နည်းပြဖြစ်သူ နှလုံးဖောက်လာသဖြင့် ဘောလုံးပွဲရပ်နားခဲ့ရ

ဂျာမနီပြည်တွင်းလိဂ် ပွဲစဉ်တစ်ပွဲမှာ နည်းပြဖြစ်သူ ရုတ်တရက် နှလုံးဖောက်လာတာကြောင့် ဘောလုံးပွဲ ရပ်နားလိုက်ရတယ် လို့ ဒေးလီးမယ်ရာသတင်းမှာ   ဖော်ပြထားပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုင်ဇာစလော့တန်နဲ့ ဒမ်စတက်အသင်းတို့ပွဲစဉ်မှာ ကိုင်ဇာစလော့တန် နည်းပြ ဂျက်ဖ် စထရက်ဆာဟာ ပွဲချိန်ပထမပိုင်းအပြီး ရုတ်တရက် နှလုံးဖောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ စထရက်ဆာကို ဆေးရုံချက်ချင်းပို့ဆောင်ခဲ့ရပြီး ဒမ်စတက်ကွင်းမှာကစားတဲ့ အဲဒီပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။

Read more

ဒဏ်ရာဖြင့် အနားယူခဲ့ရသော ရာဖေးလ်နာဒယ် သီတင်းသုံးပတ်ကြာ နားရမည်

ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာဒယ်သည် အင်္ဂါနေ့ကသြစတြေးလျ ကွာတားဖိုင်နယ်ပွဲ၌ မာရင်းစီလစ်နှင့် ရင်ဆိုင်တွေ့စဉ်

ပေါင်ရင်းဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်ဆေးမှု ခံယူရာ သီတင်းသုံးပတ် အထိ အနားယူရမည်ဖြစ်သည်။

စီလစ်နှင့် ၃-၆၊ ၆-၃၊ ၆-၇ (၅)၊ ၆-၂၊ ၂-၀ ရလဒ်ထွက်ပေါ် နေစဉ် ညာဘက်ခြေထောက်နာ ကျင်ခြင်းကြောင့် ပွဲမှ အနားယူခဲ့ရသည့် နာဒယ်သည် ဆေးစစ်ဆေးမှုအရ တင်ပါးအတွင်းပိုင်း ကြွက်သားဒဏ်ရာ ရရှိနေကြောင်း တွေ့ရှိခဲ့သည်။

Read more

၂၀၁၈ မာစတာ စနူကာပြိုင်ပွဲ ချန်ပီယံဆု မာ့ခ်အဲလန် ဆွတ်ခူး

လန်ဒန်မြို့မှာ ကျင်းပတဲ့ ၂၀၁၈ မာစတာစနူကာပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး အိုစူလီဗန်ကို အနိုင်ရရှိခဲ့တဲ့ မာ့ခ်အဲလန်ဟာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၈ မာ့ခ်အဲလန်ဟာ ဖိုင်နယ်ပွဲစဉ်မှာ ကိုင်ရန်ဝီလ်ဆင်ကို ၁၀-၇ နဲ့ အနိုင်ရရှိခဲ့တာပါ။

မာ့ခ်အဲလန်ဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း မြောက်အိုင်ယာလန်နိုင်ငံသားအဖြစ် ပထမဆုံးအကြိမ် မာစတာ ဆုဖလား ကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာပါ။

Read more

မာချာဒိုကို အနိုင်ယူရန် အချိန်ယူပြင်ဆင်ထားကြောင်း အောင်လအန်ဆန်ဆို

MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်မည့် ဘရာဇီးနိုင်ငံသား မာချာဒို နှင့်ပွဲတွင် အနိုင်ရရန် အချိန်ယူ ပြင်ဆင်ထားကြောင်း အောင်လ အန်ဆန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ရုံ(၁) သုဝဏ္ဏ၌ကျင်းပမည့် MMA(One Championship) ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒားမာချာဒို တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

Read more

နှစ်နိုင်ငံ ပူးပေါင်းပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း တောင်ကိုရီးယားသို့ ရောက်ရှိ

နှစ်နိုင်ငံ ပူးပေါင်း၍ အိုလံပစ် ပြိုင်ပွဲဝင်ရန်အတွက် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်းသည် တောင်ကိုရီးယားသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

၁၂ ဦး ပါဝင်သော အဖွဲ့သည် တရားဝင် ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့်အတူ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယား အမျိုးသမီး ဟော်ကီ လက်ရွေးစင်များနှင့် ပူးတွဲ လေ့ကျင့်ကြမည် ဖြစ်သည်။

