ကမ္ဘာ့ဂျူနီယာဂေါက်သီးရိုက်ချန်ပီယံ ဟိန်းစည်သူ ပြန်လည်ရောက်ရှိ

အမေရိကန်မှာကျင်းပခဲ့တဲ့  2017 American Junior ဂေါက်သီးရိုက်ပြိုင်ပွဲ World Junior Golf Series ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရရှိခဲ့တဲ့ မြန်မာလူငယ် ဂေါက်သီးအားကစားသမား ဟိန်းစည်သူဟာ ဇန်နဝါရီ ၉ ရက် ညပိုင်းက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

Read more

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုအနီး တရုတ်စစ်သင်္ဘော ခုတ်မောင်းခြင်းကို ဂျပန် သတိပေး

ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုအနီးမှ တရုတ် စစ်သင်္ဘော ဖြတ်သန်း ခုတ်မောင်းမှုအတွက် ဂျပန်က တရုတ် သံအမတ်ကို ဆင့်ခေါ် သတိပေးခဲ့ကြောင်း သိရသည်။

အရှေ့တရုတ် ပင်လယ်အတွင်းရှိ ဂျပန်နှင့် တရုတ်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ ဆန်ကာကူ ကျွန်းစုအနီးမှ တရုတ်၏ ဖရီးဂိတ် စစ်သင်္ဘောတစ်စီး ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ ဆန်ကာကူ ကျွန်းစုကို ဂျပန်က ထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း အရေးဆိုနေသည်။ ယင်းကျွန်းစုကို တရုတ်တွင် ဒိုင်အိုယူဟု သုံးနှုန်း ခေါ်ဝေါ်သည်။

Read more

ဒရုန်းများကို အကြမ်းဖက်သမားများ အသုံးချလာမှုနှင့်ပက်သက်၍ ရုရှားစစ်တပ် သတိပေး

မော်စကို၊ ရုရှား၊ ဇန်န၀ါရီ ၁၂

ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းများ ဒရုန်းများနှင့် တိုက်ခိုက်ခံရပြီးနောက်တွင် ယင်းကရိယာများကို အကြမ်းဖက်ရည်ရွယ်ချက်ဖြင့် သုံးစွဲနေသည့်အပေါ် စိုးရိမ်မိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသာပတေးနေ့၌ ပြောခဲ့သည်။

ပြီးခဲ့သောဇန်န၀ါရီလ ၆ ရက်နေ့က ဆီးရီးယားရှိ ရုရှားလေတပ်စခန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းဆယ်ခုခန့်နှင့် တိုက်ခိုက်ခံခဲ့ရပြီး တာတပ်စ်ဆိပ်ကမ်းရှိ   ရေတပ်စခန်းတွင်လည်း ဒရုန်း ၃ခုနှင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ရုရှားစစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

Read more

ဆီးနှင်းကျဆင်းမှုကြောင့် ဂျပန်တွင် ရထားတစ်စီးပေါ်၌ ခရီးသည် ၄၀၀ ကျော် တစ်ညလုံး ပိတ်မိခဲ့

ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ဂျပန်တွင် ခရီးသည် ၄၀၀ ကျော်မျှ ရထားပေါ်တွင် တစ်ညလုံး ပိတ်မိနေခဲ့ကြောင်း သိရသည်။

ဂျပန်ပင်လယ် ကမ်းခြေအနီးတွင် ဖောက်လုပ်ထားသည့် ရထားလမ်းပေါ်၌ ဆီးနှင်းများ ထူထူထဲထဲ ကျဆင်းခဲ့ပြီး ဆက်လက် ခုတ်မောင်း၍ မရတော့သည့်အတွက် ရထားကို မဖြစ်မနေ ရပ်ထားရန် ဆုံးဖြတ်ခဲ့ရကြောင်း ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Read more

သီရိလင်္ကာတွင် အမျိုးသမီးများ အရက်သေစာ ဝယ်ယူခွင့် ပိတ်ပင်မှု ပယ်ဖျက်

ကိုလံဘို ဇန်နဝါရီ ၁၁

သိရိလင်္ကာနိုင်ငံတွင်နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဦးဆုံး အနေဖြင့် အမျိုးသမီးများအရက် သေစာဝယ်ယူခွင့် ပိတ်ပင်ထားသည့် ဥပဒေကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။ သီရိလင်္ကာအစိုးရမှ အသက် ၁၈ နှစ်အထက် အမျိုး သမီးများအား အရက်သေစာဝယ် ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

