နာဒယ်၊ မာရင်းစီလစ်နှင့် ဝေါ်ဇနီယက်ကီ သြစတြေးလျအိုးပင်းကွာတားသို့ တက်ရောက်

မဲလ်ဘုန်းမြို့တွင် ကျင်းပနေသော သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ၌ အမျိုးသား ထိပ်တန်းကစားသမားများ ဖြစ်သော စပိန်မှ ရာဖေးလ်နာဒယ်နှင့် ခရိုအေးရှားမှ မာရင်းစီလစ်တို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး အမျိုးသမီး ထိပ်တန်းတင်း နစ်မယ် ဝေါ်ဇနီယက်ကီလည်း ကွာတားအဆင့်သို့ တက်ရောက်ခဲ့သည်။

Read more

ချန်ပီယံကာကွယ်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

Photo − Aung La NsangFB

 

ရန်ကုန်မြို့၌ ယှဉ်ပြိုင်မည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် အောင်လ အန်ဆန်သည် ဇန်နဝါရီ ၁၉ ရက်က One Cham-pionship နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

Read more

ကဘူးလ်ရှိ ဟိုတယ် စီးနင်းမှုတွင် သေနတ်သမားများက နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့

ကဘူးလ်ရှိ ဟိုတယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမားများသည် နိုင်ငံခြားသားများကို အဓိကထား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်ထဲသို့ သေနတ်သမားများ ရုတ်တရက် ဝင်ရောက်လာ ပြီးနောက် တည်းခိုနေသည့် ဧည့်သည်များကို ပစ်ခတ်ခဲ့သည်။ မျက်မြင် တစ်ဦးကမူ သေနတ်သမားများသည် နိုင်ငံခြားသားများ မည်သည့်နေရာတွင် ရှိနေသည်ကို အော်ဟစ် မေးမြန်းခဲ့ကြောင်း ဆိုသည်။

Read more

အမေရိကန် မဟာမိတ် ကာ့ဒ်ပြောက်ကျားများကို တိုက်ခိုက်ရန် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စဝင်

အမေရိကန်၏ မဟာမိတ် ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တူရကီ တောင်ပိုင်း နယ်နိမိတ်နှင့် ထိစပ်နေသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ YPG ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီက စတင် တိုက်ခိုက်လာခဲ့သည်။ ကနဦး အဆင့်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို YPG၏ စစ်ဘက် အခြေစိုက် စခန်းနေရာများကို လေကြောင်းမှပါ ဗုံးကြဲခဲ့သည်။

Read more

အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း

Photo: Donald J. Trump – twitter

 

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ သောကြာနေ့က အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ငွေ ထပ်တိုး ပေးဖို့ သဘောတူညီချက် မရရှိတာကြောင့် ဌာနဆိုင်ရာလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ နာတာရှည်ရောဂါကြောင့်ဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းမှာ ဆောင်းပါးရှင် လူချမ်း က ရေးသားပါတယ်။

Read more

ကမ္ဘာတစ်ဝန်း ခေါင်းဆောင်မှုစစ်တမ်းတွင် တရုတ်က အမေရိကန်ကို ကျော်တက်

Gallup World Poll အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ အမေရိကန်ခေါင်းဆောင်မှုအပေါ် ပျမ်းမျှသဘောကျလက်ခံမှု နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး တရုတ် အတွက် ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်အပေါ် သဘောကျလက်ခံမှုနှုန်းသည် ယခင် သမ္မတအိုဘားမားလက်ထက်က ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၈ ရာခိုင် နှုန်းလျော့ကျသွားပြီး အမြဲတမ်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့ကြောင်း Gallup အဖွဲ့၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။

Read more

မက်ဆီ၏ တစ်နှစ်လစာနှုန်းအတိုင်း ရယူရန် စီရော်နယ်ဒို တောင်းဆိုထား

ရီးယဲလ်အသင်းမှ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုသည် မိမိကိုစာချုပ် သက်တမ်းတိုးရန် အသင်းထံ တောင်းဆို ထားရာတွင် ဘာစီလိုနာနှင့် မက်ဆီတို့ မကြာသေးမီက ချုပ်ဆိုသော စာချုပ်သစ်တွင် မက်ဆီရရှိသည့် တစ်နှစ် လစာနှုန်း ပေါင် ၃၅ သန်းခွဲအတိုင်း တောင်းဆိုထားပြီး မပေးနိုင်ပါက အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု စပိန် Sport သတင်းစာက ဖော်ပြသည်။

Read more

ဆီဗက်စ်တိုဗာကို အနိုင်ယူပြီး ရှာရာဗိုဗာ တတိယအဆင့် တက်ရောက်

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာ ရုရှားတင်းနစ်မယ် ရှာရာဗိုဗာက လတ်ဗီးယားက ဆီဗက်စ်တိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားပါတယ်။

၁ နာရီနဲ့ မိနစ်၂၀ လောက်ကစားခဲ့ရတဲ့ ဒီပွဲမှာ ရှာရာဗိုဗာက အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းရိုက်ချက်တွေ ကောင်းမွန်ခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။

၂၀၀၈ သြစတြေးလျအိုးပင်းချန်ပီယံ ရှာရာဗိုဗာအနေနဲ့ တတိယအဆင့်မှာ  ဂျာမနီတင်းနစ်မယ် ကာဘာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

Read more

ဥရောပ လစာအများဆုံးအသင်းစာရင်းတွင် ဘာစီလိုနာ ဦးဆောင်

ဥရောပဘောလုံး ကလပ်များသည် ၂၀၁၆ အတွင်း ကစားသမားများအတွက် လုပ်ခ လစာယူရို ၇ ဒသမ ၃ ဘီလီယံ ပေးချေခဲ့ပြီး ယင်းအသင်းများအနက် လုပ်ခလစာအများဆုံး အသင်းအဖြစ် ဘာစီလိုနာက ထိပ်ဆုံး၌ ရှိနေသည်။

Read more

အာရှအဆင့် ထိပ်တန်းစက်ဘီးစီး ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၈

အာရှအဆင့် တာဝေးစက်ဘီးစီးပြိုင်ပွဲနှင့် မသန်စွမ်းသူများ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက် မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲနှင့် ပတ် သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပသည်။ ” ဒီလိုဒေသတွင်း အဆင့်မြင့် ပြိုင်ပွဲတွေကို ကျွန်တော်တို့နိုင်ငံမှာ ဒါပထမဆုံးအဖြစ် လက်ခံကျင်းပတာဖြစ်ပါတယ်။

Read more