ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တာဝန်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တာမွေမြို့နယ်တွင် ရပ် ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတာဝန်ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးရှိ     အစည်း အဝေးခန်းမတွင်ပြုလုပ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၁၈)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၈)အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပါတီဌာနချုပ် အစည်းအဝေး    ခန်းမ (၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒု- ဥက္ကဋ္ဌများကလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကော်မတီတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ပါတီ လူငယ်ညီလာခံကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

Read more

ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် နေမာကို ခြွင်းချက်တစ်ခုနဲ့ ခွင့်ပြုလိုက်တဲ့ ပီအက်စ်ဂျီအသင်းပိုင်ရှင်

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ယမန်နေ့ကမှ ရီးရဲမက်ဒရစ်အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကစားလိုတယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာကို ရောင်းချလိုနေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ရာသီကုန်မှာ ဖလားလက်မဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် နေမာကို ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုကလည်း လာမယ့်နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရော်နယ်ဒိုမရှိတဲ့ နောက်ပိုင်းမှာ အသင်းအတွက် အားထားရမယ့် ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။

Read more

မိုနာကိုတိုက်စစ်မှူးကာရီလိုကို ပေါင် ၁၉ သန်းဖြင့် ဆောက်သမ်တန်ခေါ်ယူ

ဆောက်သမ်တန်အသင်းသည် မိုနာကိုတိုက်စစ်မှူး ဂွီဒို ကာရီလိုကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးသည် လက်ရှိရာသီတွင် ပြင်သစ်ကလပ်အတွက် ၂၂ ပွဲကစား ငါးဂိုးသွင်းထား သူဖြစ်ပြီး ဆောက်သမ်တန်နှင့် ၂၀၂၁ ထိစာချုပ်ခဲ့သည်။

Read more

ဆန်းချက်ဇ်ကြောင့် နေရာလုတိုက်ပွဲတွေ ပြင်းထန်လာမှာကို မော်ရင်ညို ပျော်ရွှင်

မန်ယူနည်းပြ မော်ရင်ညိုက ဆန်းချက်ဇ်ရဲ့တိုက်စစ်အရည်အသွေးကို မေးခွန်းထုတ်စရာ မလိုအပ်သလို၊ တိုက်စစ်အတွက် နေရာစုံမှာ ကစားနိုင်စွမ်း ရှိနေတာကြောင့် လူကာကူ၊ မာရှယ်၊ မာတာ၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်တို့အတွက် နေရာလုတိုက်ပွဲတွေ ပိုမိုပြင်းထာလာစေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မန်ယူဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သလို ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် အောင်မြင်မှု ရရှိရေးအတွက် အမြင့်ဆုံးမျှော်လင့်ချက်တွေ ရှိနေကြောင်း၊ ဒါကြောင့် ကစားသမားတွေအနေနဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြပြီး အသင်းအောင်မြင်မှု ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သတိပေးသွားခဲ့ပါတယ်။

Read more

သြစတြေးလျအိုးပင်း အမျိုးသမီးပြိုင်ပွဲတွင် ဆီမိုနာဟာလက်နှင့် ဝေါ်ဇနီယက်ကီဗိုလ်လုမည်

သြစတြေးလျအိုးပင်း ဂရင်းဆလမ်တင်းနစ်ပြိုင်ပွဲတွင်  ဆီမိုနာဟာလက်နှင့် ဝေါ်ဇနီယက် ကီတို့ နှစ်ဦးစလုံး တတိယအကြိမ် ကံကောင်းရန်နှင့် ပထမဆုံးဂရင်း ဆလမ်ချန်ပီယံဆုရရှိရန် မျှော် လင့်နေမည်ဖြစ်သည်။

Read more

တောင်ကိုရီးယားတွင် ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယား နိုင်ငံတွင် ဆေးရုံ မီးလောင်မှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မာရ်ယန်းမြို့ရှိ ဆီဂျောင် ဆေးရုံမှ အရေးပေါ်ခန်းတွင် ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက စတင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် ထိခိုက် သေဆုံးသူများကို လိုက်လံ ရှာဖွေလျက် ရှိသည်။

Read more

ပြန်လည်ပေါင်းစည်းဖို့ မြောက်ကိုရီးယား ကမ်းလှမ်း

Photo: KRT via AP Video

 

တခြားနိုင်ငံတွေ အကူအညီမပါဘဲ တောင်-မြောက်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းဖို့ အခက်အခဲအတားဆီးတွေ ကျော်လွှားသင့်ပြီလို့ ပြည်တွင်းပြည်ပက ကိုရီးယားအားလုံးအတွက် မြောက်ကိုရီးယား က ပေးပို့တဲ့ ရှားရှားပါးပါး ပါးလိုက်တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြလိုက်တယ်လို့ အစိုးရအာဘော် မီဒီယာက ပြောပါတယ်။

Read more

တူရကီစစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ တိုက်ခိုက်နေမှုတွင် အမေရိကန်တပ်များ ကြားညပ်ဖွယ်ရှိနေ

တူရကီ စစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ၏ တိုက်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့ဝင်များ ကြားညပ်မည့် အခြေအနေ ကြုံနေရကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့သည်။

ဆီးရီးယား မြောက်ပိုင်းတွင် ယခုသီတင်းပတ် အစောပိုင်းမှစ၍ တူရကီ ခြေလျင်တပ်များ ဝင်ရောက်လာပြီး ကာ့ဒ်ပြောက်ကျားတပ်ဖွဲ့ YPGကို စစ်ခင်း တိုက်ခိုက်လျက် ရှိသည်။ တူရကီ တပ်များက ဆီးရီးယားပိုင် မန်ဘစ်ဂ်ျမြို့ထိ ချီတက်သွားမည်ဟု ကြေညာထားပြီး ထိုမြို့တွင် အမေရိကန်စစ်သည် ရာဂဏန်းမျှ တပ်စွဲထားသည်။

Read more

အမေရိကန်လေယာဉ်တင် စစ်သင်္ဘောတစ်စီး ဗီယက်နမ်နိုင်ငံသို့ မတ်လတွင် လာမည်

အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲပြီးကာလအတွင်း ပထမဆုံးအဖြစ် မတ်လတွင် အမေရိကန် လေယာဉ်တင် စစ်သင်္ဘော တစ်စီး ဗီယက်နမ်သို့ လာရောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ရက်တွင် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ လေယာဉ်တင်စစ် သင်္ဘောပို့ဆောင်ခြင်းက ဗီယက် နမ်စစ်ပွဲအဆုံးသတ်ပြီး နှစ်(၄၀) ကျော်ကြာပြီးနောက် ရန်ဘက် နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှု နက်ရှိုင်းခြင်းပြသသော လက္ခဏာဖြစ်သည်။

Read more