Read more

မုသာဝါဒသတင်း တိုက်ဖျက်ရေး ယူနစ် ဗြိတိန်၌ ဖွဲ့စည်းထူထောင်မည်

လန်ဒန် ဇန်နဝါရီ ၂၄

ကမ္ဘာ့အခြားသော နိုင်ငံများက ပုံဖျက် သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်မှု လှုပ်ရှားချက်များကို ရင်ဆိုင်ကျော် လွှားနိုင်စေရေးအတွက် ဗြိတိန်နိုင်ငံ၌ မုသာဝါဒသတင်း တိုက်ဖျက်ရေး ယူနစ်တစ်ခုကို ဖွဲ့စည်းထူထောင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရေဇာမေ ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန် သည်။

Read more

သမ္မတသက်တမ်း ထပ်မံတိုးမြှင့်ပါက သူ့ကိုပစ်သတ်ရန် ဒူတာတေး အမိန့်ပေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နောက်ထပ်သမ္မတသက်တမ်း ထပ်မံတိုးမြှင့်မယ်ဆိုရင် သူ့ကိုပစ်သတ်လိုက်ဖို့ စစ်တပ်နဲ့ ရဲတွေကို ညွှန်ကြားခဲ့တယ်လို့ Asia Correspondent သတင်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။

“ကျုပ်ရဲ့ သမ္မတသက်တမ်း ကာလအတွင်းမှာပဲ ထိန်းချုပ်မရဖြစ်လာမယ်၊ အာဏာရှင်တယောက် ဖြစ်လာခဲ့မယ် ဆိုရင် ခင်ဗျားတို့ ကျုပ်ကို ပစ်သတ်လိုက်ပါ” လို့ သူက ပြောလိုက်တာပါ။

Read more

တရုတ်အမျိုးသားတစ်ဦး iPhone ဘက်ထရီကို သွားဖြင့်ကိုက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် iPhone ဘက်ထရီ အပိုရှာနေသော အမျိုးသားတစ်ဦးသည် ဘက်ထရီကို သွားဖြင့် ကိုက်ခဲ့ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အံ့အားသင့် တုန်လှုပ်ခဲ့ရကြောင်း Taiwan News က ဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဆိုသော ယင်းမတော်တဆ ဖုန်းဘက်ထရီ ပေါက်ကွဲသည့် ဗီဒီယိုဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

Read more

ငွေကြောင့် အသင်းပြောင်းသွားခြင်းဟု ဆန်းချက်ဇ်ကို အာစင်ဝင်းဂါး ရည်ရွယ်ပြောဆို

ဇန်နဝါရီ ၂၂၊ လန်ဒန်

အလက်ဆစ် ဆန်းချက်ဇ်သည် ငွေကြေးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းသွားခြင်း ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ် ကစားသမားအနေဖြင့် ကစားသမားဘဝ နောက်ဆုံးအဆင့်မြင့် စာချုပ်ကြောင့် အိုးထရက်ဖို့ဒ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းပင် မတတ်နိုင်ခဲ့ဟု အာဆင်နယ်နည်းပြက ဆိုသည်။

Read more

စီရိုနယ်လ်ဒို၏ လစာနှုန်းထားသစ်တောင်းဆိုမှုကို ရီးယဲလ်ပယ်ချ

တိုက်စစ်မှူး စီရိုနယ်လ်ဒို၏ လစာနှုန်းထားအသစ်ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုမှုကို ရီးယဲလ်မက်ဒရစ် အသင်းဘက်မှ ပယ်ချခဲ့ပြီးနောက် စူပါစတား တိုက်စစ်မှူးနှင့် ရီးယဲလ်အသင်းတို့ အနာဂတ်မှာ ပိုမိုဝေဝါးလာခဲ့ပြီ ဖြစ်သည်။ အသက်( ၃၂)နှစ်အရွယ် တိုက်စစ်မှူးက တစ်နှစ်လုပ်ခ ပေါင် ၃၅ သန်း (ယူရို သန်း ၄ဝ)တိုးမြှင့် ရလိုကြောင်း တောင်းဆိုထားသည်ဟု မန်တိုဒီပို့ဒီဗိုက ဖော်ပြခဲ့ပြီး ယခုလို နောက်ဆက်တွဲ သတင်းတစ်ရပ် ထပ်မံထွက်ပေါ်လာ ခြင်းဖြစ်သည်။

Read more