အာဖဂန် စစ်သင်တန်းကို တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် ကြေညာ

အာဖဂန် နစ္စတန်တွင် စစ်သင်တန်း အကယ်ဒမီ တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့မှုမှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် အကြမ်းဖက် အုပ်စုက ကြေညာခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်က ကဘူးလ်မြို့တော်ရှိ စစ်စခန်း တစ်ခုကို လက်နက်ကိုင်များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၅ ဦး သေဆုံးသည်ဟု တာဝန်ရှိသူများက ပြောကြားထားသော်လည်း အာဖဂန် အခြေစိုက် Tolo သတင်းဌာနကမူ စစ်ဘက်အရာရှိ ၁၁ ဦး သေဆုံးကြောင်း ဖော်ပြခဲ့သည်။
Read more


















