တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းလိမ္လည္မႈ သတိျပဳရန္အသိေပး

တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းလိမ္လည္မႈ သတိျပဳရန္အသိေပး
=============================
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္း ထြက္ရွိရန္ နီးကပ္လာခ်ိန္တြင္ “ေအာင္စာရင္း ႀကိဳၾကည့္ေပးမည္” ဟုဆိုကာ အြန္လိုင္းေပၚတြင္ လိမ္လည္လွည့္ဖ်ားမႈမ်ား ႏွစ္စဥ္ ေပၚေပါက္ေလ့ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ “ေအာင္စာရင္း ႀကိဳသိေပးမည္” ၊ “စာေမးပြဲေအာင္ေအာင္ လုပ္ေပးမည္” ၊ “ဂုဏ္ထူးရေအာင္ ကူညီေပးမည္” စသည့္ စာသားမ်ားျဖင့္ ခုံအမွတ္မ်ား ေတာင္းယူကာ ေငြေၾကး လိမ္လည္ေတာင္းခံမႈမ်ား ျဖစ္ပြားႏိုင္သျဖင့္ မိဘျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အထူးသတိျပဳၾကရန္ လိုအပ္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ အခ်ိဳ႕ေသာ လိမ္လည္သူမ်ားသည္ အေကာင့္တုမ်ား အသုံးျပဳ၍ “ၾကည့္ေပးတာ မွန္ကန္သည္” ဟု အခ်င္းခ်င္း ေထာက္ခံေရးသားကာ ယုံၾကည္မႈ ရရွိေစရန္ စနစ္တက် ေဆာင္႐ြက္ေလ့ရွိေၾကာင္းလည္း သိရသည္။
စာစစ္ဦးစီးဌာနအေနျဖင့္ မည္သည့္ ေအာင္စာရင္းၾကည့္ Application ကိုမွ် တရားဝင္ ထုတ္ျပန္ထားျခင္း မရွိေၾကာင္းႏွင့္ ျပင္ပ Application မ်ား အသုံးျပဳျခင္းသည္ ကိုယ္ေရးအခ်က္အလက္ လုံၿခဳံေရးအတြက္ အႏၲရာယ္ရွိႏိုင္ေၾကာင္း သတိေပးထားသည္။
ေအာင္စာရင္းမ်ားကို တရားဝင္ Website မ်ားမွသာ ထုတ္ျပန္ေပးမည္ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔၏ ခုံအမွတ္ျဖင့္ တိုက္႐ိုက္ ရွာေဖြၾကည့္ရႈႏိုင္ရန္ result.dme.gov.mm ဝက္ဘ္ဆိုက္တြင္ လႊင့္တင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မိဘျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ေအာင္စာရင္းႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကို တရားဝင္ Website မ်ားမွသာ ေစာင့္ၾကည့္ၾကရန္ႏွင့္ အြန္လိုင္းေပၚရွိ မသမာသူမ်ား၏ လိမ္လည္မႈမ်ားကို သတိျပဳၾကရန္ တိုက္တြန္းထားသည္။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းလိမ်လည်မှု သတိပြုရန်အသိပေး
=============================
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်း ကြိုသိပေးမည်” ၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်” ၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များ တောင်းယူကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် အချို့သော လိမ်လည်သူများသည် အကောင့်တုများ အသုံးပြု၍ “ကြည့်ပေးတာ မှန်ကန်သည်” ဟု အချင်းချင်း ထောက်ခံရေးသားကာ ယုံကြည်မှု ရရှိစေရန် စနစ်တကျ ဆောင်ရွက်လေ့ရှိကြောင်းလည်း သိရသည်။
စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် Application ကိုမျှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ပြင်ပ Application များ အသုံးပြုခြင်းသည် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။
အောင်စာရင်းများကို တရားဝင် Website များမှသာ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်ရန် result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တရားဝင် Website များမှသာ စောင့်ကြည့်ကြရန်နှင့် အွန်လိုင်းပေါ်ရှိ မသမာသူများ၏ လိမ်လည်မှုများကို သတိပြုကြရန် တိုက်တွန်းထားသည်။




