ONE Friday Fights 158 ၿပိဳင္ပြဲမွာ ေက်ာ္စြာဝင္းနဲ႔ ထြန္းမင္းေအာင္တို႔ရဲ႕ တြဲဆိုင္းမ်ား ပါဝင္လာ


ONE Friday Fights 158 ၿပိဳင္ပြဲမွာ ေက်ာ္စြာဝင္းနဲ႔ ထြန္းမင္းေအာင္တို႔ရဲ႕ တြဲဆိုင္းမ်ား ပါဝင္လာ
========================
လာမယ့္ေသာၾကာညမွာ က်င္းပမယ့္ ONE Friday Fights 158 ၿပိဳင္ပြဲမွာ ျမန္မာလူငယ္ဖိုက္တာႏွစ္ဦးျဖစ္တဲ့ ေက်ာ္စြာဝင္းနဲ႔ ထြန္းမင္းေအာင္တိုရဲ႕ တြဲဆိုင္းေတြ ပါဝင္ေနပါတယ္။ ၿပိဳင္ပြဲမွာ ေက်ာ္စြာဝင္းက ထိုင္းဖိုက္တာ ဆေလတန္၊ ထြန္းမင္းေအာင္က နယူးဇီလန္ဖိုက္တာ တီတပ္စ္ပ႐ိုစ္တာတိုနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရဖို႔ ရွိေနပါတယ္။ ေက်ာ္စြာဝင္းနဲ႔ ထိုင္းဖိုက္တာ ဆေလတန္တို႔က ေမြထိုင္းဘင္တန္ဝိတ္တန္း၊ ထြန္းမင္းေအာင္နဲ႔ တီတပ္စ္တို႔က ေမြထိုင္းလိုက္ဝိတ္တန္းေတြမွာ (၃) မိနစ္၊ (၃) ခ်ီ ယွဥ္ၿပိဳင္ထိုးသတ္ၾကမွာ ျဖစ္ပါတယ္။ ေက်ာ္စြာဝင္းက ONE Championship မွာ (၂) ပြဲသာထိုးသတ္ရေသးၿပီး တစ္ပြဲႏိုင္၊ တစ္ပြဲရႈးရလဒ္ရရွိထားပါတယ္။ ၿပီးခဲ့တဲ့မတ္လတုန္းက ေနာက္ဆုံးပြဲအျဖစ္ ထိုင္းနာမည္ႀကီးဖိုက္တာ ဆမ္မင္ဒမ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး အမွတ္နဲ႔ ရႈံးနိမ့္ထားတာျဖစ္ပါတယ္။ ေက်ာ္စြာဝင္းနဲ႔ ထိုးသတ္မယ့္ ထိုင္းဖိုက္တာ ဆေလတန္က အသက္ (၂၇) ႏွစ္၊ အရပ္ (၅) ေပ၊ (၇) လက္မရွိပြီး ေမြထိုင္းအေတြ႕အႀကဳံရင့္ဖိုက္တာျဖစ္ပါတယ္။ ဒါေပမဲ့ ဆေလတန္က ONE Championship မွာေတာ့ တစ္ပြဲသာ ထိုးသတ္ဖူးၿပီး ရႈးနိမ့္ထားပါတယ္။ ထြန္းမင္းေအာင္က ONE Championship မွာ (၆) ပြဲထိုးသတ္ထားၿပီး (၂) ပြဲႏိုင္၊ (၄) ပြဲရႈးနိမ့္ထားပါတယ္။ ထြန္းမင္းေအာင္က ONE မွာ ေနာက္ဆုံး (၂) ပြဲဆက္ ရႈးပြဲႀကဳံေတြ႕ထားသူျဖစ္လို အခုလာမယ့္ပြဲဟာ သူ႔အတြက္ (၃) ပြဲဆက္ ရႈးပြဲမေတြ႕ရေအာင္ ႀကိဳးစား႐ုန္းကန္ရမွာျဖစ္ပါတယ္။ အသက္ (၂၁) ႏွစ္ရွိ နယူးဇီလန္ဖိုက္တာ တီတပ္စ္က ONE Championship မွာ တစ္ပြဲသာ ထိုးသတ္ထားရေသးၿပီး ၿပိဳင္ဘက္ကို အလဲထိုးနဲ႔ အႏိုင္ရထားသူျဖစ္ပါတယ္။
ONE Friday Fights 158 ပြိုင်ပွဲမှာ ကျော်စွာဝင်းနဲ့ ထွန်းမင်းအောင်တို့ရဲ့ တွဲဆိုင်းများ ပါဝင်လာ
========================
လာမယ့်သောကြာညမှာ ကျင်းပမယ့် ONE Friday Fights 158 ပြိုင်ပွဲမှာ မြန်မာလူငယ်ဖိုက်တာနှစ်ဦးဖြစ်တဲ့ ကျော်စွာဝင်းနဲ့ ထွန်းမင်းအောင်တိုရဲ့ တွဲဆိုင်းတွေ ပါဝင်နေပါတယ်။ ပြိုင်ပွဲမှာ ကျော်စွာဝင်းက ထိုင်းဖိုက်တာ ဆလေတန်၊ ထွန်းမင်းအောင်က နယူးဇီလန်ဖိုက်တာ တီတပ်စ်ပရိုစ်တာတိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ရဖို့ ရှိနေပါတယ်။ ကျော်စွာဝင်းနဲ့ ထိုင်းဖိုက်တာ ဆလေတန်တို့က မွေထိုင်းဘင်တန်ဝိတ်တန်း၊ ထွန်းမင်းအောင်နဲ့ တီတပ်စ်တို့က မွေထိုင်းလိုက်ဝိတ်တန်းတွေမှာ (၃) မိနစ်၊ (၃) ချီ ယှဥ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ ကျော်စွာဝင်းက ONE Championship မှာ (၂) ပွဲသာထိုးသတ်ရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုးရလဒ်ရရှိထားပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းက နောက်ဆုံးပွဲအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ ဆမ်မင်ဒမ်နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ကျော်စွာဝင်းနဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ဆလေတန်က အသက် (၂၇) နှစ်၊ အရပ် (၅) ပေ၊ (၇) လက်မရှိပွီး မွေထိုင်းအတွေ့အကြုံရင့်ဖိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆလေတန်က ONE Championship မှာတော့ တစ်ပွဲသာ ထိုးသတ်ဖူးပြီး ရှုးနိမ့်ထားပါတယ်။ ထွန်းမင်းအောင်က ONE Championship မှာ (၆) ပွဲထိုးသတ်ထားပြီး (၂) ပွဲနိုင်၊ (၄) ပွဲရှုးနိမ့်ထားပါတယ်။ ထွန်းမင်းအောင်က ONE မှာ နောက်ဆုံး (၂) ပွဲဆက် ရှုးပွဲကြုံတွေ့ထားသူဖြစ်လို အခုလာမယ့်ပွဲဟာ သူ့အတွက် (၃) ပွဲဆက် ရှုးပွဲမတွေ့ရအောင် ကြိုးစားရုန်းကန်ရမှာဖြစ်ပါတယ်။ အသက် (၂၁) နှစ်ရှိ နယူးဇီလန်ဖိုက်တာ တီတပ်စ်က ONE Championship မှာ တစ်ပွဲသာ ထိုးသတ်ထားရသေးပြီး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရထားသူဖြစ်ပါတယ်။




