မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူရန် ဂျူဗင်တပ် ပစ်မှတ်ထား

ဂျူဗင်တပ်အသင်းဟာ ကက်ဂလီယာရီအသင်းက မြောက်ကိုရီးယား တိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဟန်ကွောင်ဆောင်ဟာ ၂၀၁၅မှာ ကက်ဂလီယာရီအကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၇၊ ဧပြီလ (၂)ရက်နေ့က ပါလာမိုကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲကစားခွင့် ရရှိခဲ့ပြီး စီးရီးအေမှာ ကစားခွင့် ရရှိတဲ့ ပထမဆုံး မြောက်ကိုရီးယားကစားသမားဖြစ်ခဲ့ပါတယ်။

Read more

မော်ရင်ဟိုနှင့်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူနီးစပ်

မန်ယူအသင်းဟာ နည်းပြမော်ရင်ဟိုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူရဲ့ အပြောင်းအရွှေ့ ငွေကြေး သုံးစွဲမှုအပေါ် ဝေဖန်ခဲ့ပြီး ဟိုတယ်မှာသာ တည်းခိုနေထိုင်တာကြောင့် မော်ရင်ဟို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် မော်ရင်ဟိုကတော့ သူ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဇန်န၀ါရီအစောပိုင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Read more

အောင်သူက ထိုင်းလိဂ်ရဲ့ အကောင်းဆုံး အာဆီယံသွင်းကုန်လား၊

ဇန်န၀ါရီလ(၁၅)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပုလိစ်တယ်ရိုအသင်းနှင့် ဘန်ကောက်အသင်းတို့၏ ရာသီကြိုခြေစမ်းပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် PoliceTeroအသင်း မန်နေဂျာက တိုက်စစ်မှူး အောင်သူ အား အာဆီယံအကောင်းဆုံး ကစားသမားဖြစ်လာရန် ထိုင်းလိဂ်မှ ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

Read more

တရုတ်နိုင်ငံမပါဝင်သည့် ကနေဒါနိုင်ငံမှ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲ

ဗန်ကူးဗား၊ ကနေဒါ၊ ဇန်န၀ါရီ ၁၇

မြောက်ကိုရီးယား၏ နျူကလီးယားဒုံးပျံလက်နက် ခြိမ်းခြောက်မှုနှင့်ပက်သက်၍ ဖြေရှင်းရန်အတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် အင်္ဂါနေ့ကကျင်းပခဲ့ပြီး ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများက ပါဝင်ဆွေးနွေး ခဲ့ကြသည်။

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကို တစ်ညီတစ်ညွတ်တည်း ရင်ဆိုင်ဖြေရှင်းကြရန်ရည်ရွယ်ကာ ဗန်ကူးဗားမြို့ တွင် နှစ်ရက်တာပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို ကနေဒါနှင့်အမေရိကန်တို့မှ အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ယင်းပြသနာကိုဖြေရှင်းနိုင်ဖို့ အလား အလာနည်းပါးကြောင်း သိရသည်။

Read more

ရုရှားသမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ပူတင်ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိဟုဆို

မော်စကို ဇန်နဝါရီ ၁၆

ရုရှားနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် သမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ ပြိုင်ဘက်ရွေးချယ်ခံ သမ္မတလောင်းများကို အနောက်ဝေးဝေးတွင် ထားခဲ့ကာ ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိကြောင်း ရုရှားအစိုးရပိုင် သုတေသနဌာနဖြစ်သည့် ဗွီတီအက်စ်အိုင်အိုအမ်က ပြုလုပ်သော လုထုဆန္ဒ ကြိုတင်ကောက်ယူမှုတစ်ခုတွင် ဖော်ပြသည်။

Read more

အီရန်အစိုးရ ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဖမ်းဆီးထားသည့် လူပေါင်း ၄ဝဝ ကို ပြန်လွှတ်ပေး

