ဖိလစ်ပိုင်တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၇.၈ ရှိသော ငလျင်လှုပ်ခတ်

ဖိလစ်ပိုင်တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၇.၈ ရှိသော ငလျင်လှုပ်ခတ်
============================
ဂျာမန် မြေငလျင်သုတေသနဗဟိုဌာန(GFZ) ရဲ့ ပြောပြချက်အရ တနင်္လာနေ့ (ဇွန်လ ၈ ရက်) မှာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအလွန်မှာ ရစ်ခ်တာစကေး အဂ်အား ၇.၈ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီးတဲ့နောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ (၁၆)နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့အခမ်းအနားများပြုလုပ်

ပြည်ခိုင်ဖြိုးပါတီ (၁၆)နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့အခမ်းအနားများပြုလုပ်
========================
ဇွန်လ ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၈-၆-၂၀၁၀ ရက်နေ့တွင် ပါတီအဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ ၈-၆-၂၀၂၆ ရက်နေ့တွင် (၁၆)နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၁၆)နှစ်ပြည့်မြောက်သည့် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြပြီး ပါတီဌာနချုပ်တွင်လည်း အလံတင်အခမ်းအနားကျင်းပပြုလုပ်ခြင်း၊ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ရာ ယနေ့နံနက် ၆ နာရီအချိန်တွင် အလံတင်အခမ်းအနားအား ကျင်းပပြုလုပ်ပါသည်။

Read more

ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံတင်ပိုခဲ့ရ

ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံတင်ပိုခဲ့ရ
===============================
ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံတင်ပိုပြီး ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ ပွဲချိန်(၆၅)မိနစ်မှာ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပြီး အချိန်အနည်းငယ် သတိလစ်သွားခဲ့ကြောင်း သိရပါတယ်။

Read more

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ
============================
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၂ ရက်မှစ၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

Read more

မြဝတီတွင် အွန်လိုင်းငွေလိမ်လည်မှုဖြင့် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီးရမိ၊ ၁၅ လအတွင်း တရားမဝင်ဝင်ရောက်သူ ၁၄,၇၀၀ ကျော်အထိ ဖမ်းဆီးအရေးယူထားဟုဆို

မြဝတီတွင် အွန်လိုင်းငွေလိမ်လည်မှုဖြင့် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီးရမိ၊ ၁၅ လအတွင်း တရားမဝင်ဝင်ရောက်သူ ၁၄,၇၀၀ ကျော်အထိ ဖမ်းဆီးအရေးယူထားဟုဆို
=============================
ဇွန် ၈

Read more

အမေရိကန်စစ်သည်များသေဆုံးလျှင် အီရန်နှင့်အပစ်အခတ်ရပ်စဲရေးကို ပြန်သုံးသပ်မည်ဟုဆို

အမေရိကန်စစ်သည်များသေဆုံးလျှင် အီရန်နှင့်အပစ်အခတ်ရပ်စဲရေးကို ပြန်သုံးသပ်မည်ဟုဆို
=================================
အီရန်ကြောင့် အမေရိကန်စစ်သည်များ သေဆုံးမှုရှိလာလျှင်ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်သုံး သပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။

အမေရိကန်နှင့် အီရန်တို့ကြား အပတ်စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနေသော်လည်း ပြီးခဲ့သည့် ဧပြီလတွင် ရရှိထားသည့် အားနည်းသော အပစ်အခတ်ရပ်စဲရေးသည် လက်ရှိအချိန်အထိ တည်မြဲနေဆဲဖြစ်သည်။ မကြာသေးမီက အမေရိကန်သည် အီရန်ရှိကက်ကျွန်းကို ဗုံးကြဲတိုက်ခိုက်ချိန်၌ အီရန်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည် တိုက်ခိုက်သဖြင့် နှစ်နိုင်ငံကြား အပြင်းထန်ဆုံးသော ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာသည်။

Read more

ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ ရေပြန်ဖြည့်နိုင်သည့် ရေဘူးများ ယူဆောင်ခွင့် FIFA တားမြစ်

ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ ရေပြန်ဖြည့်နိုင်သည့် ရေဘူးများ ယူဆောင်ခွင့် FIFA တားမြစ်
=========================
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပရာ အားကစားကွင်းများအတွင်းသို့ ရေပြန်ဖြည့်နိုင်သော ရေဘူးအလွတ်များ ယူဆောင်လာခြင်းကို တားမြစ်လိုက်ကြောင်း The Athletic က ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။

Read more

အာရှ ဒုတိယအချမ်းသာဆုံးသူဌေး ဖြစ်လာတဲ့ TikTok ဘီလျံနာ

အာရှ ဒုတိယအချမ်းသာဆုံးသူဌေး ဖြစ်လာတဲ့ TikTok ဘီလျံနာ
=============================
၇ နှစ်အတွင်း ကျန်းယိမင်းရဲ့ ကြွယ်ဝမှုက ၇ ဆကျော်တောင် တက်လာပါတယ်။ လက်ရှိ အာရှအချမ်းသာဆုံး ၁၀ ဦးစာရင်းမှာတော့ တရုတ်က ၄ ဦး အိန္ဒိယ ၊ ဂျပန် နဲ့ ဟောင်ကောင်က ၂ ဦးစီ ပါပါတယ်။ အသက် ၄၃ နှစ်အရွယ် ကျန်းယိမင်းကတော့ ဒေါ်လာ ၁၁၇ ဘီလျံ ချမ်းသာတဲ့ အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ဂေါသမ် အဒါနီ ပြီးရင် အာရှအချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

Read more

စက်သုံးဆီဈေး (၇)ပတ် ဆက်တိုက်ကျဆင်း

စက်သုံးဆီဈေး (၇)ပတ် ဆက်တိုက်ကျဆင်း
===============================
ဒီဇယ်တစ်လီတာ ကျပ် ၂၂၀၀ ကျော် ကျဆင်းလာ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၇)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ တစ်လခွဲကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော်အထိ ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Read more