ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ

ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၃၀ရာခိုင်နှုန်း နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင် ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။

၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်း များစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

Read more

တရုတ်-မြန်မာ ပူးတွဲပြီး သမုဒ္ဒရာပြင် သုတေသန ပြုလုပ်

တရုတ် သုတေသန သင်္ဘော ရှန်ယန်ဟောင် ဝ၃ ဟာ သိပ္ပံပညာရှင် အဖွဲ့ကို တင်ဆောင်ရင်း မြန်မာ သီလဝါ ဆိပ်ကမ်းကို ဇန်နဝါရီ ၁၇၇က် ဗုဒ္ဓဟူးနေ့က ဆိုက်ရောက် လာပါတယ်။ မြန်မာ ရေပိုင်နက်ထဲ တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်တွေ ပူးပေါင်းပြီး အဏ္ဏဝါဗေဒ ဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ၃ ရက်ကြာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Read more

ရိုဂေါ်စတာကိုနိုင်ပြီး အသက်ငယ်ဆုံးကစားသမား စံချိန်တင်ခဲ့သည့် ယူကရိန်းတင်းနစ်မယ်

သြစတြေးလျအိုးပင်းမှာ ယူကရိန်းတင်းနစ်မယ် မာတာကော့စ်ယွက်က သြစတြေးလျက ရိုဂေါ်စကာကို အနိုင်ယူပြီး  တတိယအဆင့်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံး ကစာသမားအဖြစ် စံချိန်တင်သွားပါတယ်။

အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ကော့စ်ယွက်ဟာရိုဂိုစကာကို ၆-၃၊ ၇-၅ နဲ့ ၂ ပွဲ ပြတ်နဲ့ အနိုင်ယူပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစာသမားအဖြစ် တတိယအဆင့်ကို တက်လှမ်း နိုင်ခဲ့တာပါ။

Read more

စံချိန်တင်လစာ တစ်ပတ်ပေါင် ၅၀၅၀၀၀နဲ့ မန်ယူကို ဆန်းချက်ဇ် ပြောင်းတော့မယ်

အာဆင်နယ်အသင်း တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ ဗြိတိန်စံချိန်တင်လစာနဲ့ မန်ယူကို ပြောင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ဆန်းချက်ဇ်ဟာ တစ်ပတ်ကို ဆုကြေးနဲ့ အခြေခံလစာ အပါအ၀င် ပေါင် ၅၀၅၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်က သူ့နေရာ အစားထိုးမယ့်သူရတာနဲ့ ဆန်းချက်ဇ်ဟာ မန်ယူနဲ့ ၄ နှစ်ခွဲ စာချုပ်လက်မှတ်ထိုးသွားမှာဖြစ်ပြီး လာမယ့်တစ်ပတ်ဘန်လေနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့အတွက် လက်မှတ် အမြန်ဆုံးထိုးနိုင်ဖို့ မန်ယူနည်းပြမော်ရင်ဟိုကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။

Read more

Laureus ဆုအတွက် စီရော်နယ်ဒိုနဲ့ ရီးရဲလ်တို့အမည်စာရင်း ပါဝင်လာ

အားကစားလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ခုဖြစ်တဲ့ Laureus World Sportsman of the Year ဆုအတွက် နောက်ဆုံး အမည်စာရင်း ထွက်ပေါ်လာခဲ့ရာမှာ အမျိုးသားဆုအတွက် ကစားသမား ၆ ဦးထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်း တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်လာတယ်လို့ သိရပါတယ်။

Read more

ဝိန်းရူနီကြောင့် အဲဗာတန်ကို ပြောင်းလာခဲ့တာလို့ ၀ဲလ်ကော့ ဆို

အာဆင်နယ်ကနေ အဲဗာတန်အသင်းဆီ ပေါင်သန်း ၂၀နဲ့ ပြောင်းလာခဲ့တဲ့ ၀ဲလ်ကော့က သူဒီကို ပြောင်းလာတဲ့ အကြောင်းအရင်းတွေထဲမှာ ရူနီရှိနေခြင်းက အဓိကကျခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဝဲလ်ကော့ဟာ အဲဗာတန်နဲ့ ၃ နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ စာချုပ်လက်မှတ်ထိုးပြီးချိန်မှာ ၀ဲလ်ကော့က “ဒီကိုမလာခင်ရူနီနဲ့စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာဘောလုံးကစားဖို့ တကယ်ကောင်းတဲ့ နေရာ ဖြစ်ပြီး ထိပ်တန်းအဆင့်ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Read more

မက္ကဆီကို သမ္မတရွေးကောက်ပွဲ သမ္မတဟောင်းကတော် ၀င်ရောက်ယှဉ်ပြိုင်မည်

သမ္မတဖြစ်ခဲ့ရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လမ်းကြားတွေထဲမှာ တာဝန်ချထားတဲ့ စစ်သားတွေကို ပြန်ရုပ်သိမ်းမယ်လို့  မက္ကဆီကို သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်းကတော် မာဂါရီတာဇာဗာလာက ဇန်န၀ါရီ ၁၆ ရက်က  ကတိပေးလိုက်ပါတယ်။

မက္ကဆီကိုမှာ ဇာဗာလာရဲ့ခင်ပွန်း သမ္မတဟောင်း ဖယ်လစ်ပီကာဒဲရွန်ရဲ့ ၂၀၀၆ ခုနှစ်က စခဲ့တဲ့ စစ်တပ် ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးဗျူဟာက အကြမ်းဖက်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။

Read more

မြောက်ကိုရီးယားကို ဒဏ်ခတ်မှု ပိုမိုပြုလုပ်ရေး စဉ်းစားကြရန် သဘောတူ

နိုင်ငံပေါင်း ၂၀ ပါဝင်တဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲကနေ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဥ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးက မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဉ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ ထိပ်သီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Read more

ဆေးဝါးအတုတွေကြောင့် အာဖရိကမှာ တနှစ် လူတသိန်းခန့် သေဆုံး

ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ဆေးဝါးအတုတွေကြောင့် တနှစ်ကို လူ တသိန်းလောက် သေဆုံး နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံ မြို့တော် နဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ ဆေးဝါးတု ဈေးကွက်ရှိပြီး ဆေးအတုတွေကို အာဏာပိုင်တွေ သိမ်းဆည်းမီးရှို့ခဲ့ပေမယ့် မကြာမကြာဆိုသလို ပြန်ပေါ် လာတယ်လို့ ဆိုပါတယ်။

Read more

ကစားသမားဘ၀ကနေ ရော်နယ်ဒင်ညိုအနားယူပြီ

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်ဒင်ဟိုဟာ ကစားသမားဘ၀ကနေ အနားယူပြီလို့ ကစားသမားရဲ့အကိုနဲ့ အေးဂျင့်လည်းဖြစ်တဲ့သူက အတည်ပြုခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒင်ညိုဟာ ၂၀၁၅မှာ ဖလူမင်နိစ်အသင်းကနေထွက်ခွာကတည်းက ဘယ်အသင်းမှာမှကစားခဲ့ခြင်းမရှိဘဲ အခုအချိန်မှအနားယူတာပဲဖြစ်ပါတယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်တို့မှာ ရော်နယ်ဒင်ညို ကစားခဲ့ဖူးပါတယ်။ ၂၀၀၂ကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့ အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့လည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

Read more