တီဟီရန် ဇန်နဝါရီ ၁၆

နိုင်ငံအတွင်း နောက်ထပ်လူမည်မျှ ထပ်မံ ဖမ်းဆီးထိန်းသိမ်းခံရမည်ကို မသိခင် အခြေအနေတွင် အီရန်အစိုးရ ဆန့်ကျင် ဆန္ဒပြမှုအတွင်း ဖမ်းဆီးထားသည့် လူ ပေါင်း ၄ဝဝ ခန့်ကို အီရန်က လွှတ်ပေးခဲ့ ကြောင်း တရားစီရင်ရေးအာဏာပိုင်များ က ပြောခဲ့သည်။

Read more

ဖိလစ်ပိုင်ရှိ မေယွန်မီးတောင် လှုပ်ရှားမှုများကြောင့် ဒေသခံ သောင်းနှင့်ချီပြီး အရေးပေါ်ပြောင်းရွှေ့

ဖိလစ်ပိုင် နိုင်ငံရှိ မေယွန်မီးတောင် လှုပ်ရှားမှုများကြောင့် အနီးအနားမှ ဒေသခံ သောင်းနှင့်ချီပြီး အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

ကယ်ဆယ်ရေး ဌာနက မေယွန်မီးတောင် အနီးတဝိုက် ဧရိယာများမှ လူပေါင်း ၃၄၀၀၀ ထက်မနည်းကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် ကူညီပေးနေကြောင်း ကြေညာသည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး ဌာနက နိုင်ငံ အရှေ့မြောက်ပိုင်း၊ အယ်လ်ဘေး ခရိုင်ရှိ မေယွန်မီးတောင်မှ ယိုဖိတ် စီးကျလာသည့် ချော်ရည်များသည် ၁.၂ မိုင်မျှ အကွာအဝေးထိ ရောက်ရှိနေပြီဟု သတိပေးထားသည်။

Read more

ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့လစာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးစီစဉ်နေ

စပါးအသင်းဟာ ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့ လုပ်ခလစာနဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ စတင်ကြိုးပမ်း နေပါပြီ။ လက်ရှိမှာ အလီဟာ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀)၀န်းကျင် ရရှိနေပြီး အဲဒီလုပ်ခ လစာရဲ့(၂)ဆ ပေါင်(၁၀၀၀၀၀)နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးအသင်း စီစဉ်နေတယ်လို့သိရပါတယ်။

Read more

UEFA တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်

ယူအီးအက်ဖ်အေဟာ ၂၀၁၇ အတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာ နေမာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

နေမာဟာပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဘာစီလိုနာကနေပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်၈ျီကို ပြောင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာမက်ဆီနဲ့ စီရော်နယ်ဒိုတို့ပြီးရင် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထား ရသူ ဖြစ်ပါတယ်။

Read more

ဆန်းချက်ဇ်ကို ခေါ်ယူရန် ပေါင် ၂၅ သန်းသာမက မစ်ခီတာယန်ပါ အလိုက်ပေးမည်ဟု မော်ရင်ဟိုကမ်းလှမ်း

မန်ယူနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသို့ ဖုန်းခေါ်ဆို၍ ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်း ဖြင့် ခေါ်ယူရန်နှင့် မစ်ခီတာယန်အား အလိုက်ပေးရန် ဆွေးနွေးခဲ့သည်ဟု ဗြိတိန်သတင်းများက ဖော်ပြသည်။

ဆန်းချက်ဇ်သည် မန်ယူ၏ ပြိုင်ဘက်မန်စီးတီးသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် သေချာသလောက်ရှိပြီး နည်းပြဟောင်း ဂွာဒီယိုလာနှင့် လက်တွဲရန် စိတ်အားထက်သန်နေသည်။ သို့သော် ဆန်းချက်ဇ်အတွက် မန်စီးတီးက ပေါင်သန်း ၂၀ သာ ပေးရန် ပြင်ဆင်ထားသည်။

Read more