ့ အသီးတစ်လုံးဖြစ်ပြီး ဗိုက်တာမင်စီကြွယ်ဝမှုကြောင့် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင် တယ်လို့ နာမည်ကြီးပါတယ်။ လိမ္မော်သီးစားရင် လူတော်တော်များများက လိမ္မော်ခွံတွေကို လွှင့်ပစ်ကြတာ များပါတယ်။ တကယ်တော့ လိမ္မော်ခွံမှာ ပြန်သုံးတတ်ရင် အသုံးဝင်တဲ့အချက်တွေ အများကြီးရှိပါသေးတယ်။
၁။ လေထုသန့်စင်စေမယ်

Read more

XIAOMI REDMI 5 PLUS

 

PRICE – 235,000

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဘေးဘောင်တွေ ပါးလွှာတဲ့ မျက်နှာပြင်အပြည့် ပုံစံမျိုး တည်ဆောက် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ကျယ်ဝန်းပါတယ်။ ဖုန်းကိုယ်ထည် ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်မှမပါတဲ့အတွက် Android Button စနစ်တွေကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။ Fingerprint Sensor ကို ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။

Read more

ပြည်ထောင်စုရာထူးဝန်အဖွဲ့က E-LEARNING စနစ် အကောင်အထည်ဖော်နေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့က e-Learning စနစ်ကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အဲဒီ e-LS (e-Learning System Portal) ကို မကြာမီ အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) နဲ့အညီ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေကို ဝန်ဆောင်မှုကောင်း ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ အိုင်စီလုပ်ငန်းတွေကို လက်ရှိအခြေအနေ ထက်ပိုမိုတိုးတက်ဖွံ့ဖြိုး စေရေးကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကပြော ကြားထားပါတယ်။

Read more