Read more

လူထုတွေ့ဆုံပွဲများ ကန့်သတ်ခံရမှုအပေါ် ထိပ်သီးခေါင်းဆောင်များ၏လမ်းညွှန်မှု ရယူအဖြေရှာမည်ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့ဆို

 

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး ကန့်သတ်မှုများ ကြုံနေရခြင်းအပေါ် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုရယူအဖြေရှာမည်ဟု တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့၏ရုံးက ဇန်နဝါရီ ၉ ရက်တွင် သတင်း ဖော်ပြသည်။ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ပြုလုပ်မည့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင် ပဒိုစောတာဒိုမူးအား မေးမြန်းထားမှုများကို NCA လက်မှတ်ထိုးရှစ်ဖွဲ့ရုံးက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြသည်။

Read more

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေး အစိုးရနှင့် တရုတ်ကုမ္ပဏီ ဆက်တိုက် ဆွေးနွေးနေ

ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ရခိုင်ပြည်နယ် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအမြန် အကောင်အထည်ဖော်နိုင်ရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် ရွေ့လျားအိမ်ရာ အလုံး ၁၀၀ လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကလည်း တိုက်တွန်း ပြောကြားသည်။

Read more

သီချင်းတွေ သိမ်းဆည်းထားနိုင်တဲ့ GARMIN ရဲ့ပထမဆုံး ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် FORERUNNER 645 MUSIC

ပြီးခဲ့တဲ့နှစ်က Apple Watch, Fitbit Ionic တို့နဲ့အပြိုင် Garmin ရဲ့ Vivoactive 3 လည်း ထွက်ရှိလာပါတယ်။ ဒါပေမဲ့ Vivoactive 3 မှာ onboard music storage မပါဝင်ပါဘူး။ အခု CES ပြပွဲမှာ Garmin ဟာ စမတ်ဖုန်းမလိုဘဲ သီချင်းတွေကို သိမ်းဆည်းပြီး နားထောင်နိုင်မယ့် storage ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဝတ်ဆင်နိုင်တဲ့ထုတ်ကုန် ဒေါ်လာ ၄၅၀ တန် Forerunner 645 Music ကို မိတ်ဆက်ခဲ့ပါတယ်။

Read more

ကြိုးမဲ့နားကြပ်တွေရဲ့ ဘက်ထရီသက်တမ်းကို သုံးဆမြှင့်တင်နိုင်မယ့် QUALCOMM ချစ်ပ်အသစ်

 

ကြိုးမဲ့ headphone တွေမှာ စိတ်ညစ်ညူးစရာ အဓိကပြဿနာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေက ဆူညံသံ တော်တော်များများ ဖြစ်ပေါ်စေတာနဲ့ ဘက်ထရီသက်တမ်း တာရှည်မခံတာ ဖြစ်ပါတယ်း။ Qualcomm အနေနဲ့ အဲဒီပြဿနာကို ချစ်ပ်အသစ်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

“ဒါဟာ နားကြပ်ထုတ်ကုန်အမျိုးအစားအတွက် အဆင့်မြှင့်တင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်”လို့ Qualcomm ရဲ့ Voice and Music လုပ်ငန်းယူနစ်က အကြီးတန်းဒုဥက္ကဋ္ဌနဲ့ အထွေထွေ မန်နေဂျာဖြစ်သူ အန်တိုနီမာရေးက ပြောခဲ့ပါတယ်။

Read more

ဆေးလိပ်သောက်ခြင်းနဲ့ မျက်စိအန္တရာယ်

အိန္ဒိယမှာ glaucoma ရေတိမ်ရောဂါဖြစ်ပွားမှုဟာ မြင့်တက် လျက်ရှိပြီး မျက်စိကုသမားတော်တွေ ကတော့ ယင်းကဲ့သို့ဖြစ်ရခြင်းရဲ့ အဓိကတရားခံက ဆေးလိပ်သောက် တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သတိပေးခဲ့ ပါတယ်။ ရေတိမ်ရောဂါ သာမက အသက်အရွယ်ကြောင့် မျက်စိအာရုံခံလွှာ ကွာကျပျက်စီး ခြင်း Age related macula degeneration (AMD) နဲ့ အခြား မျက်စိရောဂါေ တွပါ ဖြစ်ပွားစေနိုင် ပါတယ်။ ဒါပေမဲ့ လူဦးရေရဲ့ ၁၀-၂၀% လောက်ကသာ ယင်း အန္တရာယ်ကို သတိထားမိကြပါတယ်။

